အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
ခက်ထန်မှုအပြည့်ဖြင့် ရှန်ယွဲ့သည် သူမအခန်းဆီ
ပြန်သွားပြီး တံခါးကို ဝုန်းခနဲပိတ်ကာ ဖရိုဖရဲ မိသားစုကို စည်းခြားထားလိုက်တော့သည်။
နားကြပ်ကို တပ်ပြီး ပြန်အိပ်လိုက်၏။
အိမ်အပြင်တွင် ရှန်ယွဲ့က တံခါးကို ဝုန်းခနဲပိတ်သွားသည်ကို
မြင်လိုက်သည့် ဆွန်းလင်က တဖန် ပြဿနာရှာပြန်တော့သည်။
“ ရှန်အန်း အသုံးမကျတဲ့လူ ကျွန်မရှင့်ကို
ကွာရှင်းမယ်___”
ရှန်ယွဲ့သည် သားအမိနှစ်ယောက်ကို
ပညာပြပြီးနောက်ပိုင်း သူတို့နှစ်ယောက်မှာ ပို၍ ကျိုးကျိုးနွံနွံ ရှိလာသည်။
သူတို့သည် အိမ်၌ ရှန်ယွဲ့နှင့် ဆုံလျှင် သရဲတစ်ကောင် တွေ့လိုက်သလို သူမကို
မြန်မြန် ရှောင်ရှားသွားတော့သည်။
သို့သော်ငြား သူတို့နှစ်ယောက်သည် ရှန်ယွဲ့ကို
မကြာခဏ တိတ်တဆိတ် အကဲခတ်တတ်ကြပြီး တစ်ခုခုကို ကြံစည်နေကြသည့်နှယ်။ ရှန်ယွဲ့သည်
သူတို့ကို လုံးဝ အလေးမထားဘဲ ဒီအတိုင်း လွှတ်ထားလိုက်လေသည်။
ညရောက်လာ၏။
ဖယ်ဒရေးရှင်း မြို့တော်ရှိ
ကျိုးကော်ပိုရေးရှင်း၏ အပေါ်ဆုံးအလွှာ စီအီးအို ရုံးခန်းထဲတွင်
“ ဥက္ကဋ္ဌကျိုး သတင်းရှိတယ်၊ Sမြို့မှာတုန်းက သခင်လေးကို ပြန်ပေးဆွဲခဲ့တဲ့ လုပ်ကြံသူတွေကို
နောက်ဆုံးတော့ ရှာတွေ့သွားပြီ”
Sမြို့တဲ့လား။ ကျိုးရွှမ်း စဥ်းစားနေသည့်အမူအရာတစ်ခု
ထွက်လာသည်။ ဒီကာလအတွင်းမှာ အဲဒီတုန်းက ကျိူးယန်ကို ဓားနဲ့ ထိုးခဲ့တဲ့
လူသ-တ်သမားတွေကို ရှာဖို့ လူလွှတ်ထားခဲ့တာလေ။ ဒါပေမယ့် ဖမ်းမိခါနီးလေးမှ သူတို့ထဲက
တစ်ချို့က အမြဲတမ်းတမ်း လွှတ်လွှတ်သွားတယ်။ သတင်းကြိုရထားတဲ့ အတိုင်းပဲ။
“ဥက္ကဋ္ဌကျိုး သူတို့ရဲ့ဌာနချုပ်က Sမြို့မှာလား မသိဘူး” အတွင်းရေးမှူးသည် နေနိုင်တော့ပဲ မေးလိုက်တော့သည်။
“ မဟုတ်လောက်ဘူး၊ သူတို့တွေ ကျိုးယန်ကို
ကယ်ခဲ့တဲ့ သူတွေကိုလည်း သွားရှာလောက်တယ်”
ကျိုးရွှမ်း၏ မျက်လုံးများ မဲနက်သွားတော့သည်။
ဒီလူသ-တ်သမားတွေ ရှန်ယွဲ့ကို သွားရှာရင် သူတော့ ဒုက္ခရောက်တော့မှာပဲ။
ထိုအတွေးဖြင့် ကျိုးရွှမ်း ဆုံးဖြတ်ချက်တစ်ခု
ချလိုက်တော့သည်။
“ ရဟတ်ယာဥ်တစ်စီးနဲ့ သက်တော်စောင့် ၂ယောက်ကို
ရှန်ယွဲ့ဘေးနားမှာ ပို့ထားလိုက် သူ့ကို တတ်နိုင်သလောက် ကာကွယ်ပေးလိုက်”
“ဟုတ်ကဲ့”
ရှန်ယွဲ့သည် လှုပ်ရှားမှုလေးတစ်ခုကို ရုတ်တရက်
