အပိုင်း (၃၆) လောင်းရဲလား
ဖုန်းယဲ့တောင်ခြေတွင်
လူချမ်းသာ ခလေးတစ်သိုက်သည် စုဝေးနေကြပြီး ပျော်ပျော်ရွှင်ရွှင်
စကားပြောဆိုနေကြလေသည်။ သူတို့ဘေးတွင်တာ့ စျေးကြီးကာ သစ်လွင်သည့် ပြိုင်ကားများ
ရှိနေသည်။
သည်ပြိုင်ပွဲ၏
အဓိကဇာတ်ကောင်မှာ နေကာမျက်နှာဝတ်ထားပြီး ထိပ်တန်းbraneded
အဝတ်အစားကို ဝတ်ကာ လူအုပ်ကြီးအလယ်တွင် ရပ်နေသည့် တုန်းယန် ဆိုသူပင် ဖြစ်တော့သည်။
သည်အခိုက်တွင် သူသည် ဘေးက လူချမ်းသား ဒုတိယမျိုးဆက် ခလေးများ၏ မြှောက်လုံးများကို
ဂုဏ်ယူကာ နားထောင်နေ၏။
ဖယ်ဒရေးရှင်း
မြို့တော်က ထိပ်တန်းလူချမ်းသာမိသားစု၏ သခင်လေးဖြစ်သူ တုန်းယန်နှင့်ယှဥ်လျှင် Sမြို့က သာမန်ဒုတိယ မျိုးဆက်ခလေးများသည် သာမန်မျှသာဖြစ်၏။ သူတို့အားလုံးသည်
ထိပ်တန်း အထက်တန်းလွှာအသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရန် တုန်းယန်ကို
ကပ်ဖားနေကြတော့သည်။
သည်အချိန်တွင် Sမြို့တော်ဝန်၏သား ဟန်ရဲ့က မျက်နှာလိုမျက်နှာရ ပြုံးကာဖြင့်
“ သခင်လေးတုန်း
အရမ်းနောက်ကျနေပြီ၊ မင်း စိန်ခေါ်သူ ၃ယောက်ကို အနိုင်ယူပြီးပြီဆိုတော့ Sမြို့မှာ ဘယ်သူမှ မင်းထက်သာတဲ့သူ ရှိတော့မှာမဟုတ်ဘူးလို့ ငါ ယုံတယ်”
Sမြို့၏ လူချမ်းသာ
ဒုတိယမျိုးဆက် အမွေဆက်ခံသူများသည် တုန်းယန်နှင့် ခင်မင်လာရန်အတွင်
ပြိုင်ကားစိတ်ဝင်စားသူ တစ်ယောက်ချင်းပြိုင်ပွဲ အမည်ဖြင့် ကားပြိုင်ပွဲတစ်ခု
လုပ်ခဲ့ခြင်းဖြစ်သည်။ တုန်းယန်သည် ကားပြိုင်ခြင်းတွင် အလွန်ယုံကြည်မှုရှိလေသည်။
လက်တစ်ဖက်ကို ဝေ့ယမ်းကာ သူ့နှင့် လာပြိုင်ရန် လူများကို ဆွဲဆောင်ဖို့အတွက်
ဆုငွေယွမ် ၂သန်းကို သတ်မှတ်လိုက်၏။
ဆုငွေသည် ယွမ်
၂သန်းဖြစ်သော်လည်း ကားပြိုင်ပွဲသည်
လူချမ်းသာများသာ ကစားနိုင်သည့် အားကစားတစ်ခုမှန်း ပြိုင်ကွင်းတွင်
ရှိနေကြည့်လူတိုင်းက ကောင်းကောင်း သိကြလေသည်။ သူတို့ကိုယ်သူတို့ ပျော်ရွှင်အောင်သာ
နေတတ်ကြသည့် ဒုတိယမျိုးဆက် လူချမ်းသာ တသိုက်ကြားတွင် တုန်းယန်ကို
ယှဥ်နိုင်မည့်မရှိချေ။
သည်ပြိုင်ပွဲ၏
အနိုင်ရသူမှာ တုန်းယန်သာ ဖြစ်လိမ့်မည်။ ကျန်လူများသည် တုန်းယန်ကို အဖော်ပြုပြီး
သူ့ကို ပျော်အောင်လုပ်ပေးဖို့သာ ရှိနေကြခြင်းပင်။
