Novel Lists

Novels

   နိမ့်ခြည်မြင့်ချည် အချစ်တို့သည်...   မခစားလိုက...သတ်စေ! အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ်

June 7, 2024

AYအခန်း(၇)

 

အခန်း (၇) အားနဲ့ကိုက်လိုက်မိတဲ့အတွက် နဂါးလက်သည်းဆီက နောက်ဆက်တွဲရလဒ်

မင်းကြီးရဲ့နဂါးအိပ်ရာက ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိတဲ့အပြင် ခုတင်ပေါ်မှာ လူ လေး ငါးယောက်လောက်တန်းစီပြီးတော့တောင် အိပ်လို့ရတယ်။

ဖုန်းကျောက်ဝမ်က အင်မတန်ချေးများတဲ့လူ။ သူ့ကိုယ်သူ အစားမှန်မှန်စားဖို့ လျစ်လျူရှုပေမဲ့ ဒါက သူ စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့တော့ ကျန်နေတဲ့လက်ကျန်အကျိုးဆက်သက်သက်ပဲ။ စစ်သည်တွေနဲ့အတူတူ ပျော်ရွှင်စရာနဲ့ ဆင်းရဲဒုက္ခခံစားရတဲ့အချိန်ကို သည်းခံနိုင်ခဲ့တဲ့ တော်ဝင်အိမ်ရှေ့မင်းသားတစ်ယောက် အပေါ်ကနေပဲ အမြဲတမ်း ကြည့်နေရတဲ့ တော်ဝင်အိမ်ရှေ့မင်းသားနဲ့ယှက်ရင် လက်‌အောက်ငယ်သားတွေရဲ့ လိုလိုချင်ချင်နဲ့ ထာဝရသစ္စာစောင့်သိမှာကို ပိုပြီး အလွယ်တကူရနိုင်မှာပဲလေ။

ဒါပေမဲ့ သူ့မှာ သည်းမခံနိုင်တဲ့ အားနည်းချက်တစ်ခုတော့ရှိတယ်။ အဲဒါက အိပ်ရာနဲ့ပတ်သက်ပြီး သူ့လိုအပ်ချက်က အရမ်းကို စံနှုန်းမြင့်တာ။ အိပ်ရာခင်းက ထူထဲတောင့်တင်း အိစက်ပြီး ပျော့ပြောင်းမှု ရှိရမယ်။ ခြုံစောင်ကတော့ ပေါ့ပါးချောမွေ့ပြီး အနွေးဓာတ်ပေးနိုင်ရမယ်။ သူ့နဂါးအိပ်ရာပေါ်မှာ သွားရည်တွေ စီးကျတဲ့အထိ ကျွန်မအတွက် နေ့ခင်းတရေးအိပ်တမော အိပ်စက်နိုင်တာက ဒီအတိုင်းကို ကျွန်မရဲ့ကံကောင်းခြင်းပါပဲ။

တစ်ခုပဲ။ ကျွန်မ တမေ့တမော အိပ်ပျော်နေတုန်းက အိပ်မက်ကောင်းတွေ မက်ခဲ့တယ်လေ။ မင်းကြီးက ကျွန်မရဲ့ပါးကို ပုတ်ပြီး မနိုးတနိုးအခြေအနေမှာ ကျွန်မကို အနိုင်ကျင့်နေတာတဲ့။ ဒါက ဒီလိုပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံတစ်ခုတော့ လုံးဝမဟုတ်လေဘူး။

ကျွန်မက အပြည့်အဝ နိုးနေသေးတာလည်းမဟုတ်ဘူး။ ကျွန်မရဲ့အိပ်မက်ထဲက စားကောင်းသောက်ဖွယ်တွေတောင် ကျွန်မရဲ့ပါးစပ်ထဲ မထည့်ရသေးဘူး။ အဲဒီအချိန်မှာ ကျွန်မ အိပ်နေတာကို လာနှောင့်ယှက်နေတဲ့ သကောင့်သားက တကယ် စုတ်ပဲတာကိုပဲ ခံစားမိလိုက်တယ်။ ဒီလိုနဲ့ ကျွန်မလည်း အရမ်းကို‌ကြောက်စရာကောင်းတဲ့ ဖြစ်နိုင်ချေတစ်ခုကို မေ့သွားတော့တာပဲ။ အဲဒီဖြစ်နိုင်ချေဆိုတာ သကောင့်သားက မင်းကြီးဖြစ်နေမှာကိုပေါ့။ ကျွန်မရဲ့လက်ဖဝါးကို လွဲရမ်းလိုက်ရင်း ကျွန်မက ကြမ်းကြမ်းတမ်းတမ်းနဲ့ ခြိမ်းခြောက်ပစ်လိုက်တယ်။

“ရှောင်ဟွမ်၊ မင်း ဆက်ပြီး သောင်းကျန်းနေရင် ငါ မင်းကို ဘာညစာမှ မကျွေးတော့ဘူးနော်”

တကယ်တော့ ရည်ညွှန်းခံလိုက်ရတဲ့လူကလည်း ဘုရင်တစ်ပါးပါပဲ။ ဒါပေမဲ့ နှိမ်နင်းခံလိုက်ရတဲ့နိုင်ငံတစ်ခုရဲ့ ဘုရင် သာသာပဲ။ အဲထက် မပိုဘူး၊ ဒီတော့ ကျွန်မက သူ့ကို ဆုံးမရိုက်ပုတ်ရဲတာပေါ့။

ကြည့်လေ။ ဒါက ကျွန်မရဲ့အကျင့်ပဲ။ ဒီအားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်နေတဲ့ ကျွန်မရဲ့အခြမ်းကဆိုရင် အရမ်းကိုရက်စက်တယ်ဟုတ်။

ကျွန်မရဲ့နားနားမှာ အံကြိတ်တဲ့အသံတစ်ခုထွက်လာခဲ့တယ်။

“အန်းရီ မင်းက ညနေစာမကျွေးတော့ဘူးလို့ ဘယ်သူ့ကို ပြောနေတာလား”

လုံးဝ နိုးသွားခဲ့တယ်။ ကျွန်မရဲ့မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ချက်ချင်းပဲ ဖုန်းကျောက်ဝမ်ရဲ့ နီးလာတဲ့ ဖီးနစ်မျက်လုံးတွေကို မြင်လိုက်ရတော့တာပဲ။ ရုတ်ခနဲ ကျွန်မ ထထိုင်မိသွားခဲ့တယ်။

“မင်းကြီးက ဉာဏ်ပညာ ကြီးမြတ်လှပါတယ်၊ မှန်ပါ့၊ ညနေစာ မစားမရမဲ့သူက ကျွန်တော်မျိူးမပါ” ဘာပဲဖြစ်ဖြစ် ဒီနန်းတော် ခန်းမရဲ့ အချိုပွဲပန်းကန်က ပြတ်လက်နေတာ ဘယ်တုန်းကမှ မရှိတာပဲ....

ဖုန်းကျောက်ဝမ်က ရှေ့ကို နည်းနည်းကုန်းလိုက်ပြီး သူ့မျက်နှာက ခပ်ရေးရေး မှုန်ကုပ်ကုပ်ဖြစ်နေပြီး

“မင်းက ပျောက်ကွယ်သွားပြီးဖြစ်တဲ့ ချန်နိုင်ငံ ဘုရင်နဲ့ တစ်ချိန်လုံး စားလိုက် အိပ်လိုက် လုပ်နေခဲ့တာလား”

သူ့ရဲ့ဒီအကြောင်းမဲ့ဒေါသကြောင့် ကျွန်မ ဦးနှောက်ခြောက်သွားတော့တယ်။ သူ့စကားကို သေချာမစဥ်းလိုက်မိဘဲ ကျွန်မလည်း လွှတ်ခနဲပြောထွက်ခဲ့တယ်။

“ကျွန်တော်မျိုးမနဲ့ လေးစားရတဲ့ မင်းကြီး ၊ မင်းကြီးနဲ့လည်း ဒီလိုပဲ အတူတူစားလိုက် အိပ်လိုက်လုပ်နေတာမဟုတ်ဘူးလား” မတူတာဆိုလို့ ကျွန်မတို့နှစ်ယောက်ကြားမှာ ဖြစ်သွားတဲ့ အဲဒီကိစ္စက ကျွန်မရဲ့ရှောင်ဟွမ်ကြားမှာတော့ မဖြစ်ခဲ့ဘူးလေ။ ဒီကိစ္စရဲ့ဘယ်အပိုင်းက အမျက်ထွက်ဖို့ ဖြစ်သင့်လို့တုန်း။

ကျွန်မ အခုချိန်ထိ နှစ်ပေါင်းများစွာ ရှောင်ဟွမ်နဲ့ အိပ်လိုက် စားလိုက်နေလာခဲ့တာ တစ်ယောက်ယောက်ဆီက ဒီကို စကားမျိုး တခွန်းတောင် မကြားခဲ့ဖူးဘူး။

“အတူပဲဟုတ်လား” သူ့နှုတ်ခမ်းကနေ အေးစက်တဲ့ရယ်သံတစ်ချက် ပွင့်ထွက်လာခဲ့တယ်။ ထိန်းသိမ်းမနေတော့ဘဲ သူက ကျွန်မရဲ့နားကို ကိုက်လိုက်တော့ ကျွန်မလည်း သနားစရာကောင်းလောက်အောင စီခနဲအော်လိုက်မိတော့တယ်။

“အ အ အား အား_”

နောက်ဆုံးတော့ သူက ဘာကို ဒေါသထွက်နေတာတဲ့တုန်း။

ကျွန်မ နားက နာမသွားပေမဲ့ အကိုက်ခံလိုက်ရတဲ့ ခံစားချက်က အရမ်းကို စုတ်ပြတ်နေတုန်းပဲ။

လူဆိုးတစ်ယောက်နဲ့ တွေ့တဲ့အခါ မင်းမှာ နည်းလမ်းနှစ်ခုရှိတယ်လို့ ပြောကြတယ်။ တစ်ခု အဲဒီလူနဲ့ သူသေကိုယ်သေ အပြိုင်တိုက်ခိုက်ဖို့။ နောက်တစ်ခုကတော့ ငယ်သံပါအောင် အကျယ်ကြီးအော်ပြီး ပတ်ဝန်းကျင်က လူတွေရဲ့ အာရုံကို ဆွဲဆောင်ပြီး လူဆိုးကို ကြောက်သွားလုပ်ဖို့တဲ့။ အစကတည်းက ကျွန်မက ဖုန်းကျောက်ဝမ်လက်ထဲမှာ ရှုံးနှိမ့်ပြီးသားလူဆိုတော့ သူသေကိုယ်သေ တိုက်ပွဲမှာ ကျွန်မ ရှုံးသွားပြီလို့ မှတ်လို့ရတယ်။ ကျန်နေတဲ့တစ်ခုတည်းသော ရွေးချယ်မှုက နောက်နည်းလမ်းပဲလေ။

ကျွန်မက ဂုဏ်ဒြပ်တွေမလိုဘူးဆိုပေမဲ့ ဘုရင်ဖြစ်တဲ့ မင်းကြီးကတော့ အင်မတန်မှ ဂုဏ်သရေရှိတဲ့လူတစ်ယေက်ဆိုတာကို ယုံတယ်။

သေချာတာပေါ့။ သူ ကိုက်နေတာကို ရပ်ပြီး ကျွန်မရဲ့ပါးစပ်ကို ချက်ချင်း လှမ်းအုပ်လိုက်တယ်လေ။ ကျွန်မရဲ့မျက်လုံးတွေက ဝေ့လည်သွားပြီး နန်းတော်ခန်းမရဲ့ အတွင်းကို ပတ်ကြည့်လိုက်တယ်။ ကံက ကျွန်မဘက်ပါနေတော့ နန်းတော်ခန်းမကို လာဖြည့်နေတဲ့ နန်းတွင်းအစေခံတွေက အရူးလိုဖြစ်သွားတဲ့အထိ ကြောင်အမ်းအမ်းအမူအရာတွေနဲ့ ဖြစ်သွားကြတော့တယ်။ ရှင် ကျွန်မကို ထပ်ကိုက်ကြည့်စမ်း ကျွန်က အော်ရဲတယ်နော်ဆိုပြီး ပြောနေတဲ့ဟန်နဲ့ ကျွန်မ မျက်လုံးတွေကို ပြူးကျယ်နေအောင် ဖွင့်ထားလိုက်တယ်။

မင်းကြီးရဲ့ ဖီးနစ်မျက်လုံးတွေက ဖျတ်ခနဲလက်သွားခဲ့တယ်။ ဒါက မလုံမလဲခံစားချက်နဲ့ သတ္တိနည်းသွားတဲ့ အသိစိတ်ရဲ့ လက္ခဏာတစ်ခုပဲလို့ ခံစားမိလိုက်တယ်။ ရန်သူက သေးငယ်တဲ့ရှုံးနိမ့်မှုတစ်ခုကို ပြလိုက်ပြီးလို့ စဥ်းစားကြည့်လိုက်ရုံနဲ့ အခြေအနေက ကျွန်မဘက်မှာရှိနေတော့ ကျွန်မလည်း အခွင့်ကောင်းကို ဖိနင်းပြီး ကျွန်မရဲ့ပါးစပ်ကို အုပ်ထားတဲ့ နဂါးလက်သည်းကို ကိုက်ပစ်လိုက်တော့တယ်။

ကျွန်မဆိုတဲ့သူက နာကျင်မှာကို မကြောက်တဲ့သူ။ ဒါကြောင့်လည်း အခြေအနေရဲ့ အတိမ်အနက်ကို နားမလည်နိုင်တဲ့သူတစ်ယောက်ပေါ့။ ကိုက်လိုက်တဲ့ ဒီတစ်ချက်က တစက်ကလေးမှ တွေဝေနေတာတွေ မရှိခဲ့တာလေ။ နောက်ဆုံး နဂါးသွေးရဲ့ အရသာကို ခံစားမိလိုက်တဲ့အချိန်မှာတော့ ဖုန်းကျောက်ဝမ်ရဲ့မျက်နှာက မမှတ်မိနိုင်လောက်အောင် ရှုံ့မဲ့လို့နေပြီးပြီ။

ဒါ‌ပေါ့။ မင်းကြီးက ကျွန်မလို ညည်းညူသံတွေနဲ့ အော်ဟစ်နေတတ်တဲ့သူမဟုတ်ဘူးလေ။ အဲဒီအစား  ကြောက်လို့ ခေါင်းငုံ့နေကြရှာတဲ့ အဲဒီနန်းတွင်းအစေခံတွေကို လက်ယမ်းပြလိုက်တယ်။

“မင်းတို့အားလုံး ထွက်သွားကြတော့”

နောက်ဆုံးမှ လျှောက်ပြီးထွက်သွားတဲ့ ထျန်းပင်းချင်က မင်းကြီးရဲ့နဂါးလက်သည်းကို အရမ်းကိုစိုးရိမ်တကြီးနဲ့ နည်းနည်းထပ်ကြည့်သွားလိုက်သေးတယ်။ လက်က ကျွန်မရဲ့ပါးစပ်ထဲမှာ ညှပ်နေသေးတာမလို့လေ။ ရှောင်ထျန်းနဲ့ကျွန်မရဲ့ ဆက်ဆံရေးက မဆိုးဘူးလို့ ပြောရတယ်။ ဒီတော့ သူ့မျက်နှာကို မြင်လိုက်ရတော့ ကျွန်မလည်း ပါးစပ်ကနေ လွယ်လွယ်နဲ့ကတိပေးမိသွားခဲ့တယ်။

“မစိုးရိမ်နဲ့၊ မစိုးရိမ်နဲ့၊ ငါ မင်းကြီးရဲ့ ဒဏ်ရာကို ဆေးထည့်ပေးလိုက်ပါ့မယ်”

မနေ့ညက သူ ကျွန်မရဲ့ခါးကို ဆွဲလှည့်လိုက်တုန်းက ခါးက ထောက်ခနဲ ကျိုးတော့မတတ်ပဲ။ အဲဒီကတည်း ဒီတစ်ချက်ကို ကိုက်ချင်ခဲ့တာ။

ဒီပါးစပ်နဲ့အပြည့်ကိုက်ချက်က တကယ့်ကို အားရစရာပဲ။ အဟဲ။

လူတစ်ယောက်က ဖုန်းကျောက်ဝမ်ရဲ့မျက်နှာကနေ ထုတ်လွှတ်နေတဲ့ ချောက်ချားစရာအအေးဓာတ်ကို လျစ်လျူရှုထားခဲ့တာ၊ ဒီတစ်ကြိမ် ကိုက်ချက်ကတော့ ဝမ်းသာစရာအကောင်းဆုံး အမှတ်တရပဲ။ ကျွန်မရဲ့အမြဲတမ်း အမှတ်ရနေဖို့ ထိုက်တန်တယ်။

