အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
(Notice! Violent act တစ်ခုပါလို့ သတိဖြင့်
ဖတ်ကြပါနော်)
“ ကောင်မလေး မင်းက ငါ့ဆီတောင် လာရဲသေးတယ်နော်”
လူမိုက်များသည် မြန်မြန်ခုန်ထွက်လာကြပြီး ရှန်ယွဲ့ကို
မလိုမုန်းတီးစွာ ကြည့်နေကြလေသည်။
သူတို့ဘက်က လူများပြီး ရှန်ယွဲ့လို ကျောင်းသူများကို
အနိုင်ကျင့်နေကျ ဖြစ်လေသည်။ ရှန်ယွဲ့သည် သူတို့ခြောက်လန့်တာ ခံလိုက်ရပြီးနောက်
ချက်ချင်း အသနားခံလာမည်ဟု ထင်ထားကြ၏။ ထိုအချိန်တွင် သူတို့သည်လည်း လုပ်ချင်တာ
လုပ်နိုင်သွားတော့မည်။ ထို့ကြောင့် သူတို့သည် ချန်းမင်၏သတိစကားကို အလေးအနက် မထားခဲ့ကြချေ။
ရှန်ယွဲ့သည် တိုက်ခိုက်တတ်သယောင် ထင်ရလေသည်။
ရန်ယွဲ့၏ ချောမွတ်ကာ အနည်းငယ်ချွေးပျံနေသည့် မျက်နှာကို
ကြည့်လိုက်ကြပြီး လူမိုက်များသည် ချက်ချင်း ရာဂစိတ်ပြင်းပြလာကာ
ညစ်ညမ်းသည့်အပြုံးများ ပေါ်လာတော့သည်။
“ယိုး ... အနီးကပ်ကြည့်လိုက်တော့ ချစ်စရာကောင်းသေးတာပဲ၊
တစ်ခုခုလုပ်ဖို့ မီးပိတ်စရာမလိုတော့တဲ့ အထိပဲ”
လူမိုက်တစ်ယောက်က လူယုတ်မာပီပီ ပြုံးလိုက်လေသည်။
“ မင်းရဲ့အသားအရည်က တော်တော် နူးညံ့မယ့်ပုံပဲ၊
ထိကြည့်ရင် ဘယ်လိုနေမလဲ သိချင်လိုက်တာ၊ ဟီဟီး”
နောက်တစ်ယောက်ကထပ် ပြောလိုက်၏။
အပြင်းအထန်လေ့ကျင့်လာသည့် သည်ကာလအပြီးတွင် ရှန်ယွဲ့သည်
အမှန်ပင် ဝိတ်အများကြီး ကျသွားသည်။ သူမ၏မျက်နှာသွင်ပြင်မှာ ပို၍ ထင်ရှားလာ၏။
ထို့ကြောင့် လူမိုက်များ ၏ ရွံ့စရောကောင်းသည့် အတွေးမှာ သိသာလေသည်။
ရှန်ယွဲ့သည် အလွန်ရွံ့ရှာသွားတော့သည်။
သူမ၏လက်ကောက်ဝတ်ကို လှုပ်ရှားရင်း အန္တရာယ်အငွေ့အသက်ဖြင့် အေးတိအေးစက်မေးလိုက်
တော့သည်။
“ နင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ”
“ ဟဲဟဲ နင် အခုတလာဘယ်သူ့ကို ပြစ်မှားမိခဲ့လဲ
စဥ်းစားကြည့်ပေါ့၊ ခလေးမ နောက်မှ မငိုနဲ့နော်__”
လူမိုက်များသည် အရိုင်းစိုင်းသဖွယ် အော်ရယ်ကြလေသည်။
“ချန်းမင် လား”
ရှန်ယွဲ့၏စိတ်ထဲတွင် ချန်းမင်၏နာမည်က ချက်ချင်းပေါ်လာပြီး
မသင်္ကာသလို မေးလိုက်တော့သည်။
လူမိုက်များ၏မျက်နှာကို အကဲခတ်ကြည့်လိုက်ရင်းမှ
သူမ၏ခန့်မှန်းချက် မှန်နေကြောင်း သိလိုက်တော့သည်။ သူမသည် စိတ်ထဲတွင် ခနဲ့တဲ့တဲ့
ပြောလိုက်တော့သည်။
