အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
ရှန်ချန်သည် ထိုစကားကို ကြားလိုက်ချိန်၌
ရှန်ယွဲ့က သူ့အား နှစ်သိမ့်ပေးနေသည်ဟုသာ ထင်လိုက်လေသည်။ သူ့မျက်ရည်များကို သုတ်လိုက်ပြီး ရှန်ချန်သည
ရှန်ယွဲ့ကို ချစ်ခင်မှုဖြင့် ပြုံးပြလိုက်တော့သည်။
“ ဘာပဲဖြစ်ဖြစ်ပါ ၊ အစ်မ၊ ငါနင့်ကို တကယ်
ကျေးဇူးတင်တယ်”
ဆိုင်ဝန်ထမ်းက ဖိနပ်ယူလာသည်ကို
မြင်လိုက်ပြီးနောက် ရှန်ယွဲ့သည် ရှန်ချန်ကို စမ်းဝတ်ကြည့်ဖို့
တိုက်တွန်းလိုက်သေးသည်။
“ နင် ဒါကို ဝယ်သင့်တယ်နော်၊ နောက်ပိုင်း
နင့်ခြေထောက်တွေ ပြန်ကောင်းသွးရင် ဘတ်စကတ်ဘောကစားဖို့ ဒါကို စီးလို့ရတာပေါ့”
ရှန်ယွဲ့၏ စေတနာကို မငြင်းပယ်နိုင်တော့ဘဲ
ရှန်ချန်သည် အရင်ကတည်းက သူ တောင့်တနေသည့် အနက်နှင့်ရွှေရောင်စပ်ထားသည့်
အားကစားဖိနပ်ကို ယူလိုက်တော့သည်။ ဂရုတစိုက် စီးကြည့်ပြီးနောက် နှစ်လှမ်းလောက်
စမ်းလျှောက်ကြည့်လိုက်၏။
“ အရမ်း သက်တောင့်သက်သာဖြစ်တာပဲ”
“ နင်က သက်တောင့်သက်သာရှိတယ်ဆိုတော့
ငွေရှင်းလိုက်တော့မယ်”
ရှန်ယွဲ့သည် ငွေချေလိုက်ပြီး တက်စီတစ်စီးငှားကာ
ပစ္စည်းတစ်ပုံတစ်ပင်နှင့် အိမ်ပြန်လာတော့သည်။
သူတို့ အိမ်ပြန်ရောက်လာချိန်၌ ကျန်မိသားစုများက
ပြန်မရောက်ကြသေးချေ။ ရှန်ယွဲ့သည် ရှန်ချန်၏ခြေထောက်ကို ကုပေးရန် စဥ်းစားလာခဲ့ရာ
သူမသည် ဖုန်းနှင့် အိမ်ထဲမှ တစ်ယောက်ထဲ ထွက်လာခဲ့တော့သည်။ သူမ တစ်ယောက်ထဲ
ဖြစ်သွားချိန်၌ ဖုန်းတစ်ခုကို ခေါ်လိုက်တော့သည်။
“ ဟယ်လို ဟွမ်ရို့လား”
ခန္ဓာကိုယ် နှစ်ပိုင်းဖြစ်သွားလျှင်တောင် ရှန်ချန်၏ခြေထောက်ကို
ကုပေးနိုင်သည့်ဟု ပြောခဲ့သည့် ဆရာဝန်မှာ အမှန်တော့ သူမကို ကိုယ်တိုင်ပင်။
ကမ္ဘာ့နံပါတ်တစ် လုပ်ကြံသူဖြစ်သည့်အပြင်
သူမ၏တခြား သရုပ်မှာ ထိပ်တန်းဆေးပညာစွမ်းရည်နှင့် သေသူကိုတောင်ပြန်ရှင်အောင်
လုပ်ပေးနိုင်သည့် စွမ်းရည်ရှိသည့် ကမ္ဘာနံပါတ်တစ် သရဲဆရာဝန် ဖြစ်လေသည်။ သူမ၏သည်
သရုပ်ကို သိသူက မရှိသလောက်ပင်။ မိုးထိအောင်မြင့်သည့် ဆွေးနွေးခမရလျှင် သူမသည်
အိမ်တိုင်ရာရောက် ကုသမှုကို အလွယ်တကူမလုပ်ပေးချေ။
ဟွမ်ရို့သည်
မှောင်ခိုစျေးကုန်သည်တစ်ယောက်ဖြစ်ပြီး အစောင့်ကြပ်မစ်ရှင်တစ်ခုအတွင်း ရှန်ယွဲ့က
သူနှင့် တွေ့ဆုံးခဲ့ခြင်းဖြစ်သည်။
အပေါ်ယံတွင်တော့ သူသည် လမ်းဘေးက ခုံတန်းလေးတစ်ခုတွင် ထိုင်နေတတ်သည့် အဖိုးကြီးတစ်ယောက်