သနားဖို့ကောင်းပါတယ်။ မင်းကြီးရဲ့ နဂါးလက်သည်းကို ကိုက်လိုက်တာ ကျွန်မအတွက် ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာမှန်း ကြိုသိခဲ့ရင် ဘာပဲပြောပြော ကျွန်မ သေချာ‌ပေါက် ကိုက်မိမှာမဟုတ်ဘူး။

ဖုန်းကျောက်ဝမ်ရဲ့လက်ကို ပတ်တီးစည်းပေးပြီးသွားမှပဲ ကျွန်မရဲ့အုံးနှောက်က လုံးဝကို ရှင်းလင်းသွားခဲ့တာ။ ပေါက်စီလိုဖြစ်သွားတဲ့အထိ စည်းပေးထားတဲ့ နဂါးလက်သည်းကို မြင်လိုက်ရမှ အခြေအနေရဲ့ ပြင်းထန်မှုကို ပထမဆုံးအကြိမ် ကျွန်မ သတိထားမိသွားခဲ့တယ်။

_ အခုလောလောဆယ် ကျွန်မက စီရင်ချက်ကို စောင့်ဆိုင်းနေရတဲ့ အဆင့်နိမ့်အကျဥ်းသားတစ်ယောက်ပဲ။

ဒီလိုစော်ကားတဲ့လုပ်ရပ်ကို ကျွန်မ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါကို ကျွန်မ လုပ်ခဲ့တာမဟုတ်ဘူး။ ဟုတ်တယ်မလား။

ဖုန်းကျောက်ဝမ်က ကျွန်မကို ပြုံးပြလိုက်ပြီး

“အန်းယိ မင်းက ကိုယ့်ဟာကိုယ် ဆင်ခြေပေးဖို့ စဥ်းစားနေတာလား”

သံမဏိသွေးနဲ့ မင်းကြီးက ပြုံးလိုက်ရင် အကျဥ်းသားတစ်ယောက်ရဲ့ ဆံပင်တွေကို ထောင်တက်သွားအောင် လုပ်နိုင်တယ်။

ကျွန်မလည်း ကျွန်မရှေ့ကို ဆန့်တန်းလာတဲ့ သူ့ခြေထောက်ကို ရူးကြောင်ကြောင်နဲ့ စောင့်ကြည့်နေခဲ့မိတယ်။ သူ့ရဲ့လေးနက်တဲ့ မျက်နှာထား ထက်ရှဲ့ဓားတစ်ချောင်းလိုဖြစ်နေပြီး သဘာဝကျတဲ့ အေးစက်စက် တင်းကြပ်တဲ့ ပြတ်သားမှုတစ်ခု ရှိနေခဲ့တယ်။ တစ်ခွန်းထဲ ပြောရမယ်ဆိုရင် ခိုင်မာတဲ့ပြစ်မှုတစ်ခု။

“ဆင်ခြေတွေ အကြောင်းပြချက်တွေ ရှာနေဖို့ မလိုတော့ဘူး၊ မင်း ငါကိုယ်တော်ရဲ့သည်းခံမှုကို စော်ကားခဲ့တာ နန်းတော်ထဲက နန်းတွင်းအစေခံတွေအားလုံး မြင်တယ်၊ မင်း အချက်ပေါင်းတစ်ထောင် ခုတ်ထစ်ခံရပြီး သေဖို့သာ စောင့်နေတော့”

အချက်တစ်ထောင်ခုတ်ပြီး သေရမယ်။ သဘောက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကနေ အသားတစ်လွှာချင်း လှီးရမယ်ပေါ့။ ဟော့ပေါ့မှာသုံးတဲ့ အသားလိုမျိုး ပါးနိုင်သမျှ ပါးပါးလေး။ လူတစ်ယောက် အသက်မထွက်ခင် အလွှာပေါင်း ၉၉၉လွှာရတဲ့ ပါးအောင်လှီးရမယ်။ ဒါက တကယ့်ကို မြင့်မားတဲ့အရည်အချင်းနဲ့ အမြင့်ဆုံးရက်စက်မှု သေဒဏ်ပေးတဲ့နည်းလမ်းပြ။ ကျွန်မ တစ်ခါတော့ သံသယဖြစ်ခဲ့မိသေးတယ်။ ဒီလိုနည်းလမ်းကို သုံးနိုင်တဲ့သူတွေက ဓားစွမ်းရည်အထူးကောင်းမွန်တဲ့ ‌တော်ဝင်စားဖိုဆောင်က စားတော်ကဲတေါများ ဖြစ်နေမလားလို့....။

အဲဒီအခိုက်တန့်လေးမှာ စဥ်းနှီးတုံးပေါ်က အမဲသားတစ်တုံး၊ ဒါမှမဟုတ် သိုးသားတစ်တုံးလို ကျွန်မ ခံစားလိုက်ရတယ်....။ သိုးတစ်ကောင်က အသတ်ခံရဖို့ စောင့်နေရတဲ့ ခံစားချက်ကို ဖုန်းကျောက်ဝမ်က ဘယ်လိုနားလည်နိုင်ပါ့မလဲ။ သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်အတွင်း အမြဲတမ်း ခေါင်းမော့ထားနိုင်ခဲ့ပြီး ဒီလို ဒုက္ခကိုမှ မခံစားခဲ့ဖူးတာ...

ကျွန်မမှာတော့ ကျွန်မရဲ့ပြစ်မားမိတဲ့ဦးခေါင်းကိုပဲ အဆုံးထိ ငုံ့ထားလိုက်ရပြီး ကျွန်မှာ ဒီလိုထက်တဲ့သွားမျိုးရှိတဲ့အတွက် မဆုံးနိုင်အောင် ရှက်မိနေရတော့တယ်။ မင်းကြီးကို တစ်ချက်လေး ကိုက်လိုက်မိတာ သွေးထွက်လာသတဲ့လေ...။ ဒါက လေးစားရတဲ့ မင်းကြီးရဲ့ အသားအရေက အရမ်းပါးလွှာလို့မဟုတ်ရပါပဲ ကျွန်မရဲ့သွားတွေကပဲ အရမ်းကို မာကြောနေလို့ဖြစ်ရတာပါ။ ‌နော်။

လေးစားရပါတဲ့ မင်းကြီးရဲ့အသားအရေက မြို့တံတိုင်းလို ထူထဲနေမယ်ဆိုရင်တောင် မင်းကြီးအနေနဲ့ အဖေကို တ,ရတဲ့အထိဖြစ်အောင် အမေကို အော်‌ခေါ်ရတဲ့ဖြစ်အောင်၊ မင်းကြီးရဲ့အသားအရေ ပျက်စီးပြီး ဒဏ်ရာရသွားတဲ့အထိ ကျွန်မ ကိုက်နိုင်သေးတယ်။

ခါးခါးသီးသီး မုန်းတီးစွာနဲ့ပဲ ကျွန်မက သူ့ရှေ့မှာ ဒူးထောက်လိုက်ပြီး နောင်တရသွားတဲ့ပုံနဲ့ ပြောလိုက်ပါတယ်။

“မင်းကြီး၊ လေးစားရပါသောမင်းကြီးက ဉာဏ်ပညာကြီးမြတ်လှပါတယ်၊ သဘေားထားကြီးမြတ်လှပြီး သဒ္ဒါတရားထက်သန်လှပါတယ်၊ ဒီအပြစ်သားနဲ့ ငြင်းခုံနေမယ့်သူ မဟုတ်ပါဘူး... ဒီအပြစ်သားက အိပ်ရင်းတန်းလန်း ခဏတာ အုံးနှောက်ထွေပြားသွားလို့ပါ... အမှန်တကယ်ကို အိပ်ရင်း စိတ်ထွေပြားသွားလို့ပါ....”

အကောင်းတိုင်းရှိနေသေးတဲ့ နဂါးလက်သည်းကို သုံးပြီး သူက ကျွန်မရဲ့ခေါင်းကို နှစ်ကြိမ်လောက် သပ်လိုက်တယ်။ ပဟေဠိဆန်ဆန် ခပ်တိုးတိုးရယ်မောလိုက်ပြီး သူက ပြောလိုက်တယ်။

“ငါကိုယ်တော် မင်းရဲ့ဒီခေါင်းကို ခဏလောက်တော့ ဆက်ပြီး ချန်ထားပေးလိုက်မယ်။

သူကအသံကို မြင့်လိုက်ပြီး အပြင်ဘက်ကို အော်ပြောလိုက်တော့တယ်။

“အစားအသောက်တွေ ယူလာခဲ့”

ကျွန်မမှာ အခုမှ သက်ပြင်းချနိုင်သွားတော့တယ်။

 တံခါးအပြင်ဘက်မှာ ထျန်းပင်းချင်က နန်းတော်ခန်းမ တံခါးရဲ့ ဟနေတဲ့ကြားထဲကနေ သံသယဖြစ်စရာမလိုအောင် နားထောင်နေတုန်း ကျွတ်ဆတ်ဆတ် ရှင်းလင်းတဲ့အသံတစ်ခု ထွက်လာခဲ့တယ်။ နန်းတော်ခန်းမတံခါးက ကျွီခနဲမြည်သံတစ်ခုနဲ့ ပွင့်သွားခဲ့တယ်။ အအေးလေးမျိုး၊ အပူလေးမျိူးပါတဲ့ စုစုပေါင်း ဟင်းလျာရှစ်မျိုးကို စားပွဲပေါ်မှာ စီထားလိုက်တယ်။ မနေ့ကထက်စာရင် ပိုပြီးအများကြီးနဲ့ အလျှံပယ်ပဲ။

မင်းကြီးက ခြေနှစ်လှမ်းထဲနဲ့ စားပွဲကို ရောက်သွားပြီး ဖြေးဖြေးချင်းထိုင်ချလိုက်တာကို ကျွန်မကတော့ မတတ်သာဘဲ ကြည့်သာနေရတယ်။ တစ်ချိန်လုံး ကျွန်မမှာ ဒူးဆက်ထောက်နေဖို့ပဲ တတ်နိုင်ခဲ့တယ်။ စားပွဲပေါ်ကို လည်ပင်းဆန့်ပြီးကြည့်လိုက်တော့ တိုးဝင်လာတဲ့ အသားနံ့က သွားရေစီးကျလာအောင် ထိုးဆွနေ‌တော့တယ်__ ထင်မထားဘူး။ စားပွဲပေါ်မှာ ဝက်သားနီးကင်ချက်ရှိနေတာပဲ။

သူ့လက်နဲ့ ဟိုရွယ်ဒီရွယ်လုပ်ရင်း သူက ကျွန်မကို အေးစက်စက်အကြည့်တစ်ချက် လှမ်းပစ်လိုက်တယ်။

“အခုထိ မြန်မြန်မလာ‌‌သေးဘူးလား”

ကျွန်မလည်း မဟာခွင့်လွှတ်မှုကို ရသွားတာနဲ့ လေလိုပဲ မြန်မြန်ဆန်ဆန် ထရပ်လိုက်ပြီး ထမင်းစား စားပွဲဆီကို ပစ်ဝင်လိုက်တော့တယ်။ ငွေတူကို မကိုင်ရသေးခင်မှာပဲ ကျွန်မကိုက်တာခံထားရဲ့ သူ့ညာဖက်လက်ကို ဆန့်လိုက်ပြီး အသာအယာ ချောင်းဟန့်ပြတော့တယ်။

သူ့နောက်မှာ ရပ်နေတဲ့ နန်းတွင်းအစေခံမ‌လေးက အလိုက်တသိ ရှေ့တက်လာပြီး သူ့အတွက် အစားအသောက်ကို ယူပေးဖို့ ကိုယ်ကိုညွှတ်လိုက်တယ်။ သူမက ငွေတူကို ကိုင်ဖို့ ပြင်လိုက်ပေမဲ့ ကြောက်စရာကောင်းလွန်းတဲ့ သူ့စကားတစ်ခွန်းက သူမကို ငိုသွားတော့မတတ် လန့်ဖြတ်သွားစေခဲ့တယ်။

“ထွက်သွားစမ်း၊ ဘယ်သူက မင်းကို လုပ်ခိုင်းလို့လဲ”

ထျန်းပင်းချင်က ကျွန်မကို ကိုယ့်ဟာကိုယ် ကံကောင်းဖို့ ဆုတောင်းပေတော့ဆိုတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်ပြီး နန်းတွင်းအစေခံတစ်အုပ်နဲ့အတူတူ တိတ်တိတ်လေး ပြန်ထွက်သွားခဲ့တယ်။

ဒီသောက်ကျိုးနဲမိန်းမစိုးဆိုတဲ့ဟာက တကယ်ပဲ ထွက်ပြေးသွားရဲသတဲ့။

ဖုန်းကျောက်ဝမ်က ဘာမှမဖြစ်သလိုနဲ့ ပြောလိုက်တယ်။

“ငါကိုယ်တော် ဗိုက်ဆာနေပြီ__”

လေးစားရတဲ့အရှင်မင်းကြီးက ဗိုက်ဆာတယ်ဆိုလည်း ကျေးဇူးပြုပြီး စားတော့လေနော်။ ကျွန်မမှာ အဲလိုအကျယ်ကြီး အော်လိုက်ချင်ပေမဲ့ သူရဲ့ဝှစ်ခနဲအေးစက်စက်အကြည့်နဲ့ ဆုံသွားတော့ ကျွန်မလည်း တခြားရွေးစရာမရှိတော့ဘဲ မျက်နှာချိုသွေးပြီး အတင်းပြုံးပြလိုက်ရတော့တယ်။ ကိုယ်ကိုညွှတ်လိုက်ပြီး တူကောက်ကိုင်ရင်း သူ့ကို အစားအသောက် ခွံ့ကျွေးလိုက်ရတော့တယ်။

အဲဒီလူက ထိုင်နေပြီး ကျွန်မက ရပ်နေရတာလေ။ အဲဒီလူက စားသောက်နေတော့ ကျွန်မက ရပ်ကြည့်နေရတာပေါ့....။ ကျွန်မရဲ့လက်ရှိအခြေအနေထက် ပိုပြီးသနားစရာကောင်းတယ်လို့ စဥ်းစားလို့ရမယ့် တစ်ယောက်ယောက်များ ရှိနိုင်ပါ့မလား။

ကျွန်မရဲ့အတွေးတွေကို မောင်းထုတ်လိုက်ပြီး ကျွန်မရဲ့စူးရှလှတဲ့အကြည့်က ဖုန်းကျောက်ဝမ်ဆီမှာ ရပ်တံ့သွားခဲ့တယ်။

တကယ်တော့ ချီနိုင်ငံရဲ့ ယောက်ျားသားတွေအားလုံးက အရပ်မြင့်ပြီး ချောမောကြတယ်။ ကျွန်မရှေ့က လူကတော့ အထူးတလည်ကို ပိုပြီးချောမောနေတာပေါ့။ ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်၊ ခါးသိမ်သိမ်တွေနဲ့ ဒီအတိုင်း ‌အေးအေးဆေးဆေး ထိုင်နေရင်တောင် တဖက်လူကို ကြောက်ရွံ့တုန်လှုပ်စေနိုင်တဲ့ အိန္ဒြေတစ်ခုရှိပြီး ကျွန်မက ခွေးခြေခုံပေါ် တက်ရပ်လိုက်တာလောက်နဲ့ညီတဲ့ အရပ်အမြင့်လည်းရှိတယ်။ သူ့မျက်နှာသွင်ပြင်က လေးနက်ပြီး တောက်ပတဲ့မျက်လုံးတွေရှိတယ်။ သူ ကျွန်မကို ကြည့်နေတုန်းက သူ့မျက်နှာထားကို လျစ်လျူရှုထားမိရင် သူက ကျွန်မကို စဥ်းနှီတုံးပေါ်က အသားတုံးတစ်တုံးလို ကြည့်နေလိမ့်မယ်။ နောက်ပြီး သူ့ထမင်းစားတဲ့အချိန် အပြုအမူတွေကလည်း ယဥ်ကျေးလိုက်တာဆိုတာ။ သူ့ရဲ့ထူးချွန်ထက်မြက်လှတဲ့ အရည်အချင်းတွေနဲ့ ပေါင်းလိုက်ရင် သူ့ကို ပြီးပြည့်စုံတဲ့သူလို့ သတ်မှတ်လို့ရတယ်။

ဒီအချိန်မှာ ဖုန်းကျောက်ဝမ်က ချေးမများနေတော့ဘူး။ သူ့ပါးစပ်ထဲကို ကျွန်မထည့်ပေးလိုက်တာကိုပဲ နာနာခံခံနဲ့ စားလိုက်တော့တယ်။ သူက ၇ပုံ ၈ပုံလောက် ဗိုက်ပြည့်သွားတာကို တွေ့လိုက်ရတော့ ကျွန်မက ဝက်သားနီတုံးတစ်တုံးကို လှမ်းယူမယ်ပြင်လိုက်တဲ့အချိန်မှာ ထျန်းပင်းချင်ရဲ့ နားကွဲမတတ် စူးရှတဲ့အသံက ထွက်လာခဲ့တယ်။