ဟန်ရဲ့
စကားဆုံးသွားသည်နှင့် တပြိုင်နက် ကပ်ဖားရပ်ဖားလေသံများသည် တစ်ယောက်တစ်ပေါက်
ထွက်လာကြတော့သည်။
“ ဟုတ်တယ်၊
သခင်လေတုန်းရဲ့ ကားပြိုင်စကေးက လုံးဝ ပြိုင်ဖက်ကင်းပဲ၊ အရမ်း အံ့ဩဖို့ကောင်းတယ်”
လက်တစ်ဖက်တွင်
ရင်သားဖွံ့ထွားသည့် အလှမယ်လေးတစ်ယောက်ကို ဖက်ထားပြီး တုန်းယန်သည် အားလုံး၏
ချီးကျူးစကားများကို နားထောင်ရင်း အလွန်ပီတိဖြာနေတော့သည်။
“ ငါ
ပြောပြီးပြီပဲလေ၊ ငါ့ရဲ့ ကားပြိုင်စကေးက ပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင်တွေထပ်
မနိမ့်ပါဘူးဆို၊ ဒီSမြို့ တစ်ခုလုံးမှာ ဘယ်သူမှ ငါ့ကို
မနိုင်ပါဘူး”
ဟန်ရဲ့သည်
ထိုစကားကို ကြားလိုက်ချိန်တွင်တော့ တုန်းယန်ကို ဘဝင်ခိုက်သွားအောင် ဘေးကလူများကို
ဦးဆောင်ကာ လက်ခုပ်လက်ဝါးတီးလိုက်ချိန်၌ လူအုပ်ကြီးနောက်မှ အသံတစ်ခု ရုတ်တရက်
ထွက်လာလေသည်။
“ ဘာလဲ
ပွဲပြီးသွားပြီလား”
တဆက်ထဲမှာပင်
ဝတုတ်တုတ်ကောင်မလေးတစ်ယောက်က လူအုပ်ကြီး၏အလယ်မှာ တိုးဝေ့ထွက်လာလေသည်။
ရှန်ယွဲ့သည်
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တုန်းယန်ကို ချက်ချင်း စိုက်ကြည့်လိုက်ကာ
“ ငါ နင်နဲ့
နှစ်ချင်းပြိုင်ပွဲမှာ နိုင်ခဲ့ရင် ယွမ် ၂သန်းရမှာလား၊ ငါ ပြိုင်မယ်”
ရှန်ယွဲ့၏
တနည်းနည်းဖြင့် ရယ်စရာကောင်းနေသည့် အသွင်ကို ကြည့်လိုက်ပြီး တုန်းယန်က အထင်သေးကာ
အော်ရယ်တော့သည်။ “ မင်းကလား၊ ငါက လူတိုင်း စိန်ခေါ်လို့ရတဲ့ သူမဟုတ်ဘူးနော်”
“ မင်းဘယ်ကလာတာလဲ၊
မင်းအတွက် ဘာကကောင်းတယ်ဆိုတာ သိရင် ထွက်သွားလိုက်တော့”
ဟန်ရဲ့သည်
ရှန်ယွဲ့၏လုံးဝ မရင်းနှီးသည့် ရုပ်ဖြစ်နေပြီး လူချမ်းသာ ဒုတိယမျိုးဆက် မဟုတ်မှန်း သိလိုက်ရလေသည်။
သူသည် ရှန်ယွဲ့ကို ချက်ချင်း မောင်းထုတ်ပစ်ချင်နေလေသည်။
“ ဟား ဟား ဟား နင့်လို
ဝတုတ်မက သခင်လေးတုန်းကို စိန်ခေါ်ချင်သေးတယ်ဟုတ်လား၊ နင် စတီယာတိုင် ကိုတောင်
ကောင်းကောင်း ကိုင်တတ်မှာမဟုတ်ပဲနဲ့” ဘေးကလူများသည်လည်း လှောင်ပြောင်ကြတော့သည်။
အားလုံး၏အကြည့်အောက်တွင်
ရှန်ယွဲ့သည် လုံးဝ ကြောက်ရွံ့မနေချေ။ သူသည် တုန်းယန်ကိုသာ တည့်တည့်ကြည့်လိုက်ပြီး
အေးတိအေးစက်ပြောလိုက်တော့သည်။
