အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
မိနစ်၂၀ကြာပြီးနောက် ကျိုးမိသားစုသည် အလျင်စလိုရောက်ချလာ၏။
ရလာဒ်အနေဖြင့် ကျိုးယန်ကို အောင်အောင်မြင်မြင် ကယ်တယ်နိုင်ခဲ့ပြီး
လူနာထမ်းစင်ပေါ်သို့ တင်လိုက်၏။ ဒါဇင်မကသည့် ဆေးဝန်ထမ်းများက သူ့ကို ဝန်းရံထားပြီး
အရေးပေါ်ကုသရေးအတွက် လုပ်ဆောင်လိုက်ကြလေသည်။
သူ့အသိစိတ်များ ပျောက်ကွယ်သွားသည့် နောက်ဆုံးမိနစ်အထိ
ကျိုးယန်သည် ရှန်ယွဲ့က သူမ၏ဘဏ်အကောင့် နံပါတ်ရေးခဲ့သည့် အင်္ကျီလက်ကို ကိုင်ထားဆဲ။
သူသည် တတွတ်တွတ် ရွတ်နေ၏။
“ သူ့ဆီ ငွေလွဲပေးဖို့ မမေ့နဲ့... ငွေလွဲပေးဖို့.....”
နောက်တစ်နေ့ ။
“ ဒီတော့ မင်းကို သာမန်အထက်တန်းကျောင်းသူတစ်ယောက်က
ကယ်ပေးခဲ့တာပေါ့၊ သူက မင်းနောက်လိုက်နေတဲ့ လူသ-တ်သမားတွေကို လှည့်စားပြီး မင်းကို
အန္တရာယ်ကင်းတဲ့နေရာကို ပို့ပေးလိုက်တာပေါ့”
ကျိုးရွှမ်းသည် ရှန်ယွဲ့၏ကိုယ်ရေးအချက်အလက်ကို လက်ထဲတွင်
ကိုင်ထားပြီး မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။
ကျိုးယန်သည် သတိပြန်ရနေပြီဖြစ်၏။
ရှန်ယွဲ့၏အချိန်မီကုသပေးခဲ့သည့်အတွက်ကြောင့် သူ့ဒဏ်ရာသည်
ပိုဆိုးမသွားခြင်းဖြစ်သည်။ သူ့ကို အောင်အောင်မြင်မြင် ကယ်တင်လိုက်နိုင်ပြီးနောက်
သူ့တွင် ကျိုးရွှမ်းကို စကားပြောနိုင်သည့် အားရှိနေသေးသည်။
“ ဦးလေး ကျွန်တော့်ကို မယုံမရှိနဲ့နော်၊ သူက
အရမ်းသန်မာတာ....”
ကျိုးယန်၏တတွတ်တွတ် ပြောစကားများကို နားထောင်ရင်
ကျိုးရွှမ်းသည် ရှန်ယွဲ့၏ကိုယ်ရေးအချက်အလက်ကို သေချာပြန်ဖတ်လိုက်လေသည်။
သူမအသက်က
၁၈နှစ်၊ အထက်တန်း
တတိယနှစ်ကျောင်းသူတစ်ယောက်၊ သူကအဝလွန်ပြီး အဆင့်အရမ်းညံ့လွန်းလို့
သူ့အခန်းဖော်တွေရဲ့ ခွဲခြားဆက်ဆံခံရပြီး အိမ်မှာလည်း တန်ဖိုးထားမခံရဘူးတဲ့။
ကျိုးရွှမ်းသည် လက်ပေါ်က တန်ဖိုးကြီးလက်စွပ်ကို
ပွတ်သပ်ရင်း ပို၍ သံသယဝင်လာတော့သည်။
ဘယ်လိုပဲ ကြည့်ကြည့် ရှန်ယွဲ့က သာမန်လူတစ်ယောက် ၊ တနည်းနည်းနဲ့
အရည်အချင်းမရှိတဲ့ ကောင်မလေးတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး ကျိုးယန်ကိုကယ်ဖို့
