အပိုင်း (၁၈)
ရန်လျန်သည် လုကျန်းကို
ကတိပေးထားသည့်အတိုင်း Ya-yan၏
တိုးတက်မှုတိုင်းကို အကောင်းဆုံး လုပ်ဆောင်ခဲ့လေသည်။
ဒီမိန်းမ အကြိမ်တိုင်းလိုလို
လုကျန်းရှိတဲ့နေရာကို အတိအကျ ထောက်ပြနိုင်တာ တော်တော်ထူးဆန်းတယ်။ သူ ကုမ္ပဏီက
ထွက်လာပြီလား၊ ကွင်းဆင်းရာပြန်လာပြီလား၊ အခုပဲ လေယာဥ်ပေါ်က ဆင်းလာသလား တခါတလေ
သူ့သီးသန့်ကလပ်မှာတောင် အမျိုးသမီးငယ်လေးက သူ့ဆီလျှောက်လာတာကို မြင်လိုက်ရပြီး
သူ့ကို ပြုံးပြာကာ စီမံကိန်းဖိုင်တွဲကို ပေးလိုက်ပြီး
“ မစ္စတာလု ကျေးဇူးပြုပြီး
တစ်ချက်လောက်ကြည့်ပေးပါ”
ရန်လျန်သည် သီးသန့်စုံထောက်များကို
သုံးကာ သူ့ကိုနောက်ယောင်ခံနေသည်မှာ ထင်ရှားသည်။ ကြိမ်ဖန်များစွာ
‘မထင်မှတ်ပဲတွေ့သည်’ ဟူသည့်နောက်တွင် လုကျန်းသည် သူမကို
နောက်တစ်ကြိမ်တွေ့ရပြန်သည်။ သူသည် အနည်းငယ်စိတ်ပျက်သွားပြီး
“ မစ်ရန် ကျွန်တော်တို့
ထပ်တွေ့ကြပြန်ပြီနော်”
သည်တစ်ကြိမ်တွင် လုကျန်းသည် အဖွဲ့လိုက်
ဂေါ့ဖ်ကွင်းတွင်ရောက်နေပြီး ဂေါဖ့်ကားပေါ်တွင် ထိုင်နေရာ ခပ်လှမ်းလှမ်းကာ
ဂေါဖ့်ကားနောက်တစ်စီးက သူ့ထံ ဦးတည်လာနေသည်။
သည်တစ်ကြိမ်တွင် လုကျန်းသည်
အဖွဲ့၏ဂေါက်ကွင်းတွင် ဂေါဖ့်ကားထဲ၌ထိုင်နေပြီး အခြားဂေါဖ့်ကားသည် သူ့ရှေ့မှ
ခပ်လှမ်းလှမ်းတွင်ရှိနေသည်။
ဒုတိယ ဂေါဖ့်ကားက သူ့ကို ကျော်သွားတော့
ရန်လျန်ဖြစ်နေမှန်း သိသွားတော့သည်။
သည်အမျိုးသမီးက သူ့ကို
မှတ်မိနေပုံရပြီး အံ့သြတကြီးဖြင့် ဂေါဖ့်ကားကို ရပ်လိုက်၏။ လုကျန်းကလည်း ယာဉ်မောင်းကို
ရပ်ဖို့ ပြောလိုက်တော့သည်။
ကားနှစ်စီးက တရွေ့ရွေ့ ရပ်တန့်သွားသည်နှင့် အမျိုးသမီးက
သူ့ကို ပြုံးပြနေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် ခေါင်းကိုက်လာတော့ သည်။
သူကထပ်တွေ့ပြန်ပြီဟု ပြောလိုက်ရင်း လုကျန်းသည် သူ့လေသံကို တမင်တကာ
မြှင့်လိုက်ကာ သူ စိတ်မကြည်ကြောင်း ပြလိုက်သော်လည်း ရန်လျန်က မကြောက်မရွံ့ပြုံးကာ
မျက်လုံးအဝိုင်းသားနှင့် ပြောလိုက်လေသည်။
"အဲဒါက 'Ya-Yan' ကအရမ်းကံကောင်းတာကြောင့်ပေါ့”
လုကျန်းက မတတ်နိုင်တော့ဘဲ
ပြုံးလိုက်သည်။ သူမနဲ့ ခဏတိုင်းတွေ့နေရတဲ့ သူကရော ဘယ်လောက်တောင် ကံဆိုးနေလို့လဲ။ သူမသည် အစောပိုင်းက
အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည့်အတိုင်း ပရောဂျက်တိုးတက်မှုစာရွက်စာတမ်းကို ထုတ်ယူပြရန်က
သူမ၏နောက်ဆက်တွဲလုပ်ရပ်ဖြစ်မည်ဟု သူခန့်မှန်းမိသည်။
သေချာနေပါပြီ။ ရန်လျန်က ချက်ချင်းပဲ ခေါင်းငုံ့လိုက်ကာ
သူ့အိတ်ထဲက နောက်ဆုံးစာရွက်စာတမ်းကို ထုတ်ပြီး လုကျန်းကို ပေးလိုက်တော့သည် ။
"မစ္စတာ လု၊ ဒါက အဓိက ကွန်ရက်တွေမှာ ကြော်ငြာတဲ့ ဒေတာနဲ့ Ya-Yan အတွက် ပြည်နယ်ကုန်သည်တွေဆီက
မှာယူထားတဲ့ ပမာဏပါ"
လုကျန်းသည် အရင်ကအတိုင်း
ယဉ်ကျေးသည့်အပြုအမူကို ဆောင်ထားကာ ဖိုင်တွဲကို နှုတ်ဆိတ်ကာ
ယူလိုက်ပြီးစာမျက်နှာအနည်းငယ်ကို လှန်ကြည့်လိုက်သည်။ သို့သော်ငြားသူသည် မည်မျှပင် အပြုမူကောင်းဖြင့်
ကြီးပြင်းလာသည်ဖြစ်ေစ၊ ဤသို့ သုံးကြိမ်ဆက်တိုက် နှောင့်ယှက်ခံလိုက်ရပြီးချိန်တွင်တော့
ဒေါသထွက်နေကြောင်း သူမျက်နှာတွင် သိသိသာသာ ပေါ်နေတော့သည်။ သူ့ဘေးတွင်ထိုင်နေသည့်
သူ့လက်ထောက်ကို တိုးတက်မှုစာအုပ် အားလှမ်းပေးလိုက်ပြီး ခပ်တည်တည်ဖြင့်
ပြောက်လိုက်တော့သည်။
"မစ်ရန် ၊ ကျွန်တော် သွားတော့မယ်”
စကားလုံးများကို ကရုဏာသက်စွာ ပြောဆိုနေသော်လည်း
သူ့အမူအရာက စိတ်တိုဒေါသထွက်နေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသေးသည်။ ရန်လျန်သည် ရှက်ရွံ့သွားသော်လည်း
နှိမ့်ချသည့်အပြုံးကို ဆက်ထိန်းထားလိုက်ပြီး
“မစ္စတာလု၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး၊
ရှင်ဆက်ကစားပါ၊ နောက်မှတွေ့မယ်နော်"
ထိုသို့ပြောလိုက်ပြီးနောက် ယာဉ်မောင်းဘက်ကို လှည့်ကာ
မောင်းရန်ေပြာလိုက်တော့သည်။ လုကျန်းသည် သူ့ကားထဲတွင် ထိုင်ကာ မျှော်လင့်ချက်မဲ့စွာ
ခေါင်းခါလိုက်တော့သည်။
*** ***
သူမသည် သူ့ကို
နောက်ယောင်ခံလိုက်နေသည်မှာ ကြာပြီဖြစ်၏။ သို့သော် အရမ်းမသိသာအောင် သတိထားခဲ့ရသည် ။ သို့သော်ငြား Ya-Yan ၏ ပထမလ ရောင်းအားထွက်လာချိန်၌
သူမမှာ သည်ထက်ကောင်းသည့်နည်းလမ်းကို စဉ်းစားလို့မရတော့ချေ။ လုကျန်းရှိသည့်နေရာကို မေးမြန်းရန်
သူမ၏စုံထောက်ကို ချက်ချင်းဖုန်းခေါ်လိုက်တော့သည်။
ဖုန်းလိုင်းမကောင်းသောကြာင့်လား ၊ တခြားအကြောင်းကြောင့်လား
မသိပေ။ ဖုန်းထဲတွင် စုံထောက်၏အသံက ထူးဆန်းနေတော့သည်။
