ဇာတ်အဖွင့်
ရန်လျန်သည် ဆပ်ပြာမြုပ်များဖုံးလွမ်းနေသည့်
ရေချိုးကန်ထဲမှ လှမ်းထွက်လိုက်ပြီး ကိုယ်ကို တဘက်နှင့်ပတ်ကာ ရေချိုးခန်းမှ
ထွက်လာသည်။
သူမသည် အထဲတွင် အချိန်တော်တာ်ကြာအောင် နေလိုက်သည်။
ယောက်ျားတစ်ယောက်သည် အိပ်မောကျနေဆဲ။
သူမသည် အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး
ထိုယောကျ်ား၏မျက်နှာကို လှမ်းထိလိုက်၏။ သူ နိုးမလာချေ။
ထိုယောက်ျားသည် ခပ်ညိုညိုအသားအရေရှိပြီး
လှပသည့်လက်ချောင်းများပိုင်ဆိုင်ထားသည့် undergroundဘားတစ်ခုက DJ
တစ်ယောက်ဖြစ်ကာ အပြုံးချိုချိုလေးတစ်ခု ပိုင်ဆိုင်ထားလေသည်။ သူမသည် သည်လူအပေါ်
အနည်းငယ်သဘောကျမိသည်ဟု ခံစားမိလိုက်သော်လည်း သူအိပ်နေသည့်ပုံကို သေသေချာချာ
လေ့လာကြည့်လိုက်ပြီးနောက် သည်မျက်နှာသည် အလွန်ထူးဆန်းသည်ဟုသာ ခံစားမိတော့သည်။
ရုတ်တရက်ဆိုသလို ကြောက်လန့်ဖွယ်အရိပ်အယောင်တစ်ခုကို
ခံစားလိုက်ရလေသည်။
သူမသည် အဝိုင်းပုံခုတင်တစ်ခုပါသည့် အကောင်းဆုံးဆွိဟော်တယ်ခန်းတစ်ခုတွင်
ရောက်နေပြီး အဝတ်အစားများက ဟိုဟိုသည်သည် ပြန့်ကျဲနေသည်။ ရန်လျန်သည် ထရပ်လိုက်ပြီး
အဝတ်ပုံများကြားမှ သူမ၏အဝတ်အစားကို ရှာလိုက်ကာ ဝတ်လိုက်၏။ ပိုက်ဆံအိပ်ထဲမှ
ပိုက်ဆံတစ်ချို့ကို ထုတ်လိုက်ပြီး အိမ်ရာဘေးစားပွဲပေါ်တွင်
အထပ်လိုက်တင်ထားလိုက်သည်။
သူမသည် ဟော်တယ်ခန်း၏တံခါးဆီသို့ လျှောက်သွားလိုက်ပြီး
တံခါးကို ဆွဲဖွင့်ရန် ကြိုးစားလိုက်သည်။ ရုတ်တရက်ဆိုသလို တံခါး၏ကျောဘက်တွင်
မှန်တစ်ချပ်ကို မြင်လိုက်ပြီး ရပ်လိုက်လေတော့သည်။
အသက်ဝိဉာဥ်မပါသည့် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်။
မှန်ထဲမှ သူမကို စိုက်ကြည့်နေသည့် မျက်ဝန်းအစုံသည် ခံစားချက်ကင်းမဲ့လျက်....
....................