သူရဲကောင်းအလုပ်ကို လုပ်နိုင်တာတဲ့လဲ။
ကျိုးရွှမ်းသည် ရှန်ယွဲ့နှင့် ပတ်သက်သည့်အချက်အလက်ထဲတွင်
ဘာသဲလွန်စမှ တွေ့ရပေ။ ထို့ကြောင့် ဆက်မကြည့်ပဲ ရပ်လိုက်တော့သည်။ သူ့သံသယကို
ခဏဘေးချိတ်ထးလိုက်ပြီး ကျိုးယန်စကားကို ဆက်နားထောင်နေလိုက်သည်။
“.... ဒီတော့ သူ ကျွန်တော့်ကို ကယ်ခဲ့တယ်၊
သူ့ရဲ့ဘဏ်အကောင့်ကို တောင်ချန်ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်ကို
ဘယ်လောက်ပေးစေချင်တယ်လို့ မပြောခဲ့ဘူး၊ ကျွန်တော် သူ့ကို
ငွေဘယ်လောက်ပေးလိုက်သင့်လဲ”
ကျိုးယန်သည် ရှန်ယွဲ့က သူမထံ ငွေလွဲရန်
တောင်းဆိုသည့်အကြောင်း ပြောပြလိုက်ပြီး သူ့အမူအရာသည် ဒွိဟဖြစ်နေတော့သည်။
“ မင်းလည်း အရွယ်ရောက်ပြီးပဲ မင်းဟာမင်းဆုံးဖြတ်”
ကျိုးရွှမ်း အေးတိအေးစက်ပြောလိုက်၏။
သူနှင့် ကျိုးယန်သည် သွေးချင်းအလွန်နီးသော်လည်း
သူတို့နှစ်ဦးကြားတွင် ကြီးမားသည့် ခြားနားချက်က ရှိလေသည်။
အသွင်ပြင်အားဖြင့်ပြောရလျှင် နှစ်ယောက်လုံးသည်
အလွန်ချောမောသော်လည်း ကျိုးယန်က တောက်ပပြီး ချောမာသည့်ကောင်လေးတစ်ယောက်ဖြစ်ပြီး
ကျိုးရွှမ်း၏မျက်နှာသွင်ပြင်မှာ ပို၍လေးနက်ကာ ပို၍ပြတ်သားလေသည်။ သူသည်
အေးစက်မာကျောပြီး ရင့်ကျက်သည့်ယောက်ျားတစ်ယောက်၏ နှစ်လိုဖွယ်ဆွဲဆောင်မှုကို
လှစ်ပြထား၏
ဉာဏ်ရည်အားဖြင့်ပြောရလျှင်တော့ ကျိုးရွှမ်းသည်
ပို၍အကြံများကာ စဥ်းလဲ၏။ သူသည် ကျိုးယန်နှင့် အတူကြီးပြင်းလာသော်လည်း ကျိုးယန်အား
အရာအားလုံးကို သင်ပြပေးခဲ့သည် မိဘတစ်ယောက်လို ဖြစ်နေသည်။ သူ အရွယ်မရောက်ခင်ကတည်းက
ကျိုးကော်ပိုရေးရှင်းသို့ ခေါ်လာခံရပြီး ကော်ပိုရေးရှင်းကို ကောင်းစွာ
ကိုင်တွယ်စီမံခဲ့လေသည်။ တစ်ချိန်ထဲတွင် ကျိုးယန်သည် ကလေးဆန်သည့် သခင်လေးတစ်ယောက်
သာဖြစ်နေဆဲပင်။
ယခုအချိန်အထိ ကျိုးယန်သည် အပူအပင်မရှိ နေလာသူတစ်ယောက်ဖြစ်၏။
သို့မဟုတ်လျှင် အပြင်ထွက်လည်နေစဥ်
ပြန်ပေးဆွဲခံရပြီး သတ်ခံရလုနီးနီး ဖြစ်လိမ့်မည် မဟုတ်ချေ။ ကျိုးရွှမ်းသည်
သူ့ကို လေ့ကျင့်ပေးရန် စိတ်ကူးရှိရာ တမင်လမ်းကြောင်းမပေးဘဲ သူ့ဟာသူ
စဥ်းစားစေချင်ခဲ့လေသည်။
“ ဟင်း...”