“သူ … … သူ အခု မင်ထင်Hotel အမှတ် (၁) ဆိုင်မှာ ၊ နေ့လည်စာစားဖို့ စားသောက်ဆိုင်ရဲ့
အပေါ်ဆုံးထပ်မှာရှိနေတယ် “
ရန်လျန်သည် စဉ်းစားမနေတော့ဘဲ “ကျွန်မ
အဲဒီကိုချက်ချင်းလာခဲ့မယ်”ဟုပြောကာ ဖုန်းချလိုက်လေသည်။
သူမသည် မင်ထင်ဆိုင်သို့
ဆယ်မိနစ်အတွင်း အရောက်သွားလိုက်တော့သည်။ သူမသည် စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားဖြင့်
တန်းတက်လာခဲ့၏။ စားသောက်ဆိုင်ထဲတွင် ပြတင်းပေါက်နားက လျှို့ဝှက်စုံထောက်ကို
တွေ့လိုက်ရသည်။ သို့သော် လုကျန်းကိုတော့ မတွေ့ရပေ။
ရန်လျန်က သူ့နား ကပ်သွားလိုက်ပြီး
“သူ ဘယ်မှာလဲ”
လျှို့ဝှက်စုံထောက်က သူမကို
မော့ကြည့်လိုက်၏။ အလွန်စိတ်လှုပ်ရှားနေပုံရပြီး သူ့မျက်နှာက ဖြူဖျော့နေတော့သည်။ ရန်လျန်သည် သူ့အဖြေကို
စောင့်နေရင်းမှ နောက်ကျောဘက်မှ ရုတ်တရက် အသံတစ်ခုထွက်လာတော့သည်။
"မစ္စရန်၊ မင်းက တကယ်တော်တာပဲ"
သူမသည် အံ့အားသင့်သွားပြီး
သုံးစက္ကန့်လောက်အချိန်ယူလိုက်ပြီးမှ လှည့်ကြည့်လိုက်၏။
ဟုတ်နေပါပြီ။ လုကျန်းက
သူမနောက်တွင် ရပ်နေ၏။ ရယ်ရယ်မောမောပင် မရှိချေ။
“ဒီလူကြီးမင်းက အကြောင်းပြချက်မရှိဘဲ ကျွန်တော့်နောက်
ရက်အတော်ကြာအောင် တကောက်ကောက်လိုက်နေတာ ဘာလို့များလဲလို့ စဉ်းစားနေတာ"
ထိုသို့ပြောလိုက်ပြီးနောက် ရန်လျန့်ဘေးမှ
ဖြတ်လျှောက်သွားကာ ဖြူဆုတ်နေသည့်စုံထောက်ထံ လျှောက်သွားလိုက်ပြီး စုံထောက်ထံမှ
ယူသွားသော ဖုန်းကို သူ့ရှေ့စားပွဲပေါ်တင်ကာ မေးလိုက်လေသည်။
"ဒီတော့ မစ်ရန်က ခင်ဗျားကို ငှားတဲ့သူပဲ”
စုံထောက်သည် ဖုန်းကို
ချက်ချင်းပြန်ယူကာ ထရပ်လိုက်ပြီး ခေါင်းမမော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင်
ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
စုံစမ်းနေစဉ်အတွင်း စုံထောက်ကို
ဖမ်းမိခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ဟု ရန်လျန် သုံးသပ်မိလေသည်။ သို့သော် သူ့မှာ အလွန်စိတ်လှုပ်ရှားကာ၊
သူ့လက်များ တုန်ရီလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လုကျန်းက သူ့ကို ခြိမ်းခြောက်ခဲ့သည်မှာ
သိသာလေသည်။
သူမ စဉ်းစားလို့မရတော့ချေ။ သူမကိုယ်သူမ ကာကွယ်ရန် ဘာဆင်ခြေမှ