“မင်းကြီး ယွီဖင်က တွေ့ခွင့်တောင်းနေပါတယ်”

ဒီသောက်ကျိုးနဲ မိန်းမစိုးကတော့ အမြဲတမ်း အပြင်က‌နေ ခေါင်းလေးပြူထွက်ပြီး နန်းတော်ခန်းမရဲ့တံခါးကနေ အထဲကို ကြည့်နေတော့တာပဲ။ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာသိသားပဲ။

ဖုန်းကျောက်ဝမ်က သူမကို တွေ့မယ်လို့မပြောလိုက်သလို မတွေ့ချင်ဘူးလို့လည်း မပြောလိုက်ဘူး။ သူ့ဖီးနစ်မျက်လုံးတွေက ကျွန်မအပေါ်မှာ အသာအယာ လွှင့်မြောသွားခဲ့တယ်။

“အန်းယိ မင်း ဒီမနက်တုန်းက မက်မွန်တောထဲမှာ ယွီဖင်နဲ့ အခြေအတင်စကားများခဲ့တယ်ဆို”

အွန်း။ ယွီဖင်ဆိုတာလေ သူ ငယ်ငယ်ကတည်းက ကြီးလာတဲ့အထိ အမြဲတမ်း သိမ်မွေ့ပြီး သဘောကျစရာကောင်း‌လေတော့ သူနဲ့ကျွန်မ အချင်းများကြတဲ့အကြိမ်တိုင်း အပြစ်ပေးခံရတဲ့သူက အမြဲတမ်းကျွန်မ ဖြစ်ခဲ့တာပေါ့။ တကယ်တော့ ဒီလောက်အချိန်တွေ ကြာသွားတာတောင်မှ ကျွန်မက အတွေ့အကြုံတွေကနေ အခုထိ မသင်ယူတတ်ခဲ့သေးတာပဲ။ ကျွန်မက ကျွန်မရဲ့လည်ပင်းကို ကာလိုက်ပြီး သူ့မေးခွန်းကို ပြန်ဖြေလိုက်တယ်။

“မင်းကြီး အရှင်က အရှင့်ရဲ့အလှလေးကို ကာကွယ်ပေးချင်နေတာလား” ပြောပြီးသွားတာနဲ့ချက်ချင်းပဲ ကျွန်မ နောင်တရသွားတော့တယ်။

ဖုန်းကျောက်ဝမ်က နန်းတွင်းအစေခံမလေးတစ်ယောက် ယူလာပေးခဲ့တဲ့ လက်ဖက်ရည်ကို တငုံအပြည့်မြိုချလိုက်ပြီး သူ့ရဲ့ရှည်လျားတဲ့ မျက်ခုံးတွေက သိသိသာသာ ခေါက်ကြောင်းတစ်ခုအသွင် တွန့်ချိုးသွားခဲ့တယ်။ ကျွန်မ ကိုယ့်ဟာကို ပြန်စဥ်းစားလိုက်တယ် - သွားပြီ၊ ငါတော့ သွားပါပြီ၊ သူ့ရဲ့လူသတ်ချင်တဲ့ စိတ်ကို သွားဆွမိပြီ... သေတော့မှာပဲ။ ဒီတော့ အနည်းဆုံး ဝက်သားနီချက်နောက်တစ်တုံးလောက် စားလိုက်တာက အကောင်းဆုံးပဲ။

ကျွန်မက ပါးစပ်ထဲကို အသားတစ်တုံးအထည့်မှ သူက ဘာမှမဖြစ်သလိုနဲ့ ထပ်ပြောလိုက်တယ်။

“မင်းနဲ့ ယွီဖင်နဲ့ တစ်ခါက အသိတွေပဲ၊ ယွီဖင်ရဲ့အကျင့်က ဘယ်လိုရှိလဲ”

အရှင်က သူနဲ့ ခေါင်းအုံးတစ်လုံးထဲ အတူတူအိပ်တဲ့သူလေ။ သူ့အကျင့်ဘယ်လိုရှိတာ မသိဘူးလို့တော့ မပြောဘူးမလား။

စကားလုံးတွေက ပါးစပ်ဖျားလေးတင်အရောက် အတင်း ပြန်မြိုသိပ်ထားလိုက်ရတယ်။ ဟဲဟဲ လို့ရယ်ပြလိုက်ပြီး ကျွန်မ ပြန်ဖြေလိုက်ပါတယ်။

“အရှင့်မျက်လုံးထဲကို ဝင်ရောက်လာနိုင်တဲ့ မိန်းမလှလေးတွေ၊ မင်းကြီးရဲ့နန်းတော်ထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခံရအောင် လုပ်နိုင်တဲ့မိန်းမလှလေးတွေ၊ အားလုံးက ယှဥ်ပြိုင်နိုင်စွမ်း၊ အရည်အချင်းနဲ့ လေးစားအားကျဖွယ်ရာထက် သာလွန်ပြီး သေချာပေါက် တောက်ပနေမှာအမှန်ပဲလေ” နည်းနည်းလောက်ထပ်စဥ်းစားပြီး ကျွန်မက မြောက်ပင့်တဲ့စကားတစ်ခွန်း ထပ်ပြောလိုက်သေးတယ်။

“အဲဒီ ယွီဖင်က မင်းကြီးကို စောင့်စားနိုင်တယ်ဆိုတာ တကယ့်ကိုပဲ ကံကောင်းခြင်းတစ်မျိုးပဲပေါ့ နော်!

အဲဒီအပြင်ကို သူက လေးစားအတူယူဖွယ်မင်းကြီး အရှင့်ကို ဧရာမသိက္ခာတော်ကြီးကျဆင်းအောင် အရှက်ခွဲနိုင်တယ်လေ။ ဒီအပြစ်သားကတော့ ဖြစ်လာမယ့်အရာကို အမှန်တကယ်ပဲ ဝမ်းသာအားရနဲ့ မျှော်လင့်နေပါပြီနော်။

သူက ကျွန်မကို စိတ်ဝင်စားတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး

“မင်းက မင်းကိုယ်မင်း ကြွားပြနေတာလား၊ မင်းမှာ အနှိုင်းမဲ့အရည်အချင်းနဲ့ လေးစားဖို့ထက်ကောင်းတဲ့ တောက်ပမှုမျိုး ရှိတယ်ပေါ့ ဟုတ်လား”

ကျွန်မရဲ့မျက်နှာက နီရဲသွားပြီး သူ့ကို တအံ့တဩ ဆွံ့အပြီး စိုက်ကြည့်နေမိလိုက်တယ်.... ဘုရင်တစ်ပါးဖြစ်ပြီး အရှင်က တကယ့်ပဲ ဒီလောက်တောင်  မျက်နှာပြောင်နိုင်တာကိုး။

နောက်ဆုံးတော့ ကျွန်မရဲ့မကျေနပ်ချက်နဲ့ နာကြည်းမှုတွေကို ဖုံးကွယ်ထားရတာ အရမ်းကို ခက်ခဲလွန်းတာကြောင့် ဒေါသတကြီးနဲ့ အော်ဟစ်ပစ်လိုက်တော့တယ်။

“အရှင်မင်းကြီး၊ အရှင့်ရဲ့မှတ်ဉာဏ်တွေက ပျောက်ကုန်ပြီလား၊ ဒီအပြစ်သားက အဖမ်းခံလိုက်ရပြီး မင်းကြီးရဲ့နန်းတော်ထဲကို ဖိးအားနဲ့ ဝင်ခဲ့ရတာပါ” ဒါက သန့်သန့်ရှင်းရှင်းနဲ့ ရေချိုးသန့်စင်ပြီး သူတို့ကိုယ်တိုင် အလိုရှိရှိနဲ့ အရှင့်တံခါးဆီ ရောက်လာကြတဲ့ မိန်းမလှလေးတွေနဲ့ ပင်ကိုအားဖြင့် ကွာခြားလှတဲ့ကိစ္စ။

“မင်းရဲ့ ဒီလေသံကို နားထောင်ရတာ ဒီဘုရင်ရဲ့အရာရှိတွေက လူမှားပြီး ဖမ်းခဲ့ကြတာလို့ မင်းက ဝေဖန်နေတာလား၊ သူတို့တွေက မင်းကို မဖမ်းခဲ့သင့်ဘူးပေါ့လေ”

. . ....

ကျွန်မက မင်းကြီးရဲ့မှတ်ချက်ကို ငြင်းဆန်ပြီး ကျွန်မကို ဖမ်းခဲ့တဲ့ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့တဲ့ ရန်ဖင်ကို ကျေကျေနပ်နပ်ကြီး ဝေဖန်နေတဲ့အတိုင်းပေါ့လေ။ ဟုတ်လား။

သူက ကျွန်မကို ကြည့်လိုက်ပြီး ဘာမှဂရုမစိုက်သလို ပြုံးလိုက်တယ်။ ဗိုက်ပြည့်အောင် စားပြီးသွားလို့ သူ့စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေတဲ့ပုံပဲ။

“ကောင်းတာပါပဲ၊ မင်းက သန့်သန့်ရှင်းရှင်း ဆေးကြောပြီးရင် မင်းကြီးရဲ့နန်းဆောင်ကို ကိုယ်တိုင်အရောက်လာလိုက်ပေါ့ ဟုတ်ပြီလား”

ကျွန်မလေ အရှင်မင်းကြီးရဲ့ ချောမောလှတဲ့မျက်နှာတော်ကို လက်သီးတစ်ချက်လောက် ထိုးပစ်ချင်ခဲ့တာ။ တကယ် တကယ်။ သူ့မျက်လုံးကို ညိုမဲသွားစေမယ့် လက်သီးတစ်ချက်လောက်လေ။

_ သူ့ရဲ့ဒီပါးစပ်က အရမ်းကိုပဲ မုန်းဖို့ကောင်းလိုက်တာ။

သမိုင်းပညာရှင်တွေက သူတို့ရဲ့စုတ်တံကို ဓားတစ်ချောင်းလို ဝေ့ယမ်းနိုင်တယ်လို့ ပြောကြပေမဲ့ ဖုန်းကျောက်ဝမ်ရဲ့ဒီပါးစပ်ကတော့ ဓားတစ်ချောင်းထက်တောင် ပိုအစွမ်းထက်သေးတယ်။ ဝက်သားနီချက်ကို မခွဲခွာနိုင်ဖြစ်နေတဲ့ ကျွန်မကို ပြတ်သားသွားစေပြီး မျက်ရည်တွေရွှဲလို့ နန်းတော်ထဲက မထွက်ခွာနိုင်ခဲ့တာကိုပဲ သေလောက်အောင် မုန်းမိတော့တယ်။

တကယ်လို့ ကျွန်မက အဲလိုလုပ်ချင်တယ်ဆိုရင် သူက အရင်ဆုံး နန်းတော်တံခါးကို ဖွင့်ပြီး ကျွန်မရဲ့ပြစ်မှုကို ခွင့်လွှတ်ပေးအုံးမှလေ။

🍂🍂🍂

ရှေ့သို့

နောက်သို့

 

 

 

AYအခန်း(၆)

အခန်း(၆) လမ်းကျဥ်းတစ်ခုပေါ်က ရန်သူများ၊ မျက်လုံးနီနီနဲ့ချစ်သူလုဖက်

နန်း‌တော်ဥယျာဥ်ထဲက မက်မွန်တောက အစာခြေတဲ့နေရာမှာ အထောက်အကူပြုဖို့ အပျင်းပြေ လမ်းလျှောက်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်သလို ချစ်သူတွေ ချိန်းတွေ့လို့ကောင်းတဲ့ နေရာတစ်ခုပေါ့။

. . .

အဲဒီနှစ်မှာ ချန်နိုင်ငံတော်ကြီး ဖျက်ဆီးခံလိုက်ရပြီး ရှေ့တန်းကနေ ပြန်လာတဲ့ ကျွန်မကို ရှောင်ဟွမ်က ဆွဲထွက်သွားတာ နန်းတော်ဥယျာဥ်ထဲက မက်မွန်းပန်းတွေကို သွားကြည့်ချင်လို့တဲ့လေ။ နှစ်တိုင်း ၃လပိုင်းဆိုရင် နန်းတော် ဥယျာဥ်ထဲက မက်မွန်ပွင့်တွေက ကြက်သွေးရောင်လွှမ်း မွှေးပျံ့နေတာ ဘရိုကိတ်သားကို အပုံလိုက်ချထားသလို၊ အနီရောင်တိမ်တွေကို အလွှာလိုက်ထပ်ထားသလိုပဲ။ ဒါက ပန်းသီးရိုင်းတွေ စွေးစွေးနီတဲ့ ရာသီဆိုလည်း အဟုတ်ပဲ။

အပြင်လောကကတော့ စစ်မီးနဲ့အဆိပ်သင့်တာ သနားစရာပါ။ ချီနိုင်ငံရဲ့စစ်တပ်က နေပြည်တော်ကို ဝင်တိုက်နေပြီး မြို့တံခါးကို တစ်ချက်ချင်း ထုရိုက်နေတဲ့ သစ်တုံးထုသံက လူတွေရဲ့ဆန္ဒကို ရက်ရက်စက်စက် ထုခြေနေတဲ့ လေးလံတဲ့တူကြီးတစ်ခုလို သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့ သတ္တိတွေကို ထိန်းချုပ်လို့မရနိုင်လောက်အောင် တုန်လှုပ်နေတဲ့အထိ ထုခြေနေလေရဲ့။ တကယ်တော့ ကျွန်မတို့လည်း အဲဒီနေရာကို မသွားခဲ့ပါဘူး။

. . .

ဗိုက်ပြည့်နေအောင် စားသောက်ပြီး ကျွန်မမှာစောင့်ရှောက်ပေးရမယ့် ကလေးလည်း မရှိတော့ဘူးဆိုတော့ နွေဦးနေ့ရက်တွေက တောက်ပပြီး နေသာတယ်လို့ပဲ ခံစားမိလိုက်တယ်။ ထျန်းပင်းချင်က အဖော်လိုက်လုပ်ပေးပြီး ကျွန်မက အနီးတဝှိုက်ကို လျှောက်လာပြီးမှ နောက်ဆုံးတော့ မက်မွန်ပွင့်တောဆီမှာ အဆုံးသတ်သွားခဲ့တယ်။ နူးညံ့တဲ့မွှေးရနံ့က ကျွန်မနှာခေါင်းထဲ ဝင်လာပြီး အနီရောင်တိမ်သား ခန်းဆီးတစ်ခုက ကျွန်မရဲ့မျက်လုံးတွေထဲမှာ ပြည့်သွားပြီး ကျွန်မနှလုံးသားထဲမှာ အေးချမ်းမှုကိုပဲ ခံစားလိုက်ရတယ်။ ကျွန်မ ကိုယ့်ဟာကိုယ် စဥ်းစားမိလိုက်တယ်။ ချီနိုင်ငံရဲ့အကျဥ်းသားတစ်ယောက်က ဝမ်းဗိုက်ပြည့်လို့ လှပတဲ့ရှုခင်းကို ရှုစားနေနိုင်တာ ရှောင်ဟွမ်များ သိခဲ့ရင် သူက အရမ်းကို နောင်တရနေမိမလားလို့လေ။

ဒီလိုနေရာမျိုးမှာ ချင်းယွင်ကျန်းနဲ့ မမျှော်လင့်ဘဲ တွေ့ရတာလည်း ဒီအတိုင်း လမ်းကျဥ်းလေးထဲမှာ ရန်သူနဲ့တွေ့လိုက်ရသလိုပဲ။

နန်းတွင်းအစေခံမလေး လေးယောက်က ချင်းယွီကျန်းနောက်ကနေ တန်းစီပြီးလိုက်လာခဲ့တယ်။ ကျွန်မ မမှတ်သ‌လောက်ကတော့ ကျွန်မအသက်အရွယ်နဲ့ယှဥ်ရင် သူက တစ်နှစ်ငယ်ပါသေးတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူက အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်လို ဝတ်စားထားလေရဲ့။ လည်ပင်းလေးကို ဆန့်ပြီး မက်မွန်ပန်းသစ်တောကို မျက်နှာမူထားတဲ့ ကျောက်တုံးတံတားလေးကို စိတ်မရှည်လက်မရှည်နဲ့ ကြည့်နေတယ်။ သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒနဲ့ဆိုရင် သူက အားမားကျောက်ဆောင် (ဇွဲရှိလွန်းတဲ့အတွက် ပင်လယ်နတ်သမီးရဲ့ ချီးမြောက်ခံရတဲ့အမျိုးသမီး)တောင်ဖြစ်နိုင်တယ်။

