Novel Lists

Novels

   နိမ့်ခြည်မြင့်ချည် အချစ်တို့သည်...   မခစားလိုက...သတ်စေ! အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ်

June 20, 2024

YLအပိုင်း (၁၁)

ဒီတစ်ပိုင်းလုံးက NSFW 18+ ပါ။

အပိုင်း (၁၁)

မျက်လုံးချင်းဆုံသွားကြရာ တစ်ယောက်က ပြုံးလျက် ၊ ကျန်တစ်ယောက်မှာ အထိတ်တလန့်နှင့်ပင်။

_ _ တိတ်ဆိတ်နေသည့်အခန်းထဲတွင် ကျန်းယွိနန်သည် သူမထံသို့ ဖြည်းဖြည်းချင်း တိုးအလာ _

ရန်လျန် ရုတ်တရက် ခေါင်းကို လှည့်လိုက်လေသည်။

ကျန်းယွိနန်၏အနမ်းက သူမနှုတ်ခမ်းနှင့် လွဲသွားပြီး သူမ၏ပါးပေါ်သို့ သက်ဆင်းသွားတော့သည်။ သို့သော် ဒါသည် ရှည်ကြာသည့်ညတာတစ်ခု၏ အစပင်။ သူသည် စိတ်မလှုပ်ရှားနေချေ။ သူမ၏ မေးစေ့ကို ဆွဲပင့်လိုက်ပြီး “မင်းသိလား၊ မင်း ဒီတရုတ်ရိုးရာဝတ်စုံကို ဝတ်ထားတာ ပထမဆုံးမြင်လိုက်တုန်းကလေ ငါ မင်းရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အင်္ကျီကို ဆွဲဖြဲပစ်ချင်ခဲ့တာ”

ရန်လျန် သူပြောနေသည့်စကားကို နားမထောင်ချင်တော့ပါ။ သူ့ပခုံးကို လက်နှစ်ဖက်ဖြင့် တွန်းလိုက်သော်လည်း သူကတော့ ရွေ့မသွား။ သူက သူမ၏လက်ချောင်းများကိုပင် ကျီစယ်ကာ ကိုက်လိုက်သေးသည်။

သူမ သူ့ကို တွန်းထုတ်ရန် ကြိုးစားနေစဥ်မှာပင် သူ့လက်သည် သူမရင်ဘတ်ပေါ်တွင် ရောက်နေပြီး....

ရိုးရာဝတ်စုံ၏ ပထမဆုံးကြယ်သီးကို ဖြုတ်နှင့်ပြီး ဖြစ်နေသည်။

သူ ဒုတိယကြယ်သီးကို ဆက်ဖြုတ်နေသည်ကို မြင်လိုက်သည်တွင် ရန်လျန်သည် ပျာယာခတ်သွားပြီး အော်ဟစ်သတိပေးလိုက်တော့သည်။ “ ဒါဆိုရင်တော့ ကျွန်မ လက်တုန့်ပြန်ရလိမ့်မယ်”

ကျန်းယွိနန် အမှန်ပင် ရပ်သွား၏။ သို့သော် ကြောက်ရွံ့လို့တော့ မဟုတ်ချေ။ သူက ရယ်မောလိုက်ရင်း

“ ငါ သိချင်လို့ပါ၊ မင်း စိတ်လှုပ်ရှားလာအောင် ငါ ဘယ်လောက်အထိ လုပ်ဖို့လိုလဲ ဆိုတာကိုလေ”

“ ရှင် ဘာ.....”