သူမ အိမ်သို့ပြန်ရောက်ချိန်တွင် မနက်အစောကြီး ရှိသေးသည်။
အိမ်အကူနှစ်ယောက်သည် လူသစ်များဖြစ်ကြသည်။ သူတို့သည်
သခင်မနှင့် သခင်တို့ကြားက ပူလိုက် အေးလိုက်ဆက်ဆံရေးကို သတိထားမိကြသော်လည်း
သူတို့ကို တွေ့သည့်အချိန်အတိုင်း သူမကို တရိုတသေဖြင့် သခင်မဟု ခေါ် ကြလေသည်။
သူမသည် ကားဂိုဒေါင်ထဲသို့ ကိုယ်ထည်တစ်ဝက်ရောက်သည်အထိ
နောက်ဆုတ်လိုက်၏။ အစေခံမလေးက သူမကားဆီ အပြေးရောက်လာကာ “ သခင်မ သခင်ကြီးက
ဧည့်ခန်းထဲမှာ စောင့်နေတယ်”
“ သိပြီ”
ရန်လျန် စကားအဖြစ်သာပြောလိုက်သော်လည်း ကားထိုးပြီးသည်နှင့်ချက်ချင်း
ဂိုဒေါင်၏ဘေးလှေကားမှတစ်ဆင့် အခန်းထဲသို့ပြန်လာကာ အိပ်ရာတန်းဝင်လိုက်တော့သည်။
အိပ်ချင်မူးတူးဖြစ်နေရင်း ဖုန်းက တုန်လာသည်။ ရန်လျန် ဖုန်းကို
ဟိုစမ်းသည်စမ်းဖြင့် ထုတ်ကြည့်လိုက်၏။ သူစိမ်းနံပါတ်တစ်ခုဆီမှ စာတိုများ အတန်းလိုက်ကျလာလေသည်။
“ ငါက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပါ၊
မိန်းမတစ်ယောက်ဆီက ဘယ်လိုလုပ်ပြီး ငွေလက်ခံနိုင်မှာလဲ၊ ငါတို့
ဘာမှမလုပ်ခဲ့တာဆိုတော့ ပြောနေစရာတောင်မလိုဘူးလေ”
ရန်လျန်သည်
သူတို့ဖုန်းနံပါတ်အချင်းချင်းလဲခဲ့သည့်အချိန်ကို သေသေချာချာ
ကြိုးစားစဥ်းစားလိုက်၏။ လုံးဝမမှတ်မိချေ။ ရုတ်တရက်ဆိုသလို တံခါးဖွင့်သံ
ကြားလိုက်ရ၏။ ဖုန်းကို အိပ်ရာဘေးစားပွဲပေါ် ပုံမှန်အတိုင်း ပြန်တင်ထားလိုက်ပြီး
မျက်လုံးများကို ပိတ်ကာ အိပ်ချင်ဟန်ဆောင်လိုက်တော့သည်။
***
ခြေသံများနီးလာသည်ကို ကြားမိနေသည်။
စောင်ကို မ,လိုက်သည်ကို ခံစားလိုက်ပြီးနောက်
အိပ်ရာပေါ်သို့ သူထိုင်ချလိုက်သည်နှင့် အိပ်ရာသည် အိကျသွားတော့သည်။
ရန်လျန်သည် အလွန်ပင်ပမ်းနေပြီး အိပ်ရန်
တစ်ဖက်သို့လှည့်လိုက်တော့သည်။
ထိုယောက်ျားသည် အိပ်ရာပေါ်တွင် ထိုင်ရင်း သူမ
တစ်ဖက်သို့လှည့်သွားသည်ကို ကြည့်နေ၏။ ရန်လျန်သည် စောင်ကိုခွာလိုက်သော်လည်း သူမဘေးက
ကျန်ခဲ့သည့် အနွေးဓာတ်ကို ခံစားမိနေသည်။
သူသည် ထောင့်က ရှေးဟောင်းနာရီကို လှည့်ကြည့်လိုက်၏။ မနက်
၂နာရီ ။
သူ့ဇနီးသည်သည် အိမ်တွင် မရှိသည့်အချိန်က ပိုများလာသည်။
သို့သော် သူ ထိုအကြောင်းကို တွေးလိုက်သည်နှင့် တပြိုင်နက် ဒေါသဖြစ်မသွားဘဲ
အနားသို့တိုးသွားကာ သူမကို စောင်ခြုံပေးလိုက်လေသည်။
သည်အခိုက် မိန်းမ၏လည်တိုင်ဖြူဖြူလေးပေါ်တွင် အညိုကွက်တစ်ခုကို
မြင်သွားတော့သည်။
***
ရန်လျန်သည် ထိုယောက်ျား၏ ဒေါသတကြီး ဖမ်းဆွဲခံလိုက်ရပြီးနောက်
သူမ၏ဆံပင်ကို အားဖြင့်ဆောင့်ဆွဲ ခံလိုက်ရတော့သည်။
သူမသည် ထိုယောက်ျား ဖမ်းဆုပ်ထားသည့် သူမ၏လက်ကောက်ဝတ်ကို