ထင်တောင်မထားဘူး။ ချန်းမင်ရဲ့အုံးနှောက်က ထင်သလောက်
မဖွံ့ဖြိုးတာပဲ၊ သူ့စိတ်ကလည်း မီးသွေးခဲထက်တောင် မဲသေးတယ်၊ ငါ့ကို သတ်ဖို့ ရေကန်ထဲ
တွန်းချခဲ့ရုံမကသေးဘူး ငါ့ကို နာမည်ဖျက်ဖို့ လူမိုက်တသိုက်ကိုတောင်
သီးသန့်ခေါ်ထားလိုက်သေးတယ်တဲ့လေ။
ဒီလို ရက်စက်တဲ့ သမီးတစ်ယောက်ကို မွေးနိုင်တဲ့
မြို့တော်ဝန်တစ်ယောက်လည်း သေချာပေါက် လူကောင်းဖြစ်မှာမဟုတ်ဘူး။ ဒီလိုဖြစ်လာမှတော့
ငါဆိုတဲ့ ရှန်ယွဲ့က ဒီအခွင့်အရေးကိုယူပြီး ဒီမိသားစုကို လက်ဆောင်ကြီးတစ်ခု
ပေးရမှာပေါ့လေ။
ရှန်ယွဲ့သည် လူမိုက်များကို စကားထပ်ပြောခွင့်မပေးတော့ဘဲ
မျက်မှောင်ကျုံ့ထားလိုက်တော့သည်။ မကြာမီ လူရိပ်များသည် တစ်ခုပြီး တစ်ခု
မြေပေါ်ကျသွားပြီး ဘောလုံးတစ်လုံးလို လိမ့်ကာ အော်ဟစ်နေကြတော့သည်။ ရှန်ယွဲ့သည်
လုံလောက်ပြီဟု မထင်သည့်နှယ် သံတစ်ချောင်းစိုက်ဝင်နေသည့် တံခါးပျက်တစ်ခုကို
သည်အတိုင်း ကောက်ကိုင်လိုက်ပြီး လူမိုက်များကို ရိုက်ချလိုက်တော့သည်။
နောက်တစ်နေ့တွင် ရှန်ယွဲ့ကျောင်း၏ လမ်းဆုံက တံတားပေါ်၌
လူမိုက် ၇ ယောက် သည် ကြိုးဖြင့် ချိတ်ဆွဲခံထားရလေသည်။ သူတို့သည်
ဘူသီးခြောက်များကို ချိတ်ဆွဲခံထားရသလို လေထဲတွင် ယမ်းနေပြီး ကြောက်စရာကောင်းသလို
ရယ်စရာကောင်းနေတော့သည်။
သူတို့ဘေးတွင် လော်စပီကာ တစ်ခုကလည်း တွဲလောင်းကျနေ၏။
ထိုလော်စပီကာထဲမှာ အသံသွင်းထားသည့် တိပ်တစ်ခုကိုလည်း ဖွင့်လေသည်။ ချန်းမင်နှင့်
သူမ၏အဖေက သူတို့အား ငွေကြေးဖြင့် လာဘ်ထိုးကာ
မကောင်းသည့်ကိစ္စများကို လုပ်ခိုင်းပါသည်ဟူ၍။
ပြည်သူများ၏ မဲကို ရရန် ဖိအားပေးသည့်အနေဖြင့်
ချန်းမင်၏အဖေ ချန်းချင်သည် ပြည်သူများ၏အိမ်ကို ဖျက်ဆီးပြီး သူတို့ကို
အတင်းအကြပ်သဘောတူလာအောင် လူမိုက်များကို ခိုင်းစေခဲ့လေသည်။ သူ့ရန်သူ၏သမီးသည်
ဂျူနီယာအထက်တန်းကျောင်းသူဖြစ်ပြီး သူတို့ပြောသမျှကို ဆန့်ကျင်သည့်အတွက် ချန်းချင်က
ကောင်မလေးကို ကားဖြင့်တိုက်သတ်ကာ မတော်တဆအမှုအသွင်ဖြစ်အောင် လုပ်ခိုင်းခဲ့သည်။
ချန်းမင်သည် ကျောင်းက မိန်းခလေးအတန်းဖော်နှင့် ရန်ဖြစ်ခဲ့သည့်အတွက် လူမိုက်များကို
ငွေပေးကာ ထိုမိန်းခလေးအား အဓမ္မပြုကျင့်ခိုင်းခဲ့သည်။
ထိုအကြောင်းအရာအားလုံးကို လော်စပီကာဖြင့် ဖွင့်ထားလေသည်။