ဖြစ်သည်။ လက်တွေ့တွင်တော့ သူ့တွင် မရေတွက်နိုင်လောက်သည့် မှောင်ခိုစျေးကွက်နှင့်
ကျယ်ပြန့်သည့် အဆက်အသွယ်ကွန်ယက်ကြီး တစ်ခု ရှိသည်။
ရှန်ယွဲ့ သူ့ကို ဖုန်းခေါ်ရသည့်
အကြောင်းအရင်းမှာ ရှန်ချန်၏ခြေထောက်ကို ကုသရန် အရေးအကြီးဆုံး ပါဝင်ပစ္စည်းဖြစ်သည့်
သွေးပုလဲ ကို တောင်းဆိုဖို့ရန် ဖြစ်လေသည်။
ဖုန်းတစ်ဖက်တွင် အဖိုးကြီးတစ်ယောက်သည်
စီးကရက်ကို ပြာကို ပုတ်ချလိုက်ပြီး ရှရှတတ လေသံဖြင့် ပြန်ဖြေလာသည်။
“ ငါပဲ၊ အယ်... ဒါက ငါ့သီးသန့်ဖုန်းနံပါတ်ပါ၊
မင်းက ဘယ်သူလဲ၊ မင်းပုံက ငါ့အသိတစ်ယောက်နဲ့လည်း မတူပါဘူး”
ရှန်ယွဲ့သည် အရင်က ဟွမ်ရို့နှင့်
အလွန်ရင်းနှီးသည့် ခင်မင်မှုတစ်ခုရှိခဲ့သော်လည်း လက်ရှိတွင်တော့ သူမသည်
သူမ၏ပြန်လည် မွေးဖွားလာသည့်ကိစ္စကို စောစောစီးစီး မဖော်ထုတ်ချင်သေးပေ။ သူမ
တစ်ခွန်းသာပြောလိုက်တော့သည်။
“ ငါ့ကို ပုလဲသွေးလို့ခေါ်တဲ့ ဆေးပင်တစ်ပင်
ရှာပေး၊ မြန်လေ ကောင်းလေပဲ”
စီးပွားရေး အကြောင်း ဆွေးနွေးသည့်ကိစ္စ
ကြားလိုက်ချိန်၌ ဟွမ်ရို့၏မျက်လုံးများသည် စဥ်းလဲစွာ ကျဥ်းမြောင်းသွားတော့သည်။
သူ့မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ပြုံးလိုက်လေသည်။
“ သွေးပုလဲ လား၊ ဒါက ရှာဖို့ မလွယ်ဘူး၊ သူက
ဆယ်စုနှစ်တစ်ခုလောက်မှ တစ်ခါပဲ ပေါ်တာ၊ ဂရမ် ပမာဏ သေးသေးလေးကတောင့် ယွမ်သန်းချီ
ရှိတယ်”
ဟွမ်ရို့သည် ခေါင်းစဥ်ပြောင်းလိုက်ပြီး
စိတ်ဆွပေးလေတော့သည်။
“ ဒါပေမယ့် လက်ထဲမှာတော့ တစ်ခု ရှိတယ်၊ ဒါကို
လိုချင်တဲ့သူတွေက အများကြီးဖြစ်နေတာပဲ၊ ပြီးတော့ ငါ ဘယ်သူ့ကို ရောင်းလိုက်ရမလဲ
မသိဘူး၊ သူဌေးရေ ခင်များ ဒီထူးဆန်းတဲ့ ဆေးပင်ကို ဘာလို့ လိုတာလဲဆိုတာ ငါမသိဘူး၊
အရေးကြီးတယ်ဆိုရင်တော့ ငါ ကူညီနိုင်မှာပါ”
သည်အတွေ့အကြုံးမျိုးကို
တွေ့ကြုံဖူးခဲ့ပြီးဖြစ်ရာ ရှန်ယွဲ့သည် ထိုစကားများကို လစ်လျူရှုထားလိုက်ပြီး
အေးစက်စက် ပြောလိုက်တော့သည်။
“ ငါ့ကိုပဲ ပေးလိုက်ပါ၊ ငါ မင်းကို စျေးမဆစ်ဘူး၊
အရင်ဆုံး စရံပေးထားမယ်၊ ရက်နည်းနည်းကြာရင်ဆေးကို ကိုယ်တိုင်လာယူမယ်”
ကိုယ်တိုင်လာယူမည်ပြောလိုက်ခြင်းက ရှန်ယွဲ့သည်
သူ့တည်နေရာအစစ်ကို သိထားပြီး သူ့အကြောင်း သေချာသိထားသည်ဟူသည့် သဘောပင်။
အခိုက်တန့်အတွင်း ဟွမ်ရို့မှာ အနည်းငယ်လန့်သွားတော့သည်။ သူသည် ရှန်ယွဲ့ကို
လိမ်လည်မည့် စိတ်ကူးကိုလည်း ဖယ်ထုတ်လိုက်တော့သည်။
“ မင်း....”