ထျန်းပင်းချင်နဲ့ကျွန်မက သူတို့နောက်ကနေ ဖြတ်အသွားမှာ ဒီထူးဆန်းတဲ့မြင်ကွင်းကို မြင်လိုက်ရပြီး ရှေးလူကြီးတို့ရဲ့အဆိုကို လက်ခံနိုင်သွားခဲ့တယ်: သက်ရှိသတ္တဝါတွေ မဆုံတွေ့ကြတဲ့နေရာတစ်ခု ရှိသေးလို့လားတဲ့။

ချန်နိုင်ငံ ရွေ့တော်ဝင်မင်းသားရဲ့ ပထမဇနီးကနေ မွေးလာတဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ချင်းယွင်ကျန်းက မောက်မာပြီး ကျွန်မရဲ့ခေါင်းကို တက်နင်းတတ်လေ့ရှိတယ်။ ကျွန်မ ထင်ထားတာက ချန်နိုင်တော်ပြီး ဖျက်က်ဆီးခံလိုက်ရပြီဆိုတော့ ဒီကောင်မ‌လေးကလည်း ဘာပဲဖြစ်ဖြစ် တော်ဝင်မိသားစုရဲ့ သေရေးရှင်ရေး အကြပ်အတည်းထဲမှာ ပါသွားလိမ့်မယ်လို့ ထင်ထားခဲ့တာမလား။ ဘယ်သူက ထင်ထားမှာလဲ။ ရှောင်ဟွမ်ကို အပြင်ဘက်မှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ပျိုးထောင်ရင်း ပတ်ပြေးနေရပြီးမှ ဖမ်းခံလိုက်ရတဲ့ အဆင့်နိမ့်အကျဥ်းသားတစ်ယောက်ဖြစ်လာပြီး ပြန်ခေါ်လာခံခဲ့ရတဲ့ ငါနဲ့ယှဥ်ရင် ပိုပြီး နိမ့်ကျသလို အဆင့်မသာနိုင်တဲ့ ဒီမိန်းကလေးက ထန်းပင်းချင်ကို အရင်ဆုံး ရှေ့ထွက်ပြီး နှုတ်ဆက်ခိုင်းရလောက်တဲ့အထိ ဖြစ်လာမယ်လို့လေ။

“ယွီဖင်ကို နှုတ်ဆက်ပါတယ်” ဆိုတဲ့စကားက ကျွန်မအတွက် ကြည်လင်နေတဲ့ကောင်းကင်ကနေ ခေါင်းပေါ်ကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ကျွန်မရဲ့ ရှုပ်ထွေးသွားတဲ့ စိတ်အခြေအနေက လက်ရှိအချိန်က နေခင်းဖြစ်ရမဲ့အစား ညပိုင်းဖြစ်သွားလို ထင်ယောင်ထင်မှားတောင် ဖြစ်သွားခဲ့တယ်။

_ သူမဆိုတဲ့ ချင်းယွီကျန်းက ဖုန်းကျောက်ဝမ်ရဲ့ ဖင်အဆင့်မိဖုရား ဖြစ်လာသတဲ့လား။

ဒါက ဒီအတိုင်းကို လောကကြီးရဲ့ အကြီးမားဆုံးဟာသတစ်ခုပဲ။

ဟိုတုန်းကတော့ ရန်ဖင်ကို ရတဲ့နည်းနဲ့ လက်ထပ်ပြီး သူ့မိန်းမဖြစ်လာဖို့ မရမက ကြိုးစားခဲ့တာမဟုတ်ဘူးလား။

တစ်ချိန်က ကျွန်မရဲ့အုံးနှောက်ကို အရည်ထွက်တဲ့အထိ ဖျစ်ညစ်ပြီး သူ့ကို လက်တုန့်ပြန်ချင်မိတဲ့အထိ ကျွန်မ သူ့ကို အရိုးထဲအထိ မုန်းခဲ့ဖူးတယ်။ ကျွန်မ မသိခဲ့တဲ့နေရာတစ်ခုမှ ကံတရားက အစောကြီးကတည်းက သူ့ကို ရက်စက်တဲ့ရိုက်ချက်တစ်ခု ပေးခဲ့ပြီးပြီဆိုတာကို ကျွန်မ လုံးဝ မစဥ်းစားခဲ့မိဘူး။

ဒီအရာထက် ပိုပြီးစိတ်ကျေနပ်စေတဲ့သတင်း ဘာရှိအုံးမှာလဲ။

ကျွန်မမှာ ‘ဟား’ခနဲအော်ရယ်ရလောက်အောင် ကိုယ့်ဟာကို မထိန်းချုပ်နိုင်ခဲ့တာတော့ အမှန်ပဲ။ အဲဒီအသံကို ကြားလိုက်တော့ သူမက ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ကျော့ရှင်းလှတဲ့မျက်ခုံးတွေက မသိမသာ တွန့်ရှုံ့သွားပြီး လုံးဝမပျော်ရွှင်နိုင်တဲ့ပုံနဲ့ ကျွန်မကို ဒေါသတကြီး ခပ်စိမ်းစိမ်းကြည့်နေလိုက်တယ်။ သူမဘေးက နန်းတွင်းအစေခံမလေးက အသံကျယ်ကျယ်နဲ့ ပြစ်တင်မာန်မဲတော့တယ်။

“အတင့်ရဲလိုက်လေ၊ ယွီဖင်ရှေ့မှာရောက်နေတာတောင် ဒူးမထောက်သေးဘူးလား၊ နင် ဘယ်နန်းဆောင်ကလဲ၊ ဒီလောက်တောင် ရိုင်းစိုင်းရသလား”

အဲဒီနန်းတွင်းအစေခံကို မျက်နှာချင်းဆိုင်လိုက်ပြီး ထျန်းပင်းချင်က ဝါးစားမတတ်ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး

“အဆင့်နိမ့်အစေခံမ နင်က မင်းကြီးရဲ့နန်းတော်က လူတွေကို ပညာပြရဲသေးတယ်ပေါ့လေ၊ လာကြစမ်း၊ သူ့ကို အပြစ်ပေးခန်းဆီ ဆွဲသွားလိုက်” သူ့ရဲ့စောစောက တရိုတသေ နှုတ်ဆက်ပုံကို လုံးဝမမြင်ရတော့ဘူး။

သူ့စကားက ကျွန်မကို ကာကွယ်ပေးဖို့ လှိမ့်လုံးတစ်ခုလို့ပဲ သဘောထားလိုက်ပြီး ကျွန်မက သူ့ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ အနက်ရောင်ဝတ် လူတစ်ယောက်က နောက်ကနေ ရုတ်တရက်ပေါ်လာပြီး သူမက ကလေးရုပ်ဖြစ်နေပေမဲ့လည်း နန်းအတွင်းစေခံကို သယ်သွားလိမ့်မယ်လို့တော့ ထင်မထားမိခဲ့ပါဘူး။ အဲဒီနန်းတွင်းအစေခံမလေးက မိုးအောက်မြေပြင်တခွင်လုံးကြားအောင် အော်ငိုရင်း “ယွီဖင်ကယ်ပါလို့” သူမကို တောင်းပန်နေလေရဲ့။ ထင်မထားတာက သူမရဲ့ “ယွီဖင်”ဆိုသူက ဒီသုံးနှစ်အတွင်းမှာ တိုးတက်လာပုံများက သူမက ထျန်းပင်းချင်နဲ့ မငြင်းခုံတော့ပဲ အဝေးကို ဆွဲခေါ်သွားခံလိုက်ရတဲ့ အဲဒီနန်းတွင်းအစေခံမလေးကို ဒီအတိုင်း ကြည့်နေလေတယ်။ အဲဒီနောက်မှာမှ သူမက ဘာမှမဖြစ်သလို ပြောလိုက်တယ်။

“ထျန်းကုန်းကုန်း ဒီကလေးမလေးတစ်ယောက်အတွက်နဲ့ ဘာလို့ စိတ်ရှုပ်ခံနေတာလဲ”

အပ်တစ်ချောင်းလို မျက်လုံးအစုံက ကျွန်မရှိရာဖက်ကို ထိုးစိုက်လာပြီး

“ဒီမိန်းကလေးက ... အရမ်းရင်းနှီးတယ်နော်”

ကျွန်မရဲ့စိတ်ထဲမှာတော့ တိတ်တိတ်လေး စိတ်အေးမိသွားခဲ့တယ်။ တော်ပါသေးရဲ့။ ထွက်ပြေးဖို့ လုံးဝမစဥ်းစားခဲ့မိပေလို့ပဲ။ မဟုတ်လို့ကတော့ နောက်တစ်ခါ ထပ်ပြီးအဖမ်းခံရရင် နေရာမှာတင် သေချာပေါက် သေရလိမ့်မယ်။ ဘယ်လိုလုပ်ပြီး အသက်တောင် ရှင်နိုင်ပါတော့မလဲ။ ချင်းယွီကျန်းရဲ့ အပ်တစ်ချောင်းလို မျက်လုံးတွေကို မြင်လိုက်ရတော့ ကျွန်မက အသံထွက်ပြီး ရယ်လိုက်မိတယ်။ ကျွန်မ မေ့သွားတော့မလိုလေ။ ဒီလူက ကျွန်မကို အမျိုးသမီးအဝတ်အစားနဲ့ တခါမှ မမြင်ခဲ့ဖူးဘူးပဲ။

“ယွီဖင်ကို နှုတ်ဆက်ပါတယ်၊ မင်းကြီးရဲ့ဂုဏ်အရောင်အဝါအောက်မှာ ယွီဖင်တစ်ယောက် ဂုဏ်ရောင်ထွန်းပြောင်ပြီး ချမ်းသာကြွယ်ဝပါစေ၊ အဆုံံးမရှိ ပျော်ရွှင်သက်ရှည်ပါစေ”

ကျွန်မက အမှားတစ်ဝက်  အမှန်တစ်ဝက်ပါတဲ့ ဆုမွန်ကောင်းကို ကြားလိုက်ရတော့ ချင်းယွီကျန်းရဲ့ တင့်တယ်လှတဲ့မျက်နှာက ပြာတစ်ဝက် ဖြူတစ်ဝက်ဖြစ်သွားတော့တယ်။ သူမက တုန်ယင်နေတဲ့လက်နဲ့ ကျွန်မကို လက်ညိုးထိုးပြီး

“နင်... နင်... နေပါအုံး နင်က ဘယ်သူလဲ”

ထျန်းပင်းချင်က ကမာတစ်ကောင်လို နှုတ်ဆိတ်နေလိုက်ပြီး အရမ်းကို ရိုကျိုးတဲ့အမူအရာတစ်ခုကို ‌ဆောင်ထားလိုက်တယ်။ သူက သူ့ပါးစပ်ကို တင်းနေအောင်စေ့ထားပြီး တခြားနေရာကို ကြည့်ရင်း ဒီလိုနဲ့ သူမကို ပြောပြဖို့ ငြင်းဆန်လိုက်တော့တယ်။

_ ဒီနန်းတွင်း ကုန်းကုန်းလေးက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပဲ။

ကျွန်မ စိတ်ထဲမှာ ကျိတ်ပျော်နေတုန်း နန်းတွင်းအစောင့်တဖွဲ့က အဲဒီကျောက်တံတားကို ဖြတ်လျှောက်လာခဲ့ကြတယ်။ ဦးဆောင်တဲ့သူက အဆင့်လေးစစ်ဖက်အရာရှိ ဝတ်စုံကို ဝတ်ထားပြီး ‌ကျောက်စိမ်းလေးကို ထူးခြားနေမှတော့ သေချာ‌‌ပေါက် ရန်ဖင် ပဲပေါ့။

သူတို့ပြောတဲ့ စကားတွေက တကယ်မှန်တာပဲ။ တစ်ယောက်က ပြဇာတ်ကောင်းတစ်ခုကို ကြည့်ချင်ရင် တစ်ယောက်ကတော့ ပြဇာတ်စင်ကို ဆောက်ပေးလိမ့်မယ်တဲ့။

ကျွန်မတစ်ယောက်ထဲက ပြဇာတ်ကြည့်ရမယ်ဆိုမှတော့ ထင်းနည်းနည်းလောက် ထပ်ထည့်လိုက်ရလည်း စိတ်မကွက်ပါဘူး။

“ယွီဖင်ကို လျှောက်တင်ပါတယ်၊ ချန်နိုင်ငံတော်ကြီး မပျက်သုဥ်းခင်က တော်ဝင်မင်းသမီး ယွီကျန်းဟာ သူ့စိတ်ထဲမှာ ရန်ဖင်လို့ခေါ်တဲ့ လူငယ်လေးကိုပဲ ထည့်ထားပြီး တခြားသူတွေကို လက်ဆက်ဖို့ ငြင်းခဲ့တာကို ဒီအဆင့်နိမ့်တဲ့ကျွန်မက မှတ်မိနေပါသေးတယ်၊ သုံးနှစ်တာ ခွဲခွာပြီးနောက်မှာ ဘယ်လိုဖြစ်ပြီး မယ်မယ်က တခြားအတွက် သူ့ကို ဖယ်ခွာနိုင်ရက်တာလဲ”

ယွီကျန်းရဲ့ အသားနဲ့ မျက်နှာလှလှလေးပေါ်မှာ ကျန်နေတဲ့ သွေးစနည်းနည်းလေးက လုံးဝကို ပျောက်ကွယ်သွားပုံများ တစ္ဆေတစ်ကောင်လိုပဲ။ ကျွန်မကို လက်ညိုးထိုးထားပြီး သူမရဲ့နှုတ်ခမ်းတွေက စပြီး တုန်ယင်လာခဲ့တယ်။

“မင်း... တကယ်ပဲ မင်း ဘယ်သူလဲ”

ရှိုက်သံတစ်ချက်မှာ သူမရဲ့အသံက တင်းမာပြီး နန်းဆန်နေတော့တယ်။

“နန်းတော်ရဲ့ တံခါးတွေကို ဖြတ်လာပြီးပြီဆိုပြီး မင်းက ငါ မိဖုရားကို အသရေဖျက်ရဲရသလား”

အင်း။ တစ်ယောက်ယောက်ကို အသရေဖျက်တာ။ ဒီလိုအလုပ်က ကျွန်မရဲ့နှလုံးသားထဲက စိတ်ဆန္ဒအရ အမြဲတမ်း ပြီးမြောက်အောင်လုပ်ခဲ့တဲ့အရာပဲ။

ကျွန်မက ပခုံးကို လျှောထားလိုက်ပြီး အရမ်းကို ကြောက်လန့်နေတဲ့ပုံနဲ့ နည်းနည်းလောက် တုန်ယင်ပြလိုက်တယ်။ ဖုတ်ခနဲ အသံတစ်ချက်မှာ ကျွန်မက မြေကြီးပေါ်ကို ဒူးထောက်ချလိုက်ပြီး ထျန်းပင်းချင်ရဲ့ အူကြောင်ကြောင်အကြည့်ကြားမှာပဲ ကျွန်မက ချင်းယွီကျန်းကို နှစ်ကြိမ် ဦးချလိုက်ပြီး ရှိုက်သံပါအောင် ငိုလိုက်ရင်း

“ယွီဖင် ဒီအပြစ်သားက နောက်မလုပ်ရဲ‌တော့ပါဘူး၊ လေးစားထိုက်တဲ့မယ်မယ်ကပဲ ဒီအပြစ်သားကို ချမ်းသာပေးပါ”

ဒီပရိယာယ်ကို အတိတ်တုန်းက ချင်းယွီကျန်း ကျွန်မအပေါ်မှာ မကြာခဏ သုံးခဲ့တယ်လေ။ အကြိမ်တစ်ရာ အသုံးချလည်း အကြိမ်တစ်ရာလုံး ထိရောက်မှုရှိခဲ့တယ်။ အကြိမ်တိုင်း ဒီပရိယာယ်က ရန်ဖင်ရဲ့ဆူပူကြိမ်းမောင်းမှုကို ခေါ်လာနိုင်လိမ့်မယ်။ အခုတော့ ဒီပရိယာယ်ရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ ကျွန်မ အလှည့်ရောက်လာပြီ။

ကျွန်မရဲ့မျက်လုံးထောင့်နေ ရန်ဖင်က အရမ်းကိုတောင့်တင်းနေတဲ့ပုံနဲ့ ခြေလှမ်းကျဲတွေနဲ့ ရောက်လာခဲ့တာကို မြင်လိုက်ရတယ်။ ချင်းယွီကျန်းနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး သူက အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး

“ကျွန်တော်မျိုး ယွီဖင်ကို နှုတ်ဆက်ပါတယ်၊ ယွီဖင်က ယွီရွှီနန်းဆောင်မှာ မင်းကြီးကို တလေးတစားနဲ့ မစောင့်နေဘဲ ဒီမက်မွန်တောမှာ ဖြတ်သွားဖြတ်လာတစ်ယောက်အပေါ်ကို ဘယ်လိုဒေါသများ ဖွင့်ထုတ်ဖို့ ကြိုးစားနေတာပါလဲ”