ချန်းချင်နှင့် ချန်းမင်တို့သည် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့သော်လည်း
သူတို့သည် ပြည်သူများက ချွေးဖြင့်ရင်းကာ အခွန်ဆောင်ထားရသည့် အခြေအနေနှင့်
ချမ်းသာမှုပေါ်တွင် ပျော်ရွှင်နေကြသေးသည်။
လူမိုက်များသည် ဒီနေရာတွင် တစ်ညလုံး
တွဲလောင်းချခံထားသည်။ ရှန်ယွဲ့၏ နှိပ်စက်ခံလိုက်ရပြီးနောက် ရှန်ယွဲ့က သူတို့ကို
အသက်ရှင်လျက် ထွက်သွားခွင့်ပြုမည့် မျှော်လင့်ချက်ဖြင့် သူတို့အားလုံးသည်
သူမ၏အမိန့်ကို နာခံခဲ့ကြလေသည်။
နောက်ဆုံး ရှန်ယွဲ့သည် သူတို့ကို ဖိနှိပ်ပြီးနောက်
သူတို့ကို လူမဆန်သည့် နှိပ်စက်နည်းများကိုလည်း သုံးခဲ့သေးသည်။ ဥပမာ သူမသည်
သူတို့၏မျက်လုံးများကို ငရုတ်ရေဖြင့် ပက်ပြီး ခြေသည်းများကို ဆွဲနှုတ်ခဲ့သည်။
ဒါသည် ကမ္ဘာပေါ်က ငရဲခန်းအတွေ့အကြုံတစ်ခုနှင့် တူပြီး လူမိုက်များအား
သူမ၏ခြိမ်းခြောက်မှုကို ယုံကြည်သွားအောင် လုပ်ခဲ့ခြင်းဖြစ်သည်။
သည်နတ်ဆိုးမလေးသည် သူတို့၏အိမ်အထိလိုက်လာကာ
တစ်ခုခုလုပ်ပြီး သူတို့ကို သတ်ပစ်မည်ကို သိသွားတော့သည်။ သူတို့၏အသက်ကို
ဆုံးရှုံးရခြင်းနှင့် ရှန်ယွဲ့အကြံပေးခဲ့သည့် သူတို့အလုပ်ရှင်ကို
သစ္စာဖောက်ခြင်းကြားတွင် သူတို့သည် သေချာသည့် ရွေးချယ်မှုတစ်ခုသာ လုပ်ပေလိမ့်မည်။
သို့သော်ငြား ရှန်ယွဲ့က သည်လိုဆူပူမှုကြီးတစ်ခု
လုပ်လိမ့်မည်ကိုတော့ မထင်ထားခဲ့ကြပေ။ အလွန်ပြင်းထန်သွားပြီး မြို့တစ်ခုလုံး
အုံကြွသွားတော့သည်။ သူတို့သည် ခေါင်းဖြတ်ခံရ ပေတော့မည်။
အစကပြန်စလို့ရလျှင် သူတို့သည် ချန်းမင်၏ ငွေကို
လက်ခံပြီး ရှန်ယွဲ့အား ဆန့်ကျင်ဖို့ လုပ်လိမ့်မည်မဟုတ်သည်မှာ သေချာလေသည်။
ချန်းမင်၏အဖေ ချန်းချင်သည် အခင်းဖြစ်ပွားရာ နေရာသို့
ကားဖြင့်ရောက်လာသည့်အချိန်၌ ကြည့်ရှုသူများသည် တံတားတွင် ဝိုင်းအုံနေကြလေသည်။
လူတစ်စုက ချီတက် ဆန္ဒပြနေကြပြီး သူတို့သည်“ ဒုစရိုက် မြို့ဝန် ချန်းမင် အခုဆင်း၊
ငါတို့က ပြည်သူတွေရဲ့ အခြေအခံလူ့အခွင့်အရေးကို တန်ဖိုးထားတယ်”ဟူ၍ ချန်ချင်းကို
ဝန်ကြီးရာထူးမှ နှုတ်ထွက်ပေးရန် အော်ဟစ်တောင်းဆိုနေကြတော့သည်။
ချန်ချင်းသည် ကားပေါ်မှ ဆင်းလိုက်သည်နှင့်တပြိုင်နက်
ဒေါသမီးများ တောက်လောင်နေသည့် လူအုပ်ကြီး၏ အပိုင်းပိုင်း ဆွဲဖြုတ်ခံရ လိမ့်မည်မှာ
ထင်ရှားနေတော့သည်။
🍀🍀🍀
No comments:
Post a Comment