ကျိုးယန်သည် အချိန်တော်တော်ကြာအောင် စဥ်းစားလိုက်၏။
ပိုက်ဆံအများကြီးပေးလိုက်လျှင် ရှန်ယွဲ့လို သာမန်မိသားစုက ခလေးတစ်ယောက်ကို
ခြောက်လန့်သလိုဖြစ်သွားမှာလည်း စိုးသည်။ နည်းနည်းလေးပေးပြန်လျှင်လည်း
သူ့ကျေးဇူးတရားကို မဖော်ပြတတ်ရာကျမည်။
“ ဒါဆို ကျွန်တော်သူ့ကို ယွမ်တစ်သန်းပေးလိုက်မယ်”
ကျိုးယန်သည် ကျိုးရွှမ်းကို မဝံ့မရဲကြည့်ကာ မေးလိုက်၏။
ကျိုးရွှမ်းသည် ကျိုးယန်အား အဖြေပြန်မပေးလိုက်ချေ။ သူသည်
ကူကယ်ရာမဲ့သလို လက်ခါပြလိုက်ပြီး ကျိုးယန်ကို အပြင်ထွက်ပြီး ကိုယ့်ဟာကိုယ်
စဥ်းစားရန် လက်ဟန်ပြလိုက်လေတော့သည်။
ရှန်ယွဲ့ တစ်ယောက်ထဲ ထွက်သွားချိန်က သူမ၏အသွင်ကို
ပြန်စဥ်းစားလိုက်ပြီးနောက် ကျိုးယန်သည် တတွတ်တွတ် ဆက်ရွတ်နေလိုက်၏။
“ သူ ကမန်းကတမ်းနဲ့ ထွက်သွားပြီး ငါ့စကားကိုတောင် သေချာနားမထောင်သွားဘူး၊
ငါ Sမြို့ကို
ကိုယ်တိုင်ထပ်သွားပြီး သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်စကားပြော မှရမယ်”
ကျိုးရွှမ်းသည် သူ၏ထိန်းမနိုင်သည့်တူလေးကြောင့် အလွန်ပင်
ကူကယ်ရာမဲ့ဖြစ်နေတော့သည်။ သူသည် အေးတိအေးစက် ပြောလိုက်တော့သည်။
“ ဆရာဝန်က မင်းကို
အိပ်ရာထဲမှာပဲနေပြီး ပြန်ကောင်းအောင်လုပ်ဖို့ ပြောထားတယ်လေ၊
လျှောက်ပတ်သွားမနေနဲ့၊ မင်း မေ့သွားပြီလား ၊ မင်းပြန်ကောင်းလမာမှ သူ့ကို
သွားရှာလည်း အရမ်းမနောက်ကျဘူး”
“ သိပါပြီ သိပါပြီ ဘာလို့ အဲလောက်ဒေါသထွက်နေတာလဲ”
ကျိုးယန်သည် အနည်းငယ်မှားသွားသည်ဟု ခံစားလိုက်ရ၏။ ကျိုးရွှမ်းက
အနည်းငယ်စိတ်မရှည်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် သူ
မြန်မြန်ထွက်လာလိုက်တော့သည်။
ကျိုးရွှမ်းသည် ရုံးခန်းထဲတွင် တစ်ယောက်ထဲကျန်ခဲ့ချိန်မှ
စားပွဲပေါ်က နောက်ထက်အချက်အလက်ကို ကောက်ကိုင်လိုက်လေသည်။ အချက်အလက်အဖုံးပေါ်က
နာမည်မှာ လင်ယွဲ့။
“ ကမ္ဘာနံပါတ်တစ် လူသ-တ်သမား လင်ယွဲ့က ပြီးခဲ့တဲ့
ရက်အနည်းငယ်တုန်းက ဖယ်ဒရယ်လျှို့ဝှက်အဆောင်အုံမှာ သေသွားတယ်၊ သူ့ရဲ့အလောင်းကတောင်
ပြာဖြစ်သွားတယ်တဲ့ နှမြောစရာကောင်းလိုက်တာ”
ကျိုးရွှမ်းသည် မျက်ခုံးနှစ်ခုကြားကို ပွတ်လိုက်ပြီး
နှမြောသတသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
လင်ယွဲ့၏ အကောင်းဆုံးကိုယ်ရေးအကျဥ်း အထပ်လိုက်ကို
လှန်လှောကြည့်လိုက်ပြီးနောက် မျက်လုံးထဲ ဆွဲဆောင်မှုအရှိဆုံးတစ်ခုမှာ “
ထိပ်တန်းဆေးပညာစွမ်းရည်” ။ ကျိုးရွှမ်း သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးထဲတွင်
စိုးရိမ်မှုအရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
အဖေ့ရောဂါကို ကုနိုင်တဲ့ တစ်ယောက်တည်းသောသူ လင်ယွဲ့တောင်
သေသွားပြီးဆိုရင် သူ့အဖေကို ကယ်ပေးမယ့်သူကို ဘယ်မှာ သွားရှာရတော့မှာလဲ။ ကျိုးရွှမ်း ခေါင်းကိုက်လာတော့သည်။
အတန်ကြာပြီးနောက်တွင်တော့ ကြီးမားကျယ်ဝန်းလှသည့်
ရုံးခန်းထဲတွင် ညင်သာသည့် သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရလေတော့သည်။
…
No comments:
Post a Comment