ရှားရှားပါးပါး သူ့လေသံထဲမှာ သတိပေးဆုံးမတဲ့ အရိပ်အယောင်တစ်ခု ပါနေခဲ့တယ်။

အရင်တုန်းကဆိုရင် ရန်ဖင်က ချင်းယွီကျန်းကို လုံးဝစိတ်မဆိုးသလောက်ပဲ။

ကျွန်မက  မရှိတဲ့မျက်ရည်ကို သုတ်ပစ်လိုက်ပြီး ထျန်းပင်းချင်ဆီကို လက်တစ်ဖက် ကမ်းလိုက်ပြီး

“ရှောင်ထျန်း ငါ့ခြေထောက်တွေ အားပျော့သွားတဲ့အထိ ဒူးထောက်လိုက်ရလို့ ငါ့ကို ထူပေးပါအုံး”

ဒါတွေအားလုံးက အဲဒီခွေးကောင် ဖုန်းကျောက်ဝမ်ကြောင့်လေ။ ဒါပေမဲ့လည်း ချင်းယွီကျန်းကို ရန်ဖင် စိတ်ဆိုးနေတာကို မြင်လိုက်ရတော့ ကျွန်မ သေသွားရင်တောင် မျက်လုံးတွေကို ကျေကျေနပ်နပ်နဲ့ မှိတ်ပစ်နိုင်တယ်လို့ ခံစားလိုက်ရတယ်။

ထျန်းပင်းချင်က ကျွန်မကို ဆွဲထူလိုက်ပြီး ကျွန်မရဲ့ဒူးနားက ဖုန်တွေကို ခါပေးရင်း အနားကပ်ပြီး လေသံနဲ့ ပြောလာတယ်။

“မိန်းကလေး မင်းကြီးက တော်ဝင်အမိန့် ထုတ်ထားပါတယ်၊ မင်းက နန်းတော်ထဲမှာ ကိုယ်လုပ်တော် မိဖုရားတွေကို ဒူးထောက်ဖို့မလိုဘူးတဲ့၊ ဘယ်လိုဖြစ်ပြီး ဒူးထောက်လိုက်တာလဲ”

ကျွန်မကဖြင့် သူ့အမေလည်း မဟုတ်ပါပဲနဲ့။ နန်းတော်ထဲမှာ ကိုယ်လုပ်တော်မိဖုရားတွေကို ဒူးထောက်ပြီး နှုတ်ဆက်စရာမလိုတာ မယ်တော်ကြီးတစ်ပါးပဲ ရှိတာလေ။ ဟုတ်တယ်မလား။

ကျွန်မကို ဆယ်စုနှစ်တစ်ခုလောက် နောက်ကျပြီးမှ မွေးခဲ့တာ နှမြောစရာပဲ။ ဖုန်းကျောက်ဝမ်ရဲ့အမေက ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်း ဆုံးပါးသွားပြီပဲ။ ဒီတော့ ကျွန်မကြားထားတဲ့ စကားကိုကြည့်ရင် နန်းတော်ထဲက လက်ရှိမယ်တော်ကြီးက မင်းသမီးတစ်ယောက်ထဲကို မွေးပေးနိုင်ခဲ့တဲ့ အရင်ချီဘုရင်ရဲ့ ဒုတိယမယားပဲ။ ဒီလိုဆိုရင် သူမက ကောင်းမွန်တဲ့အလှဆင်ပစ္စည်းတစ်ခုထက် မပိုဘူးပေါ့။

“အန်းယိ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”

ရန်ဖင်က ကျွန်မကို ခပ်မှိုင်မှိုင်လေး ကြည့်နေပြီး သူ့မျက်လုံးထဲက အမူအရာက အရမ်းကို ပွင့်လင်းနေတယ်။ သူက ကျွန်မကို အပေါ်အောက် တစ်ချက်ကြည့်လိုက်တယ်။ နောက်တော့ စိတ်မကျေနပ်တဲ့အတိုင်း နောက်တခါ ခေါင်းကနေခြေအဆုံး ထပ်ကြည့်လိုက်ပြန်တယ်။

ကျွန်မက ကြမ်းထော်နေတဲ့ကျွန်မရဲ့မျက်နှာကို တစ်ချက်ပွတ်သပ်လိုက်မိတယ်။ ‌ချင်းယွီကျန်းရဲ့ ရေလို နူးညံ့သိမ်မွေ့တဲ့မျက်နှာနဲ့ ယှဥ်ရင် ကျွန်မရဲ့မျက်နှာက အရမ်းကိုကွားခြားလွန်းပါတယ်။ ပြီးတော့ ကျွန်မက နေရာတိုင်းမှာ အမျိုးသမီး အဝတ်အစားကိုလည်း ပေါ်ပေါ်ထင်ထင် ဝတ်ထားသေးတယ်။ တကယ့်ကို နည်းနည်းတော့ မြင်မကောင်းလေဘူးပေါ့။ ဒါပေမဲ့ အခုတော့ သူ ကျွန်မကို သဘောမကျမှာကို မကြောက်တော့ပါဘူး။ တဟဲဟဲ ရယ်ပြလိုက်ပြီး ကျွန်မရဲ့လက်နှစ်ဖက်ကို ယှက်ပြီး သူ့ကို နှုတ်ဆက်လိုက်တယ်။

“ဒီနိမ့်ကျတဲ့ကျွန်တော်မျိုးမက ရှုခင်းထဲ စိတ်ရောက်သွားပြီး ယွီဖင်ရဲ့စိတ်ကို နမော်နမဲ့နဲ့ နှောင့်ယှက်ခဲ့မိတာပါ၊ ဒါက စစ်သူကြီးရန် ဖြေရှင်းပေးရမယ့် ကိစ္စများလား”

ရုတ်ချည်းဆိုသလို သူ့မျက်နှာက အရမ်းကို စိတ်ပျက်သွားသလို စိမ်းဖန့်သွားခဲ့တယ်။

ဒီလို သနားစရာကောင်းတဲ့ သူ့ရုပ်လေးကို မြင်လိုက်ရတော့ ကျွန်မက ရှေ့ကို နှစ်လှမ်းလောက်တိုးသွားလိုက်ပြီး သူ့ရဲ့တောင့်တင်းနေတဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။ ကျွန်မရဲ့လေသံကို နှစ်ယောက်ထဲကြားနိုင်လောက်တဲ့အထိ နိမ့်ထားလိုက်ပြီး သူ့ကို သတိပေးလိုက်တယ်။

“စစ်သူကြီးရန် မင်းနဲ့ချင်းယွီကျန်းတို့က အပြန်အလှန်ချစ်မြတ်နိုးကြတာပါ၊ မင်းတို့နှစ်ယောက်ကြားမှာ ဓားမ,ချပြီး  မင်းရဲ့ချစ်သူကို လုယူသွားခဲ့တဲ့သူက အရှင်မင်းကြီးဆိုတာ ရှင်းပါတယ်၊ ငါ ဒါတွေအားလုံးကို နားလည်ပေးနိုင်တယ်၊ ဒါပေမဲ့.... မက်မွန်တောအလယ်မှာ ပေါ်ပေါ်ထင်ထင် အကြောက်အလန့်မရှိ ချိန်းတွေ့တာကတော့ ဒီကိစ္စသာ ပျံ့သွားရင် လုံးဝမသင့်တော်ဘူးနော် ဟုတ်တယ်မလား”

. . .

ကျွန်မက ဝမ်းနည်းတဲ့ရုပ်နဲ့ ရန်ဖင်ကို ဆက်ပြီးကြည့်နေလိုက်တယ်... လောကကြီးရဲ့ တခြားဖက်အထိ ချစ်သူနဲ့ကွဲကွာခဲ့ရတဲ့ တရုတ်မင်္ဂလာဘဲတစ်ကောင်က ဒီလိုဒုက္ခနဲ့ မချိတင်ကဲအမူအရာကို မကြာခဏဆိုသလို ထုတ်ပြမှာပါပဲ။ သူ့အခြေအနေကို နားလည်ပေးမယ့် တစ်ယောက်ယောက်လောက်နဲ့တောင် တွေ့ရဖို့ ခဲယဥ်းတယ်ထင်ပါ့။ ဒီတော့ သူ့ရဲ့ခံစားချက်အစစ်အမှန်ကို ထုတ်ပြတာက ပုံမှန်ပါပဲလေ။

__ ကျွန်မက တကယ့်ကို အဲလိုနားလည်ပေးနိုင်တဲ့သူတစ်ယောက်ပဲ။ ဒီလိုလူကောင်းမျိုးက ရန်ငြိုးဟောင်းတွေကို မှတ်မထားဘဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တတ်ပါသေးတယ်။

ကျွန်မရဲ့ကိုယ်ပိုင် သဘောထားကြီးလွန်းတဲ့ နှလုံသားကြောင့် ရင်ထဲထိသွားပြီး ကျွန်မကပဲ ကျွန်မရဲ့လက်ကို သူ့ပခုံးကို ဖက်လိုက်ပြီး တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်နဲ့ ချိန်းတွေ့ဖို့အတွက် ပါးနှပ်ပြီးသိုသိပ်တဲ့ နည်းလမ်းတစ်ချို့ကို သူ့ကို သင်ပေးဖို့ ပြင်လိုက်ပါတယ်။ အဲဒါမှ ဖုန်းကျောက်ဝမ်ကို အရှက်ခွဲမယ့်အရေးက ပိုပြီးနက်ရှိုင်းအရိပ်ထင်လာနိုင်မှာပဲ။ ဒါပေမဲ့ ကျွန်မက ပြောတောင်မပြောသေးပါဘူး။ ထျန်ပင်းချင်က ကျွန်မကို ဆွဲထုတ်လိုက်ပြီး

“မိန်းကလေး အမျှော်အမြင်လေးရှိပါအုံး”

.......

 ကျွန်မ အခုမှသိသွားတော့တယ်။ ဖုန်းကျောက်ဝမ်က ထျန်းပင်းချင်ကို ကျွန်မနဲ့ အဖော်လုပ်ခိုင်းတာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့မှမဟုတ်ဘဲ။ ကျွန်မကို စောင့်ကြည့်နေအဖို့အပြင်... မဟုတ်မှလွဲရော သူ့မှာ တခြားနောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိနေတာများလား။

‌နောက်ထပ် အသံတစ်ခုက မယုံနိုင်လောက်တဲ့အထိ စူးရှပြီး ကျယ်ကျယ်‌လောင်လောင်နဲ့ ထွက်လာခဲ့တယ်။

“အန်းယိ....အန်းယိ... နင် တကယ်ပဲ အသက်ရှင်နေသေးတာလား၊ တကယ်တော့ နင်က ယောက်ျားလား မိန်းမလား”

ချင်းယွီကျန်းက ရှေ့ကို အရှိန်နဲ့တိုးလာပြီး ရန်ဖင်ရဲ့အင်္ကျီလက်ကို တင်းနေအောင် ဖမ်းဆွဲထားလိုက်တယ်။ ပန်းထွက်လာတော့မတတ် မီးတောက်တွေနဲ့ မျက်လုံးတစ်စုံက ကျွန်မကို စိုက်ကြည့်နေပြီး

“အစ်ကိုဖင် သူ ဘာလို့ အသက်ရှင်နေသေးတာလဲ၊ သူက မိန်းမတဲ့လား၊ သူက တကယ်ပဲ  မိန်းမတဲ့လား”

ဒါကြောင့်ပဲ သူတို့တွေ ပြောကြတာပေါ့။ အရမ်းကို ကြီးမားတဲ့ ထိတ်လန့်စရာက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တယ်တဲ့လေ။ အဟား။ ရူးသွပ်သွားတဲ့ ဖင်အဆင့်မိဖုရားတစ်ယောက်ကတော့ ဒေါသမီးတွေ တောက်လောင်နေပါပြီ။

ဒီလောက်များပြားလှတဲ့ နန်းတွင်းသက်တော်စောင့်တွေနဲ့ အစေခံတွေရဲ့ရှေ့မှာ ချင်းယွီကျန်းက မင်းကြီးကို လူကြားထဲ အရှက်ခွဲလိုက်ပြီလေ။ ဖုန်းကျောက်ဝမ်သာ ဒီသတင်းကြားရင် ဘယ်လိုအမူအရာမျိုး ဖြစ်သွားမလဲ။

ကျွန်မတော့ တကယ် မျှော်လင့်နေပါပြီ။ ဒါကို မြင်လိုက်ရရင်တော့ တကယ် ဝမ်းသာစရာကောင်းနေတော့မှာ။

“ယွီဖင်”

“ယွီဖင်”

........

ကျွန်မရဲ့နားထဲမှာ အသံ ၄-၅ခုလောက်က တိုက်တိုက်ဆိုင်ဆိုင် တပြိုင်ထဲ အော်လိုက်တာ ကြားလိုက်ရတယ်။ ကျွန်မ “ယွီဖင်”လို့ခေါ်လိုက်သံကို တိတ်တိတ်လေး ရေတွက်ကြည့်တော့ ကူကယ်ရာမဲ့သွားတဲ့ လေသံနဲ့ ထွက်လာတဲ့ ရန်ဖင်ရဲ့အသံရယ်၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတဲ့ ထျန်းပင်းချင် ‌အော်လိုက်တဲ့အသံရယ်၊ နောက်ပြီး ချင်းယွီကျန်းဘက်မှာ ရှိနေတဲ့ နန်းတွင်းအစေခံ သုံးယောက်ရဲ့ အကြိမ်ကြိမ်ခေါ်လိုက်တဲ့အသံရယ်.....

မျက်လုံးပေါင်းစုံက မီးဟုန်းဟုန်းတောက်နေတာ ရှင်းလင်းနေတာပဲ။ လူရှေ့မှာ မင်းကြီးကို  အရှက်ခွဲတဲ့ ချင်းယွီကျန်းကို လက်မခံနိုင်စရာပဲလေ။

ချင်းယွီကျန်းက တုန်တုန်ယင်ယင်နဲ့ သူ့နှုတ်ခမ်းကို ကိုက်ထားလိုက်တော့တယ်။ ရန်ဖင်ရဲ့ အင်္ကျီလက်ကို မလွတ်ပေးချင်လျက်နဲ့ သူ့မျက်ဝန်းတွေက ရုတ်တရက် နီရဲသွားတော့တယ်။ ကျွန်မကို ကြည့်နေလိုက်တာများ သူ့အဖေကို သတ်ပြီး သူ့ယောက်ျားကို ခိုးယူသွားခဲ့တဲ့ ရန်သူတစ်ယောက်ကို မြင်လိုက်ရတဲ့အတိုင်း။

သူ့ရဲ့မွန်းကြပ်ပြီး အပြစ်ရှိဟန် အကြည့်အောက်မှာ ကျွန်မကပဲ ရက်ရက်စက်စက် တရုတ်မင်္ဂလာဘဲနှစ်ကောင်ကို ခွဲပစ်ခဲ့တဲ့ ဖုန်းကျောက်ဝမ်များ ဖြစ်သွားသလာလို့ ကိုယ့်ဟာကို သံသယဖြစ်သွားတော့တယ်။  ဒီလိုရုပ်လေးကပဲ ဒီလိုခါးသီးပြီး မုန်းတီးတဲ့အကြည့်မျိုးကို လက်ခံနိုင်စွမ်းရှိတာလေ။

ကျွန်မလည်း ခြေလှမ်းကြီးတစ်ခုနဲ့ နောက်ကို ဆုတ်လိုက်ပြီး လက်ခါပြရင်း ငြင်းဆန်လိုက်ပြီး ရန်ဖင်နဲ့ ကျွန်မကြားက ဆက်ဆံရေးကို ချက်ချင်း ဖြတ်ချလိုက်တော့တယ်။

“မင်းသမီးယွီ၊ မင်းသမီး နားလည်မှု လွဲနေပါပြီ၊ ကျွန်မက ရှင့်ရဲ့အစ်ကိုဖင်ကို ခိုးယူဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး... ကျွန်မ အခုမှ သိလိုက်ရပါပြီ၊ မင်းသမီးရဲ့ အစ်ကိုဖင်က မင်းသမီးတစ်ယောက်ထဲအတွက်ပဲ ဖြစ်နိုင်တာပဲ၊ ဘယ်သူကမှ လက်တစ်ချောင်းတောင် ထိုးထည့်ဖို့ မစဥ်းစားနိုင်ပါဘူး”

ရန်ဖင်ရဲ့နောက်က နန်းတွင်း သက်တော်စောင့် လူအုပ်ကြီးရဲ့မျက်နှာထားက အင်မတန်မှ ကြောင်တိကြောင်တောင် ဖြစ်သွားခဲ့တယ်။ ချင်းယွီကျန်းနဲ့ ရန်ဖင်ကို ကြည့်ကြတဲ့ သူတို့ရဲ့မျက်လုံးတွေက အရမ်းကို အသက်ဝင်နေမှာ ပြောစရာတောင် မလိုဘူး။

.... ကျွန်မ ဒါကို တမင်လုပ်ခဲ့တာ ဝန်ခံပါတယ်။

တကယ်တော့ အရင်က နာကြည်းချက်အဟောင်းတွေကို ပြန်သတိမရဘဲ၊ ရန်ငြိုးဟောင်းတွေကို အသိအမှတ်မပြုဘဲ၊ ဒါတွေအားလုံးက တဒင်္ဂဖြစ်သွားတဲ့ တိမ်စိုင်တစ်ခုလိုပါပဲ... ဪ... တဒင်္ဂတိမ်စိုင်တွေတဲ့... ကျွန်မ အဖေက ပြောခဲ့တယ်။

“နာကြည်းချက်ရှိနေရင် အပြည့်အဝ ပြန်ပေးရလိမ့်မယ်၊ တကယ်လို့များ တစ်ယောက်ယောက်က မင်းကို ကန်ကျောက်ခဲ့ရင် ညီမျှသွားအောင် အနည်းဆုံးတော့ လက်သီးတစ်ချက် ပြန်ကျွေးရမယ်၊ အင်းပေါ့၊ အခြေအနေက မင်းဘက်မှာ ရှိနေရင်တော့ မင်းက ထပ်ပြီး သူ့ကို နှစ်ချက်သုံးချက်လောက် ကျွေးလိုက်ရင် အကောင်းဆုံးပဲ၊ ဒါမှ သူ မင်းကိုနောက်ထပ် အနိုင်မကျင့်ရဲတော့မှာ” တဲ့။

ကျွန်မအဖေပေးခဲ့တဲ့ သင်ခန်းစာကို ကျွန်မရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ သိမ်းထားခဲ့တယ်လေ။ ဒါပေါ့။ ကျွန်မက ဒါတွေကို ပြတ်ပြတ်သားသားနဲ့ လက်တွေ့အကောင်အထည်‌ဖော်နေတာပါ။

တရှုံ့ရှုံ့ငိုရင်း ချင်းယွီကျန်းက ပြေးထွက်သွားတော့တယ်....