ထွက်မလာ တော့ပေ။ စိန်ထဲတွင် တခုခုပြင်ဆင်ထားလိုက်ပြီး လုကျန်းဘက်လှည့်ကာ ရင်ဆိုင်လိုက်တော့သည်
။
သူ့ကို ဘယ်လိုဖြေရှင်းရမည်ကို စဉ်းစားနေချိန်မှာပင် လုကျန်းက
ရုတ်တရက် ပြောလိုက်၏။ "ဒီတစ်ခါရော မင်း ကျွန်တော့်ကို ဘာပေးချင်တာလဲ"
သူမ အမှန်ပင် တုန်လှုပ်၏။
သူ့ ရည်ရွယ်ချက်အစစ်အမှန်ကို
သံသယဖြစ်မိသော်လည်း အိတ်ထဲက စာရွက်စာတမ်းများကို ထုတ်လိုက်သေးသည်။ ဒီတစ်ကြိမ်တွင်တော့
အရင်တစ်ခေါက်နဲ့မတူဘဲ သူက ဖိုင်ကိုယူလိုက်ပြီး ကုလားထိုင်ကိုဆွဲကာ
ထိုင်ချလိုက်ပြီး သေသေချာချာကြည့်လိုက်သည်။ ရန်လျန်အံ့သြသွား၏။ သို့သော် ချက်ချင်းတုံ့ပြန်လိုက်သည်။ သူမသည် ကုလားထိုင်ကိုဆွဲကာ
သူ့ဘေးတွင်ထိုင်လိုက်ပြီး ရှင်းပြလိုက်တော့သည်။
“ဒါက Ya-yan ရဲ့ သုံးနှစ်တာ အရောင်းဒေတာပါ၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ရောင်းအား အရမ်းနည်းခဲ့ပေမယ့်
ဒီလပိုင်းအတွင်း ရောင်းအားက သိသိသာသာ ပြန်တက်လာတယ်၊ အခုလောလောဆယ်တော့ မင်ထင်မှာရှိတဲ့
တခြားအမှတ်တံဆိပ်တွေနဲ့ ယှဉ်ရင် ရောင်းအားက နည်းနေသေးပေမယ့် တံဆိပ်ကို
ပြန်ပြင်ပြီးရင်တော့ Ya-Yan ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြင်တွေ့ရမှာပါ......”
သူမစကားမဆုံးခင်မှာပင် လုကျန်းက
ဖြတ်ပြောလိုက်၏။
“ကျွန်တော့်အိမ်မှာ
ဆယ်စုနှစ်တစ်ခုလောက် အတူ နေလာခဲ့တဲ့ အိမ်အကူတစ်ယောက်ရှိတယ်
မနေ့ကအခန်းသန့်ရှင်းရေးကို ကူညီလုပ်ပေးရင်း ဒီအချက်အလက်တွေကို တွေ့တော့ သူက ပြောပြပါတယ်၊ သူနဲ့
သူ့ရွယ်တူတော်တော်များများက Ya-Yan ကို တသက်လုံးနီးပါး သုံးလာကြတာတဲ့၊'Ya Yan' က လူကြီးတွေကြားမှာ တကယ်နာမည်ကြီးပုံပဲ"
ဒါသည် အမှန်ပင် "Ya Yan" ၏ အားသာချက်ဖြစ်လေသည်။ ရန်လျန်က ချက်ချင်း ပြန်ပြောလိုက်၏။
"ဟုတ်ပါတယ်"
လုကျန်း၏ မျက်လုံးများထဲက ရုတ်တရက် ထူးဆန်းသော အကြည့်ကြောင့် ရန်လျန်သည် ကမန်းကတမ်း
ထပ်ပြောလိုက်၏။
"ဒါပေမယ့်.. ကျွန်မတို့က
လူငယ်တွေအတွက် အဓိကထားပြီးထုတ်မယ့် 'Ya-Yan' လို့ နာမည်တပ်ထားတာ ၊ ဖော်မြူလာ တိုးတက်မှု၊
သရုပ်ဆောင်တွေရဲ့ ထောက်ခံချက်ကနေ လူငယ်တွေကို ဗဟိုပြုထားတဲ့
အမှတ်တံဆိပ်တစ်ခုဖြစ်အောင်လုပ်နေပါတယ် ၊ နောက်ဆုံးဒီေန့ခေတ်မှာ လူငယ်တွေကပဲ
ဝယ်ယူနိုင်စွမ်းမြင့်တာလေ....”