အသံမထွက်လာဘဲ ထိုလူသည် သူမ၏နှုတ်ခမ်းကို ပိတ်လိုက်ပြီး သူမ စကားစ,ရှာမရဖြစ်သွားတော့သည်။ သူမ၏နှုမ်းခမ်းများကို သူက ဖမ်းဆုပ်ထားပြီး သူသည် သူမကို စကားလုံးနှင့်ရော လုပ်ဆောင်ချက်နှင့်ပါ အနိုင်ရနေနှင့်မှန်း သူမ သဘောပေါက်သွားတော့သည်။

ရန်လျန်သည် အံကြိတ်ချင်လိုက်သော်လည်း သူက သူမ၏မေးစေ့ကို ညင်ညင်သာသာ ဆွဲပင့်လိုက်လေသည်။ တစ်ဖက်က ပစ်မှတ်တစ်ခုကို လမ်းကြောင်းဖော်ရင်း သူမ၏နား၊ ညှပ်ရိုးနှင့် ရင်သားတို့ကို ထိလာတော့သည်။ သူသည် ဘေးက ဇစ်ကို အသံမထွက်ဘဲ ဆွဲချလိုက်ပြီးနောက် သူ့လက်က သူမ၏အဝတ်အစား အတွင်းထဲရောက်သွားပြီး သူမ၏ ကျောပြင်ကို ပွတ်သပ်လေတော့သည်။

ဖြည်းညင်းစွာ အလွန်ဖြည်းညင်းစွာဖြင့် အောက်ပိုင်းကိုရောက်သွားပြီး ကျီစယ်နေတော့သည်။

သူ၏ညင်သာသာအထိအတွေ့အောက်တွင် ရန်လျန်သည် တုန်ယင်သွားပြီး သူမ၏ခြေထောက်များမှာ ထုံကျဥ်ကာ သူမ၏ခန္ဓာကိုယ်ကို တိုးဝင်လာသည့်လှိုင်းလုံးက လွှမ်းခြုံသွားတော့သည်။ သူမ၏နှုတ်ခမ်းသည် သူနှင့် တွယ်ညှိနေပြီး သူသည် သူမ၏နေရာတိုင်းကို ကျီစယ်နေသည့်အလား သူက သူမကို နိုးဆွလိုက်သည့်ခံစားချက် အားလုံးက လွမ်းမိုးသွားပြီး သူမ၏ခေါင်းမှာ ကျဥ်သွားကာ မူးမေ့မတတ်ဖြစ်သွားတော့သည်။ နောက်ဆုံး သူ့အနမ်းများကို ရပ်လိုက်ချိန်တွင်တော့ သူသည် သူမ၏နားသီးကို စုပ်လိုက်ရာ ဒီလူမှာ အန္တရာယ်ရှိကြောင်းပင် မေလုနီးနီး ဖြစ်သွားတော့သည်။

သူမသည် တစ်ခုခုကို အသဲယားလာသလို ဖြစ်နေတော့သည်။

“ အဲလောက်ထိ တောင့်တင်းနေမှတော့ ဘယ်လို ပျော်ဖို့ကောင်းတော့မှာလဲ၊ စိတ်လျှော့ပြီး ပျော်လိုက်စမ်းပါ....”

သူ့အသံသည် အလွန်ဝေးကွာသည့်အရပ်မှလာသလို မှော်ဆန်ပြီး သူမ၏ခန္ဓာကိုယ်ထဲက လွှတ်ထုတ်ဖို့ရာ တောင်းဆိုနေရင်း ကိန်းဝပ်နေသည့်အလိုဆန္ဒတို့ကို နိုးထလိုက်သလိုပင်။

ဒါသည် ယောက်ျားတစ်ယောက်အတွက် ရန်လျန်ကို ဤသို့ပထမဆုံးမြင်ဖူးချင်းဖြစ်ပြီး အလွယ်တကူ စိတ်လှုပ်ရှားသွားတော့သည်။

ရန်လျန်သည် အလျှော့ပေးမိတော့လုနီးနီးပင်။

သူမ၏စကတ်ကို ဆွဲဖြဲလိုက်သံက အချိန်ကိုက် သတိပေးချက်ဖြစ်သွားသည့်နှယ် ရန်လျန်သည် သူမကိုယ်သူမ ဆုံးရှုံးလုနီးနီးအခြေအနေမှ ချက်ချင်း ပြန်ဆွဲထားလိုက်တော့သည်။