သတိထားမိလိုက်ချိန်တွင် အခန်းထဲ၌ အလုပ်များနေလေသည်။ သူမသည် ငြိမ်နေလိုက်ပြီး ဘာမှ
မဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။ သူမ၏ကွန်ပျူတာကို ပိတ်လိုက်ပြီး အိမ်ထဲမှ
ထွက်လာခဲ့၏။
အိမ်ထဲက ထွက်လာပြီးနောက် ရှန်ယွဲ့သည် ခြံထဲတွင်
ခေါင်းပေါ်ကလ,ကို ရှုးစားနေသယောင် ခဏကြာအောင် စောင့်နေလိုက်သည်။ ထို့နောက်
သွေးပူလေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီးနောက် ပုံမှန်အတိုင်း မြို့ပြင်အထိ
အမြန်လျှောက်လေ့ကျင့်ခန်း စလုပ်တော့သည်။
နောက်ဆုံးတွင် လူသူကင်းမဲ့ပြီး လုံခြုံရေးကင်မရာ
မရှိတော့သည့်နေရာသို့ ရောက်လာချိန်၌ ရှန်ယွဲ့ သူမ၏ခန္ဓာကိုယ်ကို
အကြောဆန့်လိုက်ပြီး သူမ ပတ်ဝန်းကျင်က တိုးညင်းညင်း တရှပ်ရှပ်အသံကို
နားထောင်နေလိုက်သည်။ သူမသည် စိတ်ရှညနိုင်စွမ်းကုန်သွားပြီး လေသံနိမ့်ကာ
ပြောလိုက်တော့သည်။
“ နင်တို့တွေ ဘယ်အချိန်ထိ ပုန်းနေကြမှာလဲ၊
ထွက်ခဲ့ကြ”
လူတစ်စုသည် အမှောင်ထဲတွင် ပုန်းအောင်းကာ သူမကို
အလစ်တိုက်ရန် ရှိနေကြောင်း အစောကတည်းက သိထားပြီးဖြစ်လေသည်။ ထို့ကြောင့် သူမသည်
တစ်ဖက်လူကို တိုက်ခိုက်ရန် အထူးအခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်လေသည်။ သည်
လူတစ်စု ကြွက်လို ကြောက်ရွံ့ပြီး တိုက်ခိုက်ရန် တွန့်ဆုတ်ကာ သူမ၏အချိန်ကို
လာဖြုန်းနေမည်ဟု ထင်မထားပေ။
သေချာသွားတော့သည်။ သူမ ပြောလိုက်ပြီးသည်နှင့် လူ
၇ယောက် ၈ယောက်လောက်က သူမ၏နောက်ဘက် အမှောင်ရိပ်ထဲမှနေ၍ လက်နက်များကိုင်ကာ
ထွက်လာကြလေသည်။ သူတို့သည် လွန်ခဲ့သည့် ရက်အနည်းက အရပ်ဝတ်ရဲဟန်ဆောင်ကာ
ကျိုးယန်နောက် လိုက်ခဲ့ကြသူများ ဖြစ်လေသည်။ သို့သော် သူတို့အားလုံးတွင်
နီရဲနေသည့်မျက်လုံးများနှင့် မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးငုတ်တိုများ ရှိကြသည်။
သူတို့၏ပုံမှာ ပင်ပမ်းကာ ကြံရာမရ ဖြစ်နေကြဟန်တူသည်။
သူမထံ အမှန်တကယ်ရောက်လာသည့် သည်
အင်မတန်တုံးအသည့် လူသ-တ်သမားတစ်ခုကို လုံးဝ မျှော်လင့်မထားချေ။ သူမသည် မဲ့ရွဲ့ကာ
ပြောလိုက်လေသည်။
“ နင်တို့ ရူးနေကြတာလား၊ မတရားမှုတိုင်းမှာ
လက်သည်တရားခံဆိုတာရှိတယ်၊ အကြွေးတိုင်းမှာလည်း ကြွေးရှင်ဆိုတာ ရှိတယ်၊ နင်တို့တွေ
ကျိုးမျိုးနွယ်ကို သွားမရှာပဲ ဘာလို့ ငါ့ကိုရှာတာလဲ”