ဒါသည် ကျေနပ်လောက်စရာ အဖြေတစ်ခုပင်။
လုကျန်းသည်
စာရွက်၏နောက်ဆုံးစာမျက်နှာအထိ ကြည့်လိုက်ပြီးနောက် မော့ကြည့်လိုက်သည်။ ဤရိုးရှင်းလှသည့် အပြုအမူသည် ရန်လျန်အတွက်တော့ အကြီးကျယ်ဆုံးအားပေးမှုဖြစ်ပြီး
နောက်တကြိမ် ထပ်တွေ့နိုင်ရန် စဉ်းစားစဉ် လုကျန်း ယဉ်ကျေးသည့်မေးခွန်းတစ်ခုဖြင့် သူမ၏အတွေးကို
ချိုးဖျက်လိုက်တော့သည်။
"မင်းဘယ်အချိန်လောက်အားလဲ၊ မင်ထင်ရဲ့ လုပ်ငန်းလည်ပတ်မှုတစ်ခုလုံးကို
တာဝန်ခံမန်နေဂျာနဲ့ စကားပြောဖို့ မင်းကို စီစဉ်ပေးမယ်"
*** ***
မင်ထင် ဟော်တယ် နံပါတ် (၁) ဆိုင်တံခါးမှ ထွက်လာသည်နှင့်
တပြိုင်နက် ရန်လျန်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး
အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။ မြို့၏ မီးခိုးရောင်ကောင်းကင်သည် ထိုအခိုက်အတန့်၌
သူမအတွက် အထူးချစ်ဖို့ကောင်းနေတော့သည်။
သူမ ပျော်နေ၏။ ဒါကို မျှဝေခံစားရန် တစ်ယောက်ယောက်ကို
ရှာသင့်သည်ဟု သူမ ခံစားမိလေသည်။ ကားပေါ်တွင်ထိုင်လိုက်ပြီး ရန်လျန်သည် ကားစက်နှိုးဖို့
အလျင်မလိုဘဲ ဖုန်းကိုထုတ်လိုက်၏။
သူမ၏ လက်ချောင်းများသည် ဤနံပါတ်ကိုခေါ်ဆိုရန်
အလိုလို ကျင့်သားရနေသော်လည်း သည်နေ့မှ သူမသည် တောင့်တင်းနေတော့သည်။
သူမသည် အချိန်အတော်ကြာအောင် တောင့်တင်းစွာထိုင်နေလိုက်ပြီးနောက်
သူမ၏contactကို ခဏကြာသည်အထိ ရှာဖွေလိုက်ပြီး ‘ကျန်းယွိနန်’ ဟူသောအမည်ကိုတွေ့လိုက်ရချိန်၌ သူမ၏နှလုံးခုန်သံများ
စည်းချက်လွဲသွားလေသည်။ သူမသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးေနာက် စက္ကန့်ပိုင်းမျှ
နှောင့်နှေးသွားလျှင် သူမ၏ လုပ်ရပ်ကို နောင်တရတော့မည့်နှယ် နံပါတ်ကို
အမြန်နှိပ်လိုက်တော့သည်။
တီ တီ တီ
သုံးကြိမ်မြည်သွားပြီးနောက် ဖုန်း ဝင်သွား၏။
"ဟယ်လို"
သည်စကားတစ်ခွန်းတည်းနဲ့ ရန်လျန်သည် ရုတ်တရက်
နားမလည်နိုင်အောင် တောင့်တင်းသွားတော့သည်။
ရုတ်တရက် သူမ ဘာပြောရမည် မသိတော့ပေ။
စက္ကန့်အနည်းငယ်ကြာအောင် သူမ
နှုတ်ဆိတ်သွားပြီးနောက် ကျန်းယွိနန် က ရုတ်တရက် ရယ်မောရင်း