ယွီဖင်ရဲ့နောက်လိုက်တွေကလည်း သူမနောက်ကနေ မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ လိုက်ပါသွားကြတော့တယ်။

ကျွန်မလည်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရန်ဖင်ကို ကိုယ်ချင်းစာသလို ကြည့်လိုက်တယ်။ တစ်ချိန်တုန်းက သူက ချန်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ် အမျိုးသမီးတွေကို ပြုစားထားခဲ့ဖူးတယ်လေ။ ဒီအထဲမှာ နိမ့်ကျလှတဲ့ ဒီလူရဲ့ ယောက်ျားဆန်ဆန် နှလုံးသားတစ်ခုလဲပါတာပေါ့။ အဲဒီနေ့ရက်တွေတုန်းကဆိုရင် သူက သူ့နှလုံးသားထဲမှာ တစ်ယောက်ယောက်ကိုများ ထည့်ထားခဲ့ဖူးလို့လား။ ဟမ်။ ဘာမှဂရုမစိုက်တတ်တဲ့တိမ်တွေနဲ့ ကြည်လင်ပြီး တိုက်ခတ်နေတဲ့လေတွေလို ရုပ်အသွင်ကို ဆောင်ထားလိုက်တာများ သူ့နှလုံးသားက ဘယ်မိန်းမကြောင့်မှ လှုပ်ရှားလာမှာမဟုတ်ဘူးလို့တောင် ကျွန်မ တစ်ခါက ယုံကြည်ခဲ့ဖူးသေးတယ်....။

အခုတော့ သူက ချင်းယွီကျန်းအတွက် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေတာပဲ။ ကံတရားရယ်။ လူတွေကို ဘယ်လိုများ ကျီစယ်ရက်နိုင်ရတာလဲ။

ဒါပေမဲ့ ကံတရား ကျီစယ်တာခံခဲ့ရတဲ့သူက ကျွန်မတော့ မဟုတ်ခဲ့ဘူး။ ဒီတော့ ဒီလူနှစ်ယောက် ဘယ်နှစ်ကြိမ်ထပ်ပြီး ကျီစယ်ခံရလည်း ကျွန်မကတော့ ဂရုစိုက်မှာမဟုတ်ဘူး။ ဒါလည်း ကောင်းပါတယ်လေ။ ဒီလို ပြဇာတ်ကောင်းမျိုးကို ကြည့်ရမယ့် အခွင့်အရေး အများကြီးရှိလာမှာပေါ့။ ကွဲကွာသွားတဲ့ မင်္ဂလာဘဲအကြောင်းနဲ့ ဖင်အဆင့်မိဖုရားတစ်ပါးက တံတိုင်းကို ကျော်သွားဖို့ ဆန္ဒရှိနေတဲ့အကြောင်း ဇာတ်လမ်းမျိုးလေ။

...

🍂🍂🍂

ရှေ့သို့

နောက်သို့

YLအပိုင်း (၁၀)

အပိုင်း (၁၀)

ရန်လျန် စက္ကန့်ပိုင်းလောက် ဆွံ့အသွား၏။ ပြီးမှ သတိပြန်ဝင်သွားကာ ဆိုဖာပေါ်က သူမ၏ရှပ်အင်္ကျီကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး အမြန်ဆုံးနည်းဖြင့် ဝတ်လိုက်တော့သည်။

သူမ သေချာလုံခြုံရဲ့လားဟု ငုံ့ကြည့်လိုက်ချိန်မှာပဲ တောက်ပြောင်တဲ့ ရှူးဖိနပ်တစ်စုံကို မြင်ကွင်းထဲမှာ တွေ့လိုက်ရသည်။

သူမ အေးခဲသွားတော့သည်။

သူက အနားသို့ ကပ်လာ၏။ သူ့အသက်ရှူသံကို ခံစားမိသည်နှင့်အမျှ ပျာယာခတ်သွားတော့သည်။ သူမ အချိန်တော်တော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ မော့ကြည့်လိုက်တော့သည်။

သူ့အမူအရာက လင်းသလို မှောင်နေပြီး မှိုင်တွေနေသလို စိတ်ဝင်စားစရာကောင်းနေပြန်ရော.... အားလုံးက ဝိရောဓိဖြစ်နေတယ်။ သူမသည် ထင်ယောင်ထင်မှားဖြစ်သွားသည်ဟုပင် ခံစားလိုက်ရတော့သည်။

ထင်ယောင်ထင်မှားခံစားချက်သည် စက္ကန့်ဝက်လောက်သာ ကြာသွားပြီး ရန်လျန် ထိုခံစားချက်ကို ညာတာမှုကင်းစွာ ဖိနှိပ်ထားလိုက်တော့သည်။ သူမသည် မျက်မှန်ကို တပ်လိုက်ပြီး ဖိုင်ကိုသာ စိတ်ဝင်စားနေသယောင် ဟန်ဆောင်ရင်း မော့မကြည့်ဘဲ မေးလိုက်သည်။

“ မစ္စတာကျန်း ဒီအချိန်အထိ ဘာလို့ အလုပ်လုပ်နေတာလဲ”

“ ငါမင်းကို စောင့်နေတာလေ”

ရန်လျန် ရင်တုန်သွားတော့သည်။ ဒီလူရဲ့အသံက တကယ်နားဝင်ချိုတာပဲ။ သူမ၏ ခုန်နေသည့်ရင်အစုံကို လျစ်လျူရှုလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်၏။

“ ဪ အဲလိုလား၊ ကျွန်မ အလုပ်တွေ အခုထိ မပြီးသေးလို့ ပြောရတာ အားတောင်နာတယ်”

သူ ပြန်မပြောချေ။

ထူထဲသည့်ကော်ဇောက အသံကို စုပ်ယူထား၏။ ထို့ကြောင့် ရန်လျန်သည် သူ့ခြေသံကို မကြားရချေ။ သို့သော် သူထွက်မသွားသေးသည်ကိုတော့ ခံစားမိနေသည်။

ရန်လျန်သည် ခေါင်းမော့လိုက်ရမည်လား၊ ဆက်အလုပ်လုပ်ရမည်လား စဥ်းစားနေစဥ် အရိပ်တစ်ခုက သူမ၏ဖိုင်ပေါ်သို့ ရုတ်တရက် ကျလာလေသည်။

ကျန်းယွိနန် လျှောက်လားပြီး ယခုတော့ သူတို့ကြားတွင် စားပွဲတစ်လုံးသာ ခြားတော့သည်။

အခန်းထဲ တစ်ခုတည်းသောအလင်းမှ စားပွဲပေါ်က မီးအိမ်ဖြစ်ရာ သူ့အရိပ်က ရှည်ထွက်နေပြီး ရန်လျန်ကို ဖုံးသွားတော့မည့်နှယ်။ ရန်လျန်သည် လက်ထဲက ရေးလက်စဘောပင်ကို ရပ်လိုက်သော်လည်း ခေါင်းမော့ဖို့ရာ ငြင်းဆန်မိနေဆဲ။

သူက ရုတ်တရက် လက်ဆန့်လိုက်ပြီး ဖိုင်ကို လှမ်းပိတ်လိုက်လေသည်။ ရန်လျန် အလန့်တကြား မော့ကြည့်လိုက်ရာ သူမ၏မျက်မှန်ကို ဆွဲချွတ်ခံလိုက်ရတော့သည်။

သည်လှုပ်ရှားမှုက အလွန်မြန်ဆန်လွန်းသဖြင့် ဖြစ်ပျက်သွားသည်ကို နားလည်ဖို့ရာ အချိန်ခဏ ယူလိုက်ရလေသည်။ သူမ၏မြင်ကွင်းမှာ ရုတ်တရက် ဝေဝါးသွား၏။ သူမသည် စက္ကန့်အနည်းငယ် ကြောင်သွားပြီးမှ သူ့လက်ထဲက သူမ၏မျက်မှန်ကို သတိထားမိသွားတော့သည်။

 သူမ စကားမပြောခင်မှာပင် သူက ပြောလိုက်သည်။ “ အခု မင်းကို အလုပ်ဆင်းဖို့ ငါ အမိန့်ပေး နေတယ်”

ရန်လျန် ရယ်ချင်သလိုဖြစ်သွားပြီး မနေနိုင်တော့ဘဲ ရယ်လိုက်ကာ ကွန်ပျူတာကို ပိတ်လိုက်တော့သည်။

သူမသည် အိတ်ထဲသို့ စာရွက်စာတမ်းများ ထည့်ကာ အိမ်ပြန်ရန် အသင့်ဖြစ်လာချိန်၌ သူ၏စိတ်ပျက်နေသည့်အသံက ငြိမ်သက်စွာ အကြံပေးစကား ပြောလာသည်။

“ ဒါပေါ့၊ ရုံးခန်းထဲကမထွက်ခင် မင်းရဲ့ တရုတ်ရိုးရာဝတ်စုံကို လဲသွားဖို့ အကြံပြုချင်တယ်”

“...” “.....”

“.....” “....”

“ တခြားယောက်ျားတွေသာ မင်းကို ဒီလိုပုံနဲ့တွေ့လိုက်ရရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှစိုးလို့”

ထိုစကားကြောင့် သူမသည် မော့ကြည့်လိုက်ရာ သူ့မေးစေ့က သူမ၏ရင်ဘတ်ကို ထိုးပြနေသည်ကို မြင်လိုက်ရတော့သည်။ သူမ၏ ရင်ကြားသည် ကိုယ်ကို ညွှတ်လိုက်သည်နှင့် အနည်းငယ် ပေါ်သွားတော့သည်။

ရန်လျန် ကိုယ်ကို ချက်ချင်းမတ်လိုက်ပြီး ရှပ်အင်္ကျီကော်လံကို ဆွဲစေ့လိုက်၏။ သူ့ကို ဖြတ်ပြီး ရုံးခန်းထဲက ထွက်လိုက်သည်နှင့် သူက ပြောပြန်သည်။

“ ငါနဲ့လိုက်ခဲ့”

“ ဒါလည်း အမိန့်လား”

“မဟုတ်ဘူး ၊ ဒါက ဖိတ်ခေါ်တာ” သူပြုံးလိုက်၏။ တစ်ခြမ်းကျနေသည့် အလင်းရောင်ထဲတွင် သူ့အပြုံးသည် စွဲမက်ဖွယ်.... အရိပ်တစ်ခု ဖြစ်နေတော့သည်။

*** ***

သူမ၏ ရုံးဝတ်စုံကို ပြန်လဲဝတ်လိုက်ပြီးနောက် ကျန်းယွိနန်၏ကားထဲတွင် ဝင်ထိုင်လိုက်၏။ သူမသည် ထိုင်ခုံးခါးပတ် တပ်ရင်း စဥ်းစားမိသွားတော့သည်။ ‘ ငါ ဘာလို့ သူဖိတ်တာကို လက်ခံလိုက်တာတဲ့လဲ”

ငါ့ မသိစိတ်က လက်ခံချင်ခဲ့တာဖြစ်မယ်။

ကျန်းယွိနန် ကားစက်နိုးလိုက်သည်။ သူမက ပျော့ပြောင်းစွာ မေးလိုက်၏။

“ ကျွန်မတို့ ဘယ်သွားကြမှာလဲ”

“ မန်နေဂျာဖုန်းဆက်တယ်၊ ငါ့အတွက် ဝတ်စုံတစ်ခု မှာထားပြီးပြီတဲ့”

“ ရှင် ကိုယ်တိုင်းသွားလုပ်မလို့လား၊ အဲဒီအတွက် ကျွန်မကို ရှင်နဲ့ လိုက်ခဲ့စေချင်တာလား”

“ ငါ ဘယ်လိုနေလဲဆိုတာကို မင်း မှတ်ချက်ပေးရင် ဝမ်းသာမိမှာပဲ”

သူမ၏မျက်နှာမှာ မဲမှောင်သွားတော့သည်။ သူ၏ ချီးမွှမ်းသည့်စကားကို ကြားလိုက်ရချိန်၌ သူမ၏အကြည့်မှာ အပြင်ဘက်က ညလို မဲနက်သွားတော့သည်။ “ မင်းက အမြင်စူးရှတယ်လေ၊ မင်းရဲ့အမြင်ကို လိုအပ်နေလို့”

နောက်ကြည့်မှန်မှတဆင့် သူမ မျက်ခုံးပင့်လိုက်သည်ကို ကျန်းယွိနန်မြင်သွား၏။ သူမသည် အဖြေကို ကျေနပ်နေသယောင်။

ခဏအကြာတွင် သူတို့သွားမည့်နေရာကို ရောက်လာ၏။

သူတို့ရောက်လာသည့်နေရာသည် ကိုလိုနီခေတ် အဆောက်အဦးဟောင်းကို ပြန်ပြင်ထားသည့် နာမည်ကြီး flagship ဆိုင်တစ်ခု ဖြစ်သည်။ အဆောက်အဦးသည် အလှဆင်ပစ္စည်းများကို အနည်းဆုံးဖြစ်အောင် သုံးကာ ခေတ်ဟောင်းဖက်ရှင်အသွင် ထိန်းသိမ်းထားလေသည်။ ဆိုင်အကူအမျိုးသမီးတစ်ယောက်က သူတို့ကို စောင့်နေဟန်တူသည်။ သူမသည် ချိုသာစွာ ပြောလိုက်၏။

“မစ္စတာကျန်း”

ဆိုင်သည် တော်တော်ကျယ်ဝန်းပြီး ဧည့်သည်နှစ်ယောက်သာ ရှိသည်။ ကျန်းယွိနန်သည် အဝတ်လဲခန်းထဲ ဝင်သွားစဥ် ရန်လျန်က ဆိုင်ကို ပတ်ကြည့်နေလိုက်သည်။

အစောပိုင်းက သူတို့ကို အဖော်ပြုပေးနေသည့် ဆိုင်အကူသည် တိတ်တဆိတ်ထွက်သွားပြီး သူတို့ကို လွှတ်လွှတ်လပ်လပ် ဖြစ်အောင် လုပ်ပေးလိုက်သည်။ ထို့ကြောင့် တစ်ယောက်ယောက်က အနားကပ်လာသည်ကို ခံစားမိလိုက်ချိန်၌ ရုတ်တရက် လန့်သွားပြီး လှည့်လိုက်ရာ ကျန်းယွိနန်ကို တွေ့လိုက်ရလေသည်။

ရန်လျန် အံ့ဩသွား၏။

“ ရှင် စမ်းဝတ်ပြီးပြီလား”

“ ငါ့လုပ်နိုင်စွမ်းက အမြဲတမ်း အရမ်းမြင့်တယ်လေ”