ပြန်ဆွဲလိုက်ရာ သူသည်သူမကို ပြန်ဆွဲလိုက်သော်လည်း နောက်သို့ တွန်းထုတ်ပြန်လိုက်၏။
သူမ ကုတင်ပေါ်သို့ အားဖြင့် ပစ်ကျသွားပြီး ခုတင်ဘေးက မီးအိမ်ကို တိုက်ချမိသွားတော့သည်။
ကြမ်းပြင်ပေါ်သို့ကျသွားသည့် ပြန့်ကျဲနေသည့်
မီးရောင်များကြား သူ သူမအား ပါးရိုက်တော့မည်ကို ရန်လျန်
ခပ်ရေးရေးမြင်လိုက်သော်လည်း လှုပ်ရှားမှုသည် လမ်းတစ်ဝက်တွင်ရပ်သွားကာ
ထိုအခိုက်အတန့်အတွင်း သူ့အသိစိတ်များ ပြန်ကပ်သွားသည့်နှယ်။ သူသည် ရပ်လိုက်ပြီး
ခဏအကြာ သူမ၏မေးစေ့ကို အသာအယာပင့်လိုက်ကာ “ ဒီမှာ... မင်း ဒီည ဘယ်သွားခဲ့တာလဲ၊
သန့်ရှင်းရေးလုပ်ပြီးမှ ပြန်လာရမယ်ဆိုတာ မသိဘူးလား”
ချစ်ကျွမ်းဝင်သည့်အပြုအမူတစ်ခုဖြင့် သူ့အသံကို ထိန်းချုပ်ထားလေသည်။
ရန်လိုမှုက ချစ်ကျွမ်းဝင်မှု အပြောင်းလဲသည် အလွန်မြန်ဆန်၏။ ထိုအခြင်းအရာကို
မြင်လိုက်ပြီးနောက် ရန်လျန်သည် အခိုက်တန့် အံ့ဩသွားပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ “
ကျွန်မ ပင်ပမ်းနေပြီ၊ ထွက်သွားတော့”
“ထွက်သွားဟုတ်လား” သူသည် သူမကို
မတန်မရာအကြည့်တစ်ခုဖြင့်ကြည့်လိုက်ပြီး တစ်ချိန်ထဲတွင် သူ့လက်များသည်
သူမ၏ရင်ဘတ်ဆီသို့ ရွေ့လျားအသွား -
ရန်လျန်၏ကော်လံကို ဆွဲဖြဲလိုက်၏။
ရန်လျန်သည် သူ့လက်ကို တားဖို့ကြိုးစားလိုက်သော်လည်း
အချည်းနှီးပင်။ သူသည် သူမ၏ခန္ဓာကိုယ် အပေါ်ပိုင်းကို လွယ်လွယ်ကူကူပင့်လိုက်ပြီး
သူမကျောပြင်သည် အိပ်ရာနှင့်ထိသွားတော့သည်။
သူ့ပုံက သူမကို လည်ပင်းညစ်သတ်လိုသယောင်။ သို့သော် အားကို
ထိန်းချုပ်ထား၏။ သူမ၏မျက်နှာကို ဘေးသို့ ဆွဲလှည့်လိုက်ပြီး သူမ၏လှည်တိုင်ကို
ဖော်လိုက်လေသည်။ သူသည် တုံ့ဆိုင်းမနေတော့ဘဲ ငုံ့ကာ ခပ်ပြင်းပြင်း ကိုက်လိုက်ပြီး
ထိုနေရာတွင်ရှိနေသည့်အညိုကွက်ကို ရက်ရက်စက်စက် ဖုံးကွယ်လိုက်လေသည်။
ရန်လျန်သည် သူမ၏လက်ကောက်ဝတ်နှင့် မေးစေ့တို့ကို
လွတ်သွားအောင် ကြိုးစားနေရင်းမှ အသံကုန် အော်ဟစ်လိုက်လေသည်။
“ကျန်းယွိနန် ရှင် ကျွန်မကို သတ်နေတာလား”
ကျန်းယွိနန်သည် သူမ၏လည်တိုင်ကို လွှတ်ပေးလိုက်ပြီး
အခြေအနေမှာ အေးစက်လျက်။ ခန့်ညားသည့်ဟန်ပန်ဖြင့် ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“ ငါက ဥပဒေကို လိုက်နာတဲ့နိုင်ငံသားတစ်ယောက်ပါ မင်းကို
ဘယ်လိုလုပ်သတ်နိုင်မှာလဲ၊ ဒီလိုသက်သေလုပ်ပြီး ကျိုးချန်းကို
ထောင်ချနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့”
ထိုစကားကြောင့် သူမ၏မျက်လုံးများသည်
ဝိုင်းစက်သွားပြီး....
ရုတ်တရက်ဆိုသလို စကတ်ကို
ဆွဲဖြဲလိုက်သံ ထွက်ပေါ်လာတော့သည်။
🌺
No comments:
Post a Comment