"မင်း သူ့ကို စည်းရုံးနိုင်ခဲ့တယ်လို့
ငါ့ကို မပြောနဲ့"
သူ ခန့်မှန်းပြီးသားပင်။ ရန်လျန်သည် သူ့အား အံ့ဩအောင်လုပ်နိုင်မည်မဟုတ်ပေ။
အသက်ရှူသံကြားရုံနဲ့ သူမရဲ့ခံစားချက်တွေကို
သူနားလည်နိုင်ပါ့မလား။
ရန်လျန်က ရယ်ချင်သလိုဖြစ်သွားပြီး
ခေါင်းယမ်းကာ ပြောလိုက်၏။
"ပြီးခါနီးပြီ၊ မကြာခင်
ဖြစ်လိမ့်မယ်ထင်တယ်"
“ဒါဆို မကောင်းဘူး”
ကျန်းယွိနန် ၏ လေသံသည် ရုတ်တရက် တင်းမာလာသည်။
"ဟင်"
“အသည်းနှလုံးမရှိတဲ့ စီးပွားရေးသမားက အမျိုးသမီးတစ်ဦးကို အရမ်းလွယ်လွယ်လေးနဲ့
သဘောကျသွားတာလေ၊ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုပဲ ရှိတတ်တယ်…”
ကျန်းယွိနန် သည် ထိုနေရာ၌ ခေတ္တရပ်လိုက်ပြီး ရန်လျန်သည် ဆွံ့အသွားတော့သည်။
" ဦးနှောက်ထဲက ပြစ်ချက်တစ်ခုနဲ့
မိန်းမတွေကို ရှုထောင့်တစ်ခုတည်းကနေ ကြည့်နေရအောင် လူတိုင်းကို ရှင့်လိုများ ထင်နေတာလား"
တစ်ဖက်တွင် တုံ့ပြန်မှု
မရှိသော်လည်း ရန်လျန်သည် သူပြုံးနေနိုင်သည်ဟုတွေးလိုက်သည်။ သူမသည် သူ၏ထူးခြားသည့် အပေါ်ယံဆန်သော်လည်း
ရမ္မက်ပြင်းသည့် အပြုံးကို သူမ၏မျက်လုံးများထဲတွင် ပုံဖော်နိုင်လုနီးပါးပင်။
ထို့နောက်တွင် သူပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။
“မင်းရဲ့ ညှို့ဓာတ်ကအရမ်းစွဲမက်ဖို့ကောင်းတယ်ဆိုတာ
မင်းဘာလို့ နားမလည်နိုင်ရတာလဲ၊ ငါတောင် မခံနိုင်ဘူး ”
ရန်လျန်သည် မနေနိုင်တော့ဘဲ
အော်ရယ်လိုက်ရာ ကျန်းယွိနန်ကလည်း လိုက်ရယ်လေသည် ။ သူမသည် သူ့ကို
လှောင်ပြောင်ဒေါသဖြင့် ကြိမ်းမောင်းကာ
"မစ္စတာကျန်းရယ် ကျေးဇူးပြုပြီး ဒီလိုနားဝင်ချိုတဲ့စကားတွေကို
တခြားအမျိုးသမီးတွေဆီမှာပဲ သုံးစမ်းပါရှင်"
ထိုသို့ပြောလိုက်ပြီးနောက် သူမဖုန်းချလိုက်တော့သည်။
သူမက မော့ကြည့်လိုက်ရာ နောက်ကြည့်မှန်ထဲက သူ့မျက်နှာကို
တစ်ချက်ကြည့်မိသွားတော့သည်။ အမှန်ပင် ပြုံးပျော်ပြီး ကျေနပ်နေသည့် မျက်နှာလေး.. ချစ်စိတ်ဝင်နေသည့်
မိန်းမတစ်ယောက်၏ မျက်နှာပင်။
ထိုအဖြစ်မှန်ကို သူမ အံ့သြမိသွားတော့သည်။
🌺
No comments:
Post a Comment