ကျန်းယွိနန် ထိုသို့ပြောလိုက်ပြီး အနက်ရောင်လက်ဆောင်ဗူးကို သူမအား လှမ်းပေးလိုက်လေသည်။

ရန်လျန်သည် သူ့အား ဇဝေဇဝါကြည့်လိုက်ပြီးနောက် လက်ဆောင်ဗူးပေါ် ဖဲကြိုးကို ဖြည်လိုက်ပြီး ဖွင့်လိုက်လေသည်။

ရှန်ပိန်ရောင် ရွှေဆွဲကြိုး တစ်ကုံးနှင့် နားကပ်တစ်ရံ။

ဒီဇိုင်းမှာ အလွန်ရိုးကာ ကျော့ရှင်းပြီး သူမအကြိုက်နှင့် အလွန်ဆင်တူလေသည်။

“ မင်း အနောက်တိုင်းဝတ်စုံကို ဝတ်မယ်ထင်လို့၊ ဝမ်းဆက်နဲ့လိုက်မယ့် ဒီဆွဲကြိုးကို တွေ့လိုက်တာ၊ ဒါက အတွဲလိုက်လာတာ”

“ ကျွန်မ ဒါနဲ့ မတန်ပါဘူး”

ရန်ချန်သည် ဗူးကိုပိတ်လိုက်ပြီး သူ့ကို ပြန်ပေးလိုက်၏။

ကျန်းယွိနန် ပြုံးလိုက်လေသည်။ သူ့အပြုံးမှာ ဆိုးညစ်သည့်အရိပ်တစ် ရောနေသယောင်။

“ နှစ်ပတ်လည်နေ့ကျရင် ငါ့ရဲ့ တွဲဖက်လုပ်ပေး”

“ ဒါကရော ဖိတ်တာလား”

“ မဟုတ်ဘူး ဒါက...” သူသည် ခေတ္တရပ်လိုက်ပြီး နောက်စကားကို ဖိပြောလိုက်လေသည်။

“ အမိန့်”

*** ***

ပွဲသည် ည၈နာရီတွင် စပေမည်။ ရန်လျန်သည် ၇ခွဲအထိ အချိန်ဆွဲနေပြီးမှ အိမ်ကထွက်ခဲ့လိုက်သည်။

ရွှီဇီချင်းကို မမြင်ရသည်အချိန်တိုင်း သူမ ပျော်ရသည်။

လတ်တလောတွင် သူမသည် သူမ၏ကိုယ်တိုက်ခန်းတွင် နေပြီး အိမ်သို့ မပြန်ဖြစ်တာ ကြာနေပြီဖြစ်သည်။ တစ်နေ့ညက ကျိုးရှုက သူမကို သီးသန့်ဖုန်းခေါ်လာသည်။ “ မစ္စတာရွှီက မိန်းခလေးကို ရွှီဇီချင်းနဲ့ ဧည့်ခံပွဲကို သွားစေချင်နေတယ်”

“ မသွားဘူး၊ ကျွန်မကို လာကြိုမယ့်ကားရှိတယ်”

ရန်လျန် အောက်ထပ်ဆင်းလာချိန်၌ ကျန်းယွိနန်၏ကားက သူမကို တော်တော်ကြာအောင် စောင့်နေနှင့်ပြီးဖြစ်လေသည်။

သူသည် ကားနောက်ခန်းတွင် သက်သက်မှီကာ ထိုင်နေပြီး သူမျက်နှာမှာ ခံစားချက်မဲ့နေကာ သူ့ခန္ဓာကိုယ်တွင် အဖြူအမဲ ဝတ်စုံကို ဝတ်ထားလေသည်။ သူ့သဘောထားမှာ ဘယ်သူစိမ်းမှ သူ့အနားမကပ်ရဲသည့် ပုံစံဖြစ်သည်။ သူသည် သူမကို တွေ့လိုက်သည်နှင့်တပြိုင်နက် ပြုံးလိုက်၏။ မနက်စောစောနှင့်များ ရှင်းနေသည့် ကြည်လင်သည့် ကောင်းကင်တစ်ခုနှယ်။ ရန်လျန်သည် မနေနိုင်တော့ဘဲ တုံ့ဆိုင်းသွားတော့သည်။

ကျန်းယွိနန် သူမအတွက် တံခါးဖွင့်ပေးလိုက်၏။

ရန်လျန် အနားကပ်သွားလိုက်သည်။

အစောပိုင်းက ရန်လျန်သည် သူ ဝတ်စုံပြည့်ဝတ်သည်ကို မမြင်ခဲ့ဖူးချေ။ ယခုတော့ သူသည် ဝတ်စုံပြည့် ဝတ်ထားကို မြင်လိုက်ရချိန်တွင်  သူသည် အလွန်ချောမောသည်ဟု တွေးလိုက်ရင်း ကားနောက်ခန်းထဲ ဝင်လိုက်ရင်း သူ့အား လေ့လာမိနေတော့သည်။

ဒရိုင်ဘာသည် မှန်အကန့်ကို ချကာ နောက်ခန်းနှင့် ကန့်လိုက်လေသည်။ သို့နှင့် နောက်ခန်းသည် သီးသန့်နေရာတစ်ခု ဖြစ်သွားတော့သည်။ ဘယ်သူမှ စကားမပြောကြပေ။ လေထုသည် တိတ်ဆိတ် ငြိမ်သက်နေပြီး နေရခက်နေတော့သည်။ ရန်လျန် သူမဘက်က မှန်တံခါးကို ဆွဲချလိုက်၏။

လေပြေသည် တိုးဝင်လာပြီး သူမ၏နားထင်ကာ ဆံပင်များက လွှင့်နေလေသည်။ ရန်လျန် လက်ကို ပင့်လိုက်သော်လည်း ကျန်းယွိနန်က ဦးသွားပြီး သူမ၏ဆံပင်ကို နားနောက်သို့ ပို့ပေးလိုက်လေသည်။

ရန်လျန် သူ့ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်၏။ ကျန်းယွိနန်က သူ့လက်ကို သူ့ပေါင်ပေါ်တွင် ပြန်ချထားလိုက်သည်။

သူ့ခံစားချက်မပါသည့် မျက်နှာကို ကြည့်ရင်း နောက်ဆုံးတော့ ရန်လျန် ဘာမှမပြောနိုင်ခဲ့ချေ။ ဒီလူက ငါ့ကို အမြဲတမ်း ပုံမှန်လို လာထိနေတော့တာပဲ။ တဖြည်းဖြည်း ငါ တောင် ဒီကိစ္စကို စိတ်ထဲ ဒေါသမထွက်မိတော့ သလိုပဲ။ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးရယ်။

သူမ၏အသွင်ပြင်ကို ကြည့်လိုက်ပြီးနောက် ကျန်းယွိနန်သည် ကျိတ်ပျော်သွားပြီး ပြုံးလိုက်လေသည်။

“ နားကပ်က မင်းနဲ့ လိုက်တယ်၊ ငါ အရွေးမမှားဘူးပဲ”

ရန်လျန် အခိုက်တန့်အံ့ဩသွားတော့သည်။

သူမသည် အမှတ်တမဲ့ နားကပ်ကို ကိုင်ကြည့်လိုက်လေသည်။

သူတို့သည် ခန်းမသို့ ည၈နာရီတွင် ရောက်လာ၏။

အတွင်းရေးမှူးလီက ဧည့်ကြိုကောင်တာတွင် အတော်ကြာအောင် စောင့်နေခဲ့ပြီး ကျန်းယွိနန်ကို တွေ့လိုက်ချိန်တွင်တော့ ချက်ချင်း ထွက်လာခဲ့သည်။

“ မစ္စတာကျန်း မစ်.... မစ်ရန် ရောလား”

အတွင်းရေးမှူးလီသည် သူတို့နှစ်ယောက်ကို အတူတူတွေ့လိုက်ရာ အံ့ဩသွားဟန်တူသည်။ ကျန်းယွိနန်က ဘာမှမပြောဘဲ ဝင်ပေါက်ဖက်သို့ လျှောက်သွားလိုက်၏။

ကျန်းယွိနန်သည် ခန်းမထဲဝင်မည် ပြင်လိုက်စဥ် ခဏရပ်လိုက်ပြီး ရန်လျန်ကို လှည့်ပြောလိုက်၏။

“ မင်း တစ်ခု မေ့နေတယ်ထင်တယ်”

“ဘာကိုလဲ”

ရန်လျန် ဇဝေဇဝါဖြစ်သွားတော့သည်။ သူမ၏ပိုက်ဆံအိတ် ကားထဲတွင် မကျန်ခဲ့သည်ကို အတည်ပြုရန် သူမလက်ကို ကြည့်လိုက်ချိန်၌ ကျန်းယွိနန်က သူမ၏လက်ကို လှမ်းကိုင်လိုက်လေသည်။

ကျန်းယွိနန်က သူမလက်ကို သူ့လက်မောင်းတွင် ချိတ်လိုက်၏။ ထိုအခိုက်မှာပင် ဝိတ်တာက တံခါးဖွင့်လိုက်လေသည်။

မီဒီယာများသည် အချိန်အကြာကြီး စောင့်လာခဲ့ရာ သူတို့သည် ရှေ့သို့တိုးလာပြီး ဓာတ်ပုံများ ရိုက်ကြတော့သည်။ သူတို့သည် သတင်းထောက်များကို ပြုံးပြလိုက်ပြီးသည်နှင့် မီးများ ပိတ်သွားတော့သည်။

ပြဿနာဖန်တီးချင်သည့် သတင်းထောက်များကလည်း မရှားချေ။ သူတို့ထဲက တစ်ယောက်က  မေးလိုက်၏။

“ မစ္စတာကျန်း လတ်တလောသတင်းကို တွေ့ပြီးပြီလား၊ Srအုပ်စု ပြောရေးဆိုခွင့်ရှိသူက ပြောတယ်....”

သတင်းထောက်၏မေးခွန်း မပြီးသေးခင်မှာပင် လုံခြုံရေးက သူတို့ကို မီဒီယာရှေ့မှ စောင့်ကြပ် ခေါ်သွားလိုက်လေသည်။

သို့သော် မီဒီယာထက် ကိုင်တွယ်ရပိုခက်သူက သူတို့ထံသို့ လာနေသည့် ရွှီဇီချင်းပင်။

“ ဘယ်လိုဖြစ်ပြီး နင်တို့နှစ်ယောက်အတူတူရောက်လာတာလဲ” ရွှီဇီချင်းသည် ပြုံးကာ ရန်လျန်ကို ကြည့်လိုက်၏။

ရန်လျန်သည် မီဒီယာရှေ့မှာကတည်းက ပြုံးလာရ ယခုထိပင်။ သူမ၏မျက်နှာကြွက်သွားများပင် တောင့်တင်းနေပြီး ထပ်မပြုံးချင်တော့ပေ။

ကျန်းယွိနန်က  သူမကို ပြုံးပြလိုက်ပြီး “ ခွင့်လွှတ်ပါ ကျွန်တော် ရန်လျန်ကို သွားကြိုနေရလို့ နည်းနည်းနောက်ကျသွားတယ်၊ မင်းအဖေရော”

“ ကြည့်ရတာ အဖေနည်းနည်းနောက်ကျမှ လာမယ်ထင်တယ်၊ ကျွန်မထွက်လာတုန်းက ဆရာဝန်က သူ့ကို ဆေးထိုးပေးနေတယ်၊ မစ္စတာ ရှင်ဝတ်ထားတဲ့အဝတ်အစားက ဘယ်ဒီဇိုင်နာဆီကလဲဟင်၊ ကျွန်မလည်း အဖေ့အတွက် တစ်စုံလောက်ဝယ်ပေးချင်...”

ရွှီဇီချင်း စကားမဆုံးခင်မှာပင် ရန်လျန်သည် ကျန်းယွိနန်၏အင်္ကျီလက်ကို ရုတ်တရက်လှမ်းဆွဲလိုက်လေသည်။

ကျန်းယွိနန်၏အာရုံသည် ဓာတ်လှေကားဖက်သို့ ညွှန်ပြနေသည့် ရန်လျန်ဆီရောက်သွားတော့သည်။

ကျန်းယွိနန်လည်း ဝင်ပေါက်ကို ကြည့်လိုက်၏။ သူ့မျက်နှာသည် မဲမှောင်သွားတော့သည်။ ရွှီဇီချင်းလည်း မပြုံးနိုင်တော့ချေ။ “ အားနာပါတယ် ၊ ကျွန်တော် အခုသွားရတော့မယ်”

လျစ်လျူရှုခံလိုက်ရသည့်စကားကြောင်း ရွှီဇီချင်း၏မျက်နှာသည် ညိုးသွားသော်လည်း သူမ ပြန်ဖြေလိုက်သေးသည်။ “ကိစ္စမရှိပါဘူး”

ကျန်းယွိနန်ထွက်သွား၏။ ရန်လျန် နေခဲ့သည်။ ဘယ်သူမှမရှိတော့သဖြင့် ရွှီဇီချင်းသည် အေးတိအေးစက် မှတ်ချက်ပေးလိုက်တော့သည်။

“ ဘာလို့လဲ၊ ငါ မစ္စတာကျန်းကို သဘောမကျပါဘူး၊ နင်ကရော၊ နင်က ဘာလို့ ငါနဲ့ တိုက်ခိုက်ချင်နေတာလဲ”

ရန်လျန်သည် သူမကို ပင်မကြည့်ချေ။ သူမ၏မျက်လုံးများသည် ဝင်ပေါက်ဘက်တွင် ရှိနေဆဲ။

“ ပထမအချက် နင်က ငါ့ကို အရင်စတိုက်ခိုက်တဲ့သူပါ၊ ဒုတိယအချက်ကတော့ ဘာဖြစ်နေလဲဆိုတာကို ကြည့်ပြီးမှ ဆက်ပြော”

ရွှီဇီချင်းသည် ဒေါသထွက်သွားသော်လည်း မတတ်သာဘဲ ဝင်ပေါက်ဖက်ကို ကြည့်လိုက်လေသည်။ တံခါးတွင် ဖိတ်ခေါ်မထားသည့်ဧည့်သည်ကို မြင်လိုက်ရာ သူမ မျက်မှောင်ကျုံ့သွားတော့သည်။

ရန်လျန်သည် တံခါးဆီ လျှောက်သွားမည်ပြင်လိုက်စဥ် ရွှီဇီချင်းက ရုတ်တရက် အကြောင်းအရာဟောင်းကို အစပြန်ဖော်လေသည်။

“ ငါ နင့်ကို သတိတော့ ပေးရမယ်လို့ ထင်တယ်၊ ယောက်ျားတွေအတွက်ဆိုရင်တော့ နင် ငါနဲ့ လုံးဝ လာမတိုက်ခိုက်သင့်ဘူး”

ရန်လျန်သည် ခဏရပ်သွားပြီးနောက် ဆက်လျှောက်သွားလိုက်တော့သည်။

ကျန်းယွိနန်၏အမူအရာကို ပြောင်းလဲသွာစေသည့် ဖိတ်ခေါ်မထားသည့်ဧည့်သည်၊ အရှုပ်အရှင်းများစွာဖြင့် စိတ်ဝင်စားခံရသူမှာ တခြားလူမဟုတ်ဘဲ လိပေါ် အလှကုန်အုပ်စု ခေါင်းဆောင် ကျန်းရှီကျွင်း ဖြစ်နေသည်။

ရန်လျန်သည် ကျန်းယွိနန်ဘေးတွင် လာရပ်လိုက်သည်နှင့် ကျန်းရှီကျွင်းက သရော်သလိုကြည့်လိုက်ပြီး

“ မင်းအဖေက တကယ်ပဲ အသက်အရွယ်ကြီးပြီလို့ ပြောရမှာပြ၊ လူတစ်ယောက်က ကိုယ်ပိုင် တီထွင်ဆန်းသစ်မှုတော့ ရှာဖို့လိုတယ်လေ၊ မင်းတို့တွေ ဘယ်လိုလုပ်ပြီး ပေါ်အုပ်စုရဲ့ ဥပမာကို လိုက်ယူနေတာလဲ၊ ငါတို့တွေ အခုမှ ဥရောပအလှကုန် ကုမ္ပဏီတွေနဲ့ အလုပ်စလုပ်တုန်းရှိသေး၊ မင်းတို့တွေက မြောက်အမေရိ ကုမ္ပဏီနဲ့ အလုပ်လုပ်ဖို့ စီစဥ်နေတယ်တဲ့”

ရန်လျန်သည် သူ့ကို စိတ်ထဲက ကျိန်ဆဲလိုက်သော်လည်း သူမ၏မျက်နှာပေါ်တွင်တော့ သဘာဝကျကျ အပြုံးတစ်ခုဆောင်ထားဆဲ။

“ အန်ကယ် ကျွန်မ ရှင့်ကို VIPစားပွဲဆီ ခေါ်သွားပေးမယ်လေ”

ကျန်းရှီကျွင်းသည် ရွှီကျင်းဖူထက် အများကြီးမငယ်ချေ။ သို့သော် နည်းနည်းထူးခြား၏။ ရန်လျန်က အလွန်နိမ့်ချနေသည်ကို မြင်လိုက်ပြီး သူ ရယ်မောလိုက်လေသည်။

 “ ကောင်မလေး နင်က စိတ်ထဲမှာတော့ ငါဘိုးဘွားတွေကို ကျိန်ဆဲနေပြီးတော့ အပေါ်ယံမှာတော့ ငါ့အပေါ်အရမ်းချိုသာနေပါလား”

ရန်လျန်သည် ဒီလိုလူမျိုးနှင့် ထပ်မဆက်ဆံချင်တော့ပေ။ ဒါသည် သူမ၏အဖေ၏ အရှုပ်ထုပ်ဖြစ်ပြီး သူမ၏အဖေ၏အချစ်တော် ရွှီဇီချင်းက ဖြေရှင်းနိုင်လိမ့်မည်။ သူမှနှင့်တော့ ဘာမှမဆိုင်ပေ။

ကျန်းရှီကျွင်းကို VIPစားပွဲဝိုင်းသို့ ပို့ပေးလိုက်ပြီးနောက် သူမသည် ဘယ်ဘက်ရှိခန်းမထဲမှာ အသာလေး ထွက်လာခဲ့လိုက်တော့သည်။

ခန်းမထဲတွင် မီးများ ပိတ်ထားပြီး စားပွဲနှင့် ကုလားထိုင်များကို အဖြူရောင်အစဖြင့် ဖုံးထားကာ ပတ်ဝန်းကျင်တွင် တစ်ယောက်မှ မရှိချေ။ အဖြူရောင်ပိတ်စဖြင့် ဖုံးမထားသည့် တစ်ခုတည်းသောအရာမျာ စတိတ်စင်ပေါ်က စန္ဒယားပင်။ ရန်လျန်သည် ခန်းမကြီးထဲက ယူလာသည့် ဝိုင်ပုလင်းကိုကိုင်ရင်း စတိတ်စင်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်ပြီးနောက် စန္ဒယားခုံပေါ်တွင် ထိုင်ချလိုက်သည်။

ဝိုင်သောက်ရင်း သူမသည် စန္ဒယားပေါ်က ခလုတ်များကို တီးခတ်လိုက်လေသည်။

“တင်း”

“တင်း”

“တင်း.....”