ထိုသို့ပြောလိုက်ပြီးနောက် ရှန်ယွဲ့
ဖုန်းချလိုက်ကာ လက်ထဲကျန်သည့် ယွမ် ၈သိန်းကျော်ကို လွဲပေးလိုက်တော့သည်။
မှောင်ခိုစျေးကွက် ကုန်သည်များသည် ငွေကို
တန်ဖိုးအထားဆုံးဖြစ်သည်။ သူသည် ယွမ်၈သိန်းကို ချက်ချင်းလွဲပေးလိုက်၏။ ဟွမ်ရို့
ဆွဲဆောင်မခံရဘူးဟု သူမ မယုံချေ။ ဆေးဝါးကိစ္စများကို ဖြေရှင်းပြီးနောက် မူလက ယွမ်
တစ်သန်းရှိခဲ့သည် အကောင့်မှာ တစ်ဖန် ပြောင်သွားတော့သည်။ ယခု သူမသည် ပုလဲသွေအတွက်
ငွေချေပေးရန် ရှိသေးသည်။ ငွေချက်ချင်းရှာရမည့် ဖိအားမှာ ချက်ချင်း တက်လာတော့သည်။
ရှန်ယွဲ့သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ငွေထပ်ရှာနိုင်မည့် နည်းလမ်းကို
စဥ်းစားလိုက်တော့သည်။
ဘယ်လိုငွေမျိုးက အာရုံအရမ်းစိုက်မခံရဘဲ
တရားဝင်ငွေရှာနိုင်မယ့် နည်းလမ်းဖြစ်မလဲ။ ငွေရှာဖို့ ငါလေး အရင်နည်းလမ်းကိုပဲ
သုံးပြီး ကျိုးယန်ကို လူချမ်းသာတွေကို ရွေးလိုက်ရင်ကောင်းမလား။
ရှန်ယွဲ့ လမ်းပေါ်တွင် လျှောက်လာရင်း
စဥ်းစားနေတော့သည်။ မော့ကြည့်လိုက်ချိန်၌ သူမ၏မျက်လုံးများကို ဝင်းလက်သွားစေမည့်
လက်ကမ်းစာစောင်တစ်ခုကို တွေ့လိုက်ရတော့သည်။
“ သောကြာနေ့ညနေ၊ ဖုန်းယဲ့တောင်ခြေမှာ
ကားပြိုင်ပွဲတစ်ခုရှိတယ်၊ အနိုင်ရသူက ယွမ်၂သန်းရပါမယ်၊ ကျွန်တော့်ကို
စိန်ခေါ်နိုင်မယ့် အဆင့်မြင့် စွမ်းရည်ရှိတဲ့ စိတ်အားထက်သန်သူတွေကို စိတ်ရင်းနဲ့
ဖိတ်ခေါ်ပါတယ်”တဲ့။
သောကြာနေ့ဟုတ်လား။ ဒီနေ့ မဟုတ်လား။ ဒါဆို ငါလေး
ကျိုးယန်နှစ်ယောက်စာနဲ့ ညီတဲ့ ယွမ်၂သန်းကို တစ်ခါထဲ ရှာနိုင်တော့မှာပဲ။
ရှန်ယွဲ့သည် ချက်ချင်း ဝမ်းသာသွားတော့သည်။
နေဝင်တော့မည်ကို တွေ့လိုက်ရပြီး သူမသည် တက်စီတစီးကို မြန်မြန်တားလိုက်ကာ
မြို့ပြင်က ဖုန်းယဲ့တောင်ဆီသို့ အလျင်စလို သွားလိုက်လေတော့သည်။
....
No comments:
Post a Comment