ကျန်းယွိနန်သည် အေးဆေးနေဆဲ။ သူ့ရင်ခွင်ထဲက အမျိုးသမီးက သူ့ကို ရုတ်တရက်တွန်းထုတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ရလာဒ်အနေဖြင့် သူသည် သတိမထားမိလိုက်ဘဲ ကုတင်ဘေးသို့ ကျသွားပြီး ရန်လျန် သူ့ဆီက ခွာလိုက်လေသည်။

သူမ သူ့အဝေးသို့ ပြေးထွက်သွားပြီး ဆံပင်များမှာ ရှုပ်ပွနေကာ အသက်ရှုသံမှာလည်း မတည်ငြိမ်တော့ချေ။

ကိစ္စများကို မစ,ရသေးခင်မှာပင် ရုတ်တရက် အဆုံးသတ်သွားတော့သည်။

စိတ်ပျက်စရာကောင်းတာလား။ ကံကောင်းသွားတာလား။

ကျန်းယွိနန်သည် သူမ သူ့ဆီက သုတ်သုတ်ပြာပြာပြေးထွက်သွားသည်ကို ကြည့်ရင်း သူမကို ထပ်ဖမ်းဆွဲမည့် စိတ်ကူးကို လက်လျှော့လိုက်တော့သည်။

သူ ကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး “ ခဏလေး”

ကျန်းယွိနန်၏အသံသည် တည်ငြိမ် အေးဆေးနေပြီ ဘာမှ မဖြစ်ခဲ့သည့်နှယ် ၊ သူ့အသက်ရှူသံကပင် ချောမွေ့နေလေသည်။

ရန်လျန် သူ့ကို လျစ်လျူရျုလိုက်ပြီး တံခါးဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်၏။

ကျန်းယွိနန်သည် သက်ပြင်းချလိုက်ပြီး မပြောချင် ပြောချင်ဖြင့် ပြောလိုက်လေသည်။

“ မင်း အဝတ်အစားတွေ ဝတ်လိုက်အုံး၊ ငါ မင်းကို ပြန်ပို့ပေးမယ်”

သူ့စကားလုံးများသည် လစ်လျူရှုခံလိုက်ရ၏။ ရန်လျန်သည် သည်အန္တရာယ်ထဲမှ လုံးဝလွှတ်ထွက်လုနီးနီးမှ သူမသည် ခြေဗလာဖြစ်နေမှန်း သိလိုက်ရတော့သည်။

ငုံ့ကြည့်လိုက်၏။ သူမ ဖိနပ်လုံးဝ စီးမထားမှန်း သေချာသွားတော့သည်။

သူမသည် ပြန်လှည့်လာရန် တွန့်ဆုတ်နေသော်လည်း အံကြိတ်ကာ သူမ၏ဖိနပ်ရှိသည့် အိပ်ရာဘေးသို့ ပြန်လှည့်လာလိုက်တော့သည်။

ကျန်းယွိနန်သည် သူမ အလျင်စလိုဖြစ်နေပုံကို ကြည့်လိုက်ပြီး အေးတိအေးစက်ပြုံးကာ ပြောလိုက်လေသည်။

“ ကျိုးချန်းမဟုတ်သ၍ မင်းရဲ့နှလုံးသားကို ဘယ်ယောက်ျားကိုမှ မဖွင့်ပေးဘူးပေါ့နော်”

ရန်လျန် ရုတ်တရက် အေးခဲသွားတော့သည်။

သူမ၏တုန့်ပြန်မှုကိုမြင်လိုက်ရပြီး ကျန်းယွိနန် အော်ရယ်လိုက်လေသည်။

“ တကယ်ပါကွာ ၊ ငါ သူ့ကို တော်တော်လေး မနာလိုဖြစ်မိတယ်”

သူ့ရယ်သံသည် လှောင်ပြောင်နေသလို သူမ၏စိတ်အတွင်း ခါးသီးသည့်ခံစားချက်တစ်ခုကို ဖန်တီးလိုက်လေသည်။