မညီညာသည့် တီးလုံးများသည် အေးစက်နေသည့် လေထုထဲတွင် ကျွတ်ဆတ်ဆတ် လွှင့်ပျံသွားသော်လည်း တီးလုံးသံက တစ်သံထွက်လာသည်။

ရုတ်တရက်ဆိုသလို နားဝင်ဆိုးသည့်အသံတစ်ခု ထွက်လာတော့သည်။

“ မင်း တီးတာလည်း အရမ်းဆိုးတာပဲ”

ရန်လျန် အံ့ဩသွား၏။

အသံသည် ခန်းမကြီးဘက်က တံခါးမှ လာလေသည်။

ရန်လျန် နောက်ကို ကြည့်လိုက်၏။ သူမသည် အမှောင်ထဲတွင်တောင် ထိုပုံရိပ်ကို အလွန်ရင်းနှီးနေလေသည်။ ကျန်းယွိနန်သည် သူမဘေးတွင် ရပ်လိုက်သည်နှင့်ချက်ချင်း သူ မှတ်ချက်ပေးလိုက်တော့သည်။ “ ရှင်က သရဲလား”

“ ငါသာ သရဲဆိုရင် ဒီမှာ တကိုယ်တည်းဖြစ်နေတဲ့ မိန်းမလှလေးတစ်ယောက်ရှိနေတာပဲ ၊ သေချာပေါက် သူနဲ့ စကားပြောချင်မှာပေါ့”

သူမသည် အနည်းငယ် ကျေနပ်သွားသော်လည်း စူအောင့်အောင့်ဖြင့် မေးလိုက်လေသည်။ “ အဲဒီအဖိုးကြီး ကျန်းရှီကျွင်းက ဘာဖြစ်တာလဲ”

“ မင်းပဲ သူ့ကို အန်ကယ်လို့ အခုလေးတင်ခေါ်ခဲ့ပြီးတော့ အခုကျတော့ ‘အဖိုးကြီး’တဲ့လား”

ရန်လျန်သည် ပခုံးသာတွန့်ပြလိုက်လေသည်။

ကျန်းယွိနန် ပြုံးလိုက်၏။ သူသည် ဝိုင်ခွက် နှစ်လုံးကို သယ်လာရာ ဖန်ခွက်များကို စန္ဒယားပေါ် တင်လိုက်ပြီးနောက် ရန်လျန်ဆီက ဝိုင်ပုလင်းကို ယူလိုက်ပြီး ခွက်နှစ်ခုလုံးထဲသို့ လောင်းထည့်လိုက်လေသည်။

ရန်လျန်သည် ခွက်တစ်ခုကို လှမ်းယူလိုက်ပြီး တစ်ကြိုက်ထဲ မော့ချလိုက်ပြီးနောက် ခွက်ကို ပြန်ချကာ ခပ်ရိုင်းရိုင်းပြောလိုက်လေသည်။ “ နောက်တစ်ခွက်”

ကျန်းယွိနန် နာနာခံခံဖြင့် လိုက်လျောပေးလိုက်၏။ “ ဟုတ်ပါပြီ ခင်မျာ”

“...” “.....”

“....” “...”

“ မမူးစေနဲ့ သတိထားအုံး”

ရန်လျန်သည် သူမ၏မျက်လုံးများ အရောင်တောက်သွားပြီး လက်တစ်ချောင်းထောင်လိုက်ကာ “ ကျွန်မက ယောက်ျားအများစုထက် ပိုသောက်နိုင်တယ် ပြီးတော့.....”

ဖုန်းမြည်သံက သူမစကားကို ဖြတ်လိုက်သည်။

ရန်လျန် မျက်မှောင်ကျုံ့လိုက်၏။ ကျန်းယွိနန် သူ့ဖုန်းကို ထုတ်လိုက်လေသည်။ ခေါ်ဆိုသူနာမည်ကို ရန်လျန်မြင်လိုက်၏။ ရွှီဇီချင်း။

ဖုန်းသည် နှစ်ခါမြည်လာပြီး ကျန်းယွိနန်က ဖုန်းချတော့မည်ပြင်လိုက်စဥ် ရန်လျန်က ဖုန်းကို လှမ်းဆွဲပြီး သူ့ကိုယ်စား ဖုန်းချလိုက်လေသည်။

သူတို့သည် ဆက်သောက်လိုက်ကြ၏။ အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရန်လျန် ရုတ်တရက်ထပြောလိုက်၏။

“ ကျွန်မ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတာ၊ အမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်းမှာ အဖေက သမီးတစ်ယောက်မွေးထားတဲ့ တခြားမိန်းမတစ်ယောက်ရှိနေတယ်လို့ ကြားခဲ့တယ်တဲ့၊ အမေက ကျွန်မကို ဖျက်ချပြီး ကွာရှင်းချင်ခဲ့တာတဲ့၊ ဒါပေမယ့် အမေ အဲလိုမလုပ်ခဲ့ဘူးတဲ့ ဘာလို့လဲ မှန်းကြည့်ပါလား”

သူမသည် သူ့အား အဖြေပြောပြချင်မှန်း ကျန်းယွိနန် သေချာသိနေသည်။ ထို့ကြောင့် သူမ ဆက်ပြောမည့်စကားကို နှုတ်ဆိတ်ကာ နားထောင်နေလိုက်၏။

“ ကျွန်မအမေက ကျွန်မကိုမွေးခဲ့တဲ့ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်၊ အမေ့စကားနဲ့ပြောရရင်တော့ ‘ အဆင့်မရှိတဲ့သူတွေကို လွယ်လွယ်လေး အလွှတ်မပေးနိုင်ဘူး’တဲ့၊ အမေ ကျွန်မကို ရွှီမျိုးရိုးနာမည် မပေးခဲ့ဘူး၊ ကျွန်မကို ရန်မျိုးနွယ်နာမည် ပေးခဲ့တယ်၊ ဒါက ကျွန်မက သတိပေးနေတယ်၊ ရွှီကျင်းဖူကို သတိပေးနေတယ်၊ သူက ခင်ပွန်းတစ်ယောက်၊  အဖေတစ်ယောက်လို ချစ်ခံရဖို့ မထိုက်တန်ဘူးဆိုတာကိုပေါ့၊ ဒါပမယ့် သူ့ချမ်းသာမှုက အရေးကြီးဆုံးပဲ”

ကျန်းယွိနန်၏မျက်လုံးများသည် ခဏတာ ဝမ်းနည်းရိပ်သန်းသွားပြီးနောက် ခံစားချက်မဲ့နေသည့်မျက်နှာဖြင့် သူမကို ဝိုင်ခွက် လှမ်းပေးလိုက်လေသည်။ “ ဒီအကြောင်းကို ဘာလို့ ငါ့ကို ပြောပြနေတာလဲ”

ရန်လျန် ပြုံးလိုက်၏။ သူမ၏မျက်လုံများသည် သူ့ဆီ ဖြည်းညင်းစွာရောက်သွားပြီး သူမ၏မျက်နှာထားမှ, ဒါသည် ဟာသလေးတစ်ခုဖြစ်ပြီး စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ဖော်ပြနေတော့သည်။

 “ ရှင်ဘာလို့အဲလို ထင်တာလဲ၊ ရှင် ကျွန်မကို သနားနေမယ်လို့ မျှော်လင့်ထားတာ၊ ဒီတော့ အရေးအကြီးဆုံးအချိန်မှာ ရှင် ရွှီဇီချင်းဘက်မှာ ရပ်မနေဖို့ဘဲ၊ တကယ်လို့ ရှင် ရွှီဇီချင်းကို ကူညီမယ်ဆိုရင်တော့ ကျွန်မ ရှိသမျှနည်းလမ်းအကုန်သုံးပြီး ရှင့်ကို ခြေမွပစ်ရလိမ့်မယ်”

ကျန်းယွိနန် မဲ့လိုက်ပြီး သူ့လေသံထဲတွင် မသိမသာ အထင်သေးရိပ်သန်းနေလေသည်။

“ မင်း စကားကြီးစကားကျယ် ပြောနေတာပဲ”

“ ချီးယား”

ရန်လျန် ပြုံးလိုက်၏။ ဘာမှမပြောတော့ဘဲ ကျန်းယွိနန်သည် သူ့ခွက်ကို ကောက်ကိုင်လိုက်ပြီး “ချီးယား”

နှစ်ယောက်လုံးသည် သူတို့ခွက်ကို မော့သောက်လိုက်ကြတော့သည်။

ရန်လျန်ယူလာသည့် ပုလင်း ကုန်သွားသည့်အပြင် ဝိတ်တာဆီမှာ တောင်းခဲ့သည့် နောက်ပုလင်းနှစ်လုံးလည်း နောက်ဆုံးတွင် ကုန်သွားတော့သည်။

ရန်လျန်သည် သတိအပြည့်ရှိနေပြီး ကျန်းယွိနန်၏ခြေလှမ်းများကတော့ တည်ငြိမ်မနေချေ။

ရန်လျန်သည် ဝိတ်တာကို ကျန်းယွိနန်အား ကူတွဲပေးဖို့ တောင်းဆိုလိုက်သည်။ လူအနည်းငယ်သာ ခန်းမကြီးထဲတွင် ကျန်ခဲ့ပြီး ပွဲပြီးသွားပြီးဖြစ်ရာ ဧည့်ကြိုကောင်တာလည်း လူမရှိတော့ချေ။

ရန်လျန်သည် ရယ်မောကာ ခေါင်းခါလိုက်လေသည်။ ကျန်းယွိနန်ကို တွဲပေးနေသည့် ဝိတ်တာနှစ်ယောက်ကိုကြည့်ရင်း သူမ ပြောလိုက်၏။

“ ရှင်တော့ ဒီနေ့ ရှင့်တာဝန်ကို ပျက်ကွက်ခဲ့ပြီလေ”

သူသည် အလွန်မူးနေရာ သူမ စ,နောက်လိုက်သည့် စကားကို မကြားနိုင်ပေ။

ရန်လျန်သည် အပေါ်ထပ် တံခါးကို ဖွင့်လိုက်ပြီး  ဝိတ်များက  မူးနေသည့်ကျန်းယွိနန်ကို တွဲကာ အိပ်ရာပေါ်ချပေးလိုက်၏။ ရန်လျန်သည် ကျန်းယွိနန်အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ယူလိုက်ပြီး အထဲက ပိုက်ဆံအားလုံးကို ဝိတ်တာများအား မုန့်ဖိုးပေးလိုက်တော့သည်။

အလွန်ကျေးဇူးတင်စွာဖြင့် ဝိတ်တာများသည် ကျေးဇူးတင်စကား အထပ်ထပ် ပြောနေလေသည်။ သူတို့ ထွက်သွားသည်နှင့် ရန်လျန်သည် ဆိုးသွမ်းတော့မည်ဟု ဆုံးဖြတ်လိုက်ပြီး ကုတင်၏ တဖက်တွင် သူမကိုယ်သူမ ပစ်လဲလိုက်တော့သည်။ သူမသည် ပြုံးရင်း သူ့လက်မောင်းကို ခေါင်းအုံးလုပ်လိုက်၏။ ထို့နောက် ထထိုင်လိုက်ပြီး သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်။ ရွှီဇီချင်းထံ၏ missed callများစွာကို တွေ့လိုက်ရသည်။ အမှန်တွင်တော့ ရန်လျန်ကိုယ်တိုင်လည်း အနည်းငယ်မူးရုံမျှသာ ရှိသေးသည်။ သူမသည်  အိပ်ပျော်နေသည့် ကျန်းယွိနန်၏မျက်နှာကို ပုတ်လိုက်ပြီး

“ လူညစ်”

သည်အချိန်တွင် ဖုန်းစခရင်သည် စာတစ်ကြောင့် လင်းလာတော့သည်။ “ မစ္စတာကျန်း ဖုန်းကိုင်ဖို့ အဆင်မပြေလို့လား”

ရန်လျန်သည် စာကို ထပ်ခါထပ်ခါ ဖတ်လိုက်ပြီးနောက် ရုတ်တရက် ကင်မရာကို ဖွင့်လိုက်ကာ သူမ၏နှုတ်ခမ်းကို ကျန်းယွိနန်၏နှုတ်ခမ်းတွင် ကပ်ထားလိုက်ပြီး ဓာတ်ပုံတစ်ပုံရိုက်လိုက်တော့သည်။ သူတို့နမ်းနေတဲ့သည့်ဓာတ်ပုံ။

ဒီအပြုအမူသည် အနည်းငယ် ခလေးဆန်သည်ဟု တွေးမိရာ ပုံကို ပို့ရမည်လား ဖျက်လိုက်ရမည်လား အတန်ကြာအောင် တွေဝေနေပြီးနောက် ဆုံးဖြတ်လိုက်တော့သည်။

သူမသည် ဓာတ်ပုံကို ပို့ပြီးသွားသည်နှင့် ဖုန်းကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်လေသည်။

အိပ်ရာပေါ်တွင် ထိုင်နေရင်း ခဏအကြာတွင်တော့ ရန်လျန်သည် စာပြန်ရောက်နေမလား ကြည့်ချင်သဖြင့် အိပ်ရာပေါ် ပစ်တင်လိုက်သည့်ဖုန်းကို စမ်းကာ ရှာလိုက်သည်တွင် ရုတ်တရက်....

သူမ၏လက်ကောက်ဝတ် ဖမ်းဆုပ်ခံလိုက်ရတော့သည်။

ရုတ်တရက် သူမကိုယ်သည် လည်ထွက်သွားပြီး အိပ်ရာနှင့် ကပ်သွားတော့သည်။

ရန်လျန်၏အမြင်အာရုံမှာ တည်ငြိမ်သွားချိန်၌ သူ့ကို ဖိထားသည့်အရာကို သိသွားတော့သည်။ ကျန်းယွိနန် ပင်ဖြစ်လေသည်။

သူ့မျက်လုံးထဲတွင် မရိုးသားသည့်အပြုံးတစ်ခု ရှိနေပြီး.... သူသည် တစက်ခလေးမှ မူးမနေချေ။

သူသည် သူမကို ကြည့်ရင်း ပြောလိုက်တော့သည်။

“ မင်းက အရင်စလိုက်ပြီဆိုမှတော့ ငါက လိုက်ကစားပေးရမှာပေါ့”

 🌺

ရှေ့သို့

နောက်သို့

Popular Post