ရှန်ယွဲ့သည် အဝိုင်းခံထားရသော်လည်း လုံးဝ
ပျာယာခတ်မသွားသည်ကို တွေ့လိုက်ရချိန်၌ လုပ်ကြံသူများသည် ပို၍ စိုးရိမ်လာကြတော့သည်။
ခေါင်းဆောင်၏အသံသည် ရှန်ယွဲ့ကို စိုက်ကြည့်ရင်
တိမ်ဝင်သွားတော့သည်။
“ အဲနေ့က မင်း ကျိုးယန်ကို သေမင်းလက်ထဲ
လွှတ်အောင်လုပ်ပေးခဲ့ပေမယ့် ငါတို့တွေကတော့ ကျိုးမိသားစုရဲ့ နေ့နေ့ ညည လိုက်တာ
ခံလိုက်ရတယ်၊ ငါတို့ရဲ့ ညီအကိုတွေ တော်တော်များ သေသွားခဲ့တယ်၊ ငါတို့ရဲ့အသက်ကို
ကျိုးမိသားစုနဲ့ အလဲအလှယ်လုပ်ဖို့ မင်းကို ဖမ်းမှပဲ ဖြစ်တော့မယ်”
ငါက ကျိုးမိသားစုနဲ့ ဘာမှမပတ်သက်တာလေ၊ ဒီလူတွေ
ဘယ်လိုလုပ်ပြီး ငါ့အသက်ကို အသုံးချပြီး ကျိုးမိသားစုဆီက ထွက်ပေါက်ရှာနေတာတုန်း။
ဒီလူတွေတော့ ကျိုးမိသားစုရဲ့ အပြတ်ရှင်းခံရတော့မှာပဲ။
ရှန်ယွဲ့သည် ဒေါသထွက်လွန်းသဖြင့် အော်ရယ်လိုက်တော့သည်။
သူမ သူတို့ကို သနားသဖြင့် သတိပေးလိုက်လေသည်။
“ ငါက ကျိုးမိသားစုနဲ့ ဘာမှမပတ်သက်ဘူး၊ နင်တို့တွေ ငါ့ကို ဖမ်းလဲ အပိုပဲ”
“ မဖြစ်နိုင်ဘူး၊ မင်းနဲ့ ဘာမှ မပတ်သက်ရင်
အဲတုန်းက ဘာလို့ စွန့်စားပြီး ကျိုးယန်ကို ကယ်ခဲ့တာလဲ”
ခေါင်းဆောင်က ငြင်းလိုက်လေသည်။ သူ ရှန်ယွဲ့ကို
ကြည့်လိုက်သည်ပုံစံက ပိုပိုအန္တရာယ်များလာတော့သည်။
“ မင်း ငါတို့ကို မပြောပြချင်ဘူးဆိုမှတော့
မင်းကို ဖမ်းပြီး ကျိုးမိသားစုကို ကိုယ်တိုင် တောင်းဆိုရတော့မှာပဲ”
“ ငါ ပိုက်ဆံကြောင့် လုပ်ခဲ့တာလို့ ပြောရင်ကာ
နင်ကယုံမှာမလို့လား”
ရှန်ယွဲ့၏နှုတ်ခမ်းများသည် ပုံမှန်အတိုင်း
အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။
သာမန်အထက်တန်းကျောင်းသူတစ်ယောက်က ဘယ်လောက်ပဲ
ဉာဏ်ကောင်းကောင်း လူတစ်စုကိုတော့ မယှဥ်နိုင်ပါဘူး။ ဧကန္တ လူသ-တ်သမားတစ်စုက
မိန်းမငယ်လေးတစ်ယောက်ကို မဖြေရှင်းနိုင်ဘူးတဲ့လား။
သူမကိုဝိုင်းထားသည့် လူသ-တ်သမားများက
ဖြည်းဖြည်းချင်း နီးကပ်လာသည်ကို မြင်လိုက်ရချိန်တွင် ရှန်ယွဲ့သည် သူမ၏ခါးကို
ညွှတ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်စဥ် ခေါင်းဆောင်က ရုတ်တရက်
ပစ်စတိုတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ပြောင်းဝကို ရှန်ယွဲ့ခေါင်းဘက်
ချိန်ထားလိုက်လေသည်။
“ မင်း ထပ်လှုပ်ရင် မင်းခေါင်း
ပွင့်သွားမယ်နော်”
...
နောက်သို့
No comments:
Post a Comment