အစောပိုင်းက ပြင်းထန်သည့် ရုန်းကန်မှုက ရန်လျန်ကို မောပန်းသွားစေတော့သည်။ သူမသည် မခံမရပ်နိုင်အောင် ဒေါသထွက်သွားပြီး စိတ်မထိန်းနိုင်တော့ချေ။ ယခုတွင်တော့ ဒီလူ၏ တည်တည်ငြိမ်ငြိမ် ပြောဆိုနေပုံကို နားထောင်ရင်း ထိုခံစားချက်အားလုံး ပျောက်သွားပြီး ဖော်မပြနိုင်သည့် ရှုပ်ထွေးကာ ဗလောင်ဆူသွားသည့် ခံစားချက်တို့က နေရာယူသွားတော့သည်။

သူမသည် တစ်ခုခုကို အရေးတကြီး သက်သေပြရန်လိုလာသည်ဟု ခံစားလိုက်တော့သည်။ ယဥ်ပါးလို့မရနိုင်သည့် မရပ်မနားခံစားချက်လှိုင်းသည် သူမခန္ဓာကိုယ်ထဲတွင် ထိုးထွက်လာပြီး ချက်ချင်းပင် သူမကို လွှမ်းမိုးသွားတော့သည်။

သူမ၏ဖိနပ်ကို လွှင့်ပစ်လိုက်ပြီး သူ့ကို ခပ်ကြမ်းကြမ်း နမ်းလိုက်လေတော့သည်။

ကျန်းယွိနန် သူမ၏ကြမ်းကြမ်းတမ်းတမ်းအရှိန်ကြောင့် အံ့ဩသွားပြီး ကုတင်ဘောင်ပေါ် ဆောင့်မိမလိုဖြစ်သွားသည်။ သို့သော် သူသည် အမြဲလိုလို မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်သူဖြစ်ရာ နောက်တစ်စက္ကန့်တွင်တော့ လက်တစ်ဖက်ကို ကုတင်ပေါ်ထောက်ထားပြီး ကျန်တစ်ဖက်က သူမ၏ခါးကို ဖက်ထားလိုက်တော့သည်။

သူမသည် သူ့ကို ခွထားပြီး သူမ၏လက်များက သူ့ခါးကို တင်းကြပ်အောင် ညစ်ထားကာ သူ့အပေါ် အနမ်းမိုးရွာနေတော့ရာ ကျန်းယွိနန်သည် မုန်တိုင်းတစ်ခုထဲ ပိတ်မိသွားတော့သည်။

ရန်လျန်သည် သူ့ကို ပြင်းပြစွာနမ်းနေပြီး လိမ်ယှက်တွယ်ညှိရင်း သူတို့၏အသက်ရှူသံများသည် တစ်ယောက်ကို တစ်ယောက် ရစ်ပတ်ထားတော့သည်။

ကျန်းယွိနန်သည် ပြင်းထန်သည့် တုန့်ပြန်မှုကို ပြန်ထိန်းချုပ်လိုက်ပြီး သူ့လက်များက သူမ၏ခါးကို တင်းကြပ်နေအောင် ဖက်ထားကာ သူ၏ပြင်းရှရှ နှုတ်ခမ်းတို့သည် သူမကို နာကျင်လုနီးနီး ပွတ်သပ်နေတော့သည်။ ရန်လျန်သည် သူ့နက်တိုင်ကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲဖြုတ်လိုက်၏။

သူ့နက်တိုင်၊ အနွေးထည်၊ ဝတ်စကုတ်၊ ရှပ်အင်္ကျီ တို့သည် တစ်ထည်ပြီးတစ်ထည် ကြမ်းပြင်ပေါ်သို့ ကျသွားတော့သည်။ ရန်လျန် သူ့ပခုံးကို တွန်းလိုက်သည်တွင် သူက သူမကို ခေါင်းရင်းနံရံနှင့် ဖိကပ်ထားပြီး သူမ၏ခန္ဓာကိုယ်က သူ့ကို ခွထားဆဲ။ သူ့မေးကို ဝင့်ကြွားစွာ ပင့်ထားပြီး ဆက်အနမ်းပေးချင်သော်လည်း ရန်လျန်က ရှောင်လိုက်ပြီး သူ့လည်ပင်ကို နမ်းကာ သူ့ညှပ်ရိုးကို တတိတိ ကစားရင်း သူ၏ တင်းရင်းနေသည့်ရင်ဘတ်ကို ခဏကြာသည်အထိ တတိတိ ထိကိုက်နေလိုက်သည်။

သူမ၏လက်သည် သူ့ခါးပတ်ကို ဖြုတ်ရန်လှမ်းလိုက်သည်နှင့် သူ့လိုအင်ဆန္ဒကို သွားထိမိတော့သည်။ ပြင်းရှရှ အသက်ရှူသွင်းလိုက်ပြီးနောက် ကျန်းယွိနန်သည် သူမ၏လက်ကို ဆွဲဖယ်လိုက်ကာ သူမကို အိပ်ရာပေါ်တွင် ဖိထားပြီး သူ့ခန္ဓာကိုယ်က သူမအပေါ် ရောက်သွားတော့သည်။

“ ဘာဖြစ်တာလဲ၊ သည်းမခံနိုင်တော့ဘူးလား”

ရန်လျန်ပြုံးကာ သူ့နှခေါင်းကို ဖျစ်လိုက်၏။

ကျန်းယွိနန်သည် သည်အမျိုးသမီးကို ဤပုံစံဖြင့် တစ်ခါမှမမြင်ဖူးရာ ထိုးဆွခြင်းနှင့် အဆုံးစွန်ထိ ကျိုးနွံ့သည့်ခံစားချက်တို့ ရောနှောသွားရာ ယမကာနှင့် ချောကလက်တို့၏ ယစ်မူးဖွယ်ပေါင်းစပ်မှုတစ်ခုနှယ်။ သူမသည် ချိုမြိန်၊ ယစ်မူးစေကာ မြူးကြွပြင်းရှရှဟန်....

သူလည်း ပြုံးလိုက်၏။

“ ငါက ငါ့စည်းမျဥ်းအတိုင်း လိုက်လုပ်ရုံပါ”

ကြင်နာမှုအရိပ်မရှိသည့်အသွင်ဖြင့် သူသည် ရိုးရာဝတ်စုံ၏အနားကို ဆွဲဖြဲလိုက်ပြီး သူမ၏ တဆစ်ဆစ်ဖြစ်နေသည့် လိုအပ်ချက်ကို ပြေပျောက်စေရန် တမင်အာရုံစိုက်ပြီး အောက်သို့ ဆင်းသွားလိုက်တော့သည်။

ထိုအခိုက်တွင် ရန်လျန်သည် ပင့်သက်ရှိုက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်က အလိုက်သင့် ညွှတ်သွားပြီး သူမအဝတ်အစားများသည် ဘေးတွင် ဖရိုဖရဲ ကျသွားလေသည်။ ကျန်းယွိနန်သည် လက်တစ်ဖက်ကို သူမ၏ကျော်ပြင်တွင် ဖြည်းညင်းစွာလှုပ်ရှားနေရင်း စည်းချက်အတိုင်း လှုပ်ရှားနေတော့သည်။

နောက်ဆုံး ရန်လျန်သည် သည်းမခံနိုင်တော့ဘဲ ညည်းညူလိုက်ရာ ကျန်းယွိနန်က သူမကို နမ်းလိုက်ပြီးနောက် နှုတ်ခမ်းမဲ့လိုက်လေသည်။

ကျန်းယွိနန်က သူမ၏ ရွှန်းစိုကာ ပန်းရောင်သန်းနေသည့် မျက်နှာကို ပင့်လိုက်ပြီး သူမ၏ဝိုင်းစက်နေသည့် မျက်လုံးများကို ကြည့်ရင်