“ ငါနဲ့
ပြိုင်လိုက်၊ လုပ်ရဲလား”
တုန်းယန် မျက်မှောင်ကျုံ့လိုက်၏။
သူသည် ရှန်ယွဲ့၏ စိတ်ကိုဆွပေးလိုက်သည့် စကားကို လုံးဝအလေးမထားချေ။ သည်အခိုက်
သူ့လက်မောင်းထဲတွင် မိန်းမလှလေးတစ်ယောက်ကို ဖက်ထားပြီး ကားပြိုင်မောင်းလို
စိတ်လုံးဝမရှိချေ။ အထင်သေးသည့်လေသံဖြင့် ပြောလိုက်တော့သည်။
“ ဘယ်သူက
မလုပ်ရဲတာလဲ၊ မင်း နောက်ကျတာလေ၊ ငါ ဟော်တယ်ကို ပြန်တော့မလို့”
တုန်းယန်က
မိန်းမလှလေးနှစ်ယောက်နှင့် ထွက်သွားတော့မည်ကို မြင်လိုက်ရချိန်တွင်မှ ရှန်ယွဲ့သည်
ပါးစပ်ထဲ ရောက်ခါနီး ဘဲသားကို လွှတ်သွားခွင့် မပြုနိုင်ပေ။ သူမသည် သူ့ကို
သည်အတိုင်း တိုက်တွန်းလိုက်တော့သည်။
“ တစ်ပွဲလောက် ပြိုင်ကြရအောင်ပါ၊
နင်က ပြိုင်တောင်မပြိုင်ရသေးဘူး၊ နင် မပြိုင်ရဲတာမဟုတ်ရင် ယွမ် ၂သန်းနဲ့
မခွဲနိုင်တာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ ကပ်စေးနဲချက်ပဲ”
အမြဲလိုလို ငွေကို
ဖုန်မှုန့်သာသာ သဘောထားပြီး ဖောဖောသီသီ ဖြုန်းတီးတတ်သည့် တုန်းယန်သည် အရင်ကတခါမှ
ကပ်စေးနဲဟု မခေါ်ခံခဲ့ရဖူးချေ။ ရှန်ယွဲ့၏ စကားကို ကြားလိုက်ရပြီးနောက် တုန်းယန်
ချက်ချင်း ဒေါပွသွားတော့သည်။
“ အမှိုက်လို
ယွမ်၂သန်းလောက် ရှုံးတာတောင်တော့ မျက်တောင် တစ်ချက်မခတ်ဘူးကွနော်၊ ဒါပေမယ့်
မင်း___”
ရှန်ယွဲ့ကို
ကြည့်လိုက်ပြီးနောက် တုန်းယန်သည် သူမကို တမင် အကြပ်တွေအောင်လုပ်လိုက်တော့သည်။
“ ငါ မင်းနဲ့
ပြိုင်လို့ရပါတယ်၊ မင်း နိုင်ရင် ယွမ်၂သန်း ယူလိုက်၊ ငါ ရှုံးရင်တော့ မင်းငါ့ကို
ယွမ် ၄သန်း ပြန်ပေးရမယ်၊ လောင်းရဲလား”
“လောင်းလိုက်လေ”
ရှန်ယွဲ့သည် မျက်တောင်တစ်ချက် မခတ်ဘဲ သဘောတူလိုက်တော့သည်။
သူမ၏အိတ်ကပ်ထဲတွင်
တစ်ပြားတစ်ချက်မှ မရှိသော်လည်း သူမ၏အင်အားကိုတော့ ယုံကြည်မှု အပြည့်အဝရှိလေသည်။
သူမသည် တုန်းယန်ကို အလွယ်တကူ အနိုင်ယူနိုင်လေသည်။
တုန်းယန်က ရုတ်တရက်
ပေါ်လာသည့် ဝတုတ်မလေးနှင့် ပြိုင်ပြီး လောင်းကြေးမြင့်သည်ကို ကြားလိုက်ရသည်နှင့်
တပြိုင်နက် သူတို့ ဘေးက လူများသည် စိတ်လှုပ်ရှားကာ စတင် လှောင်ပြောင်
သရော်ကြလေတော့သည်။
...
🍀
No comments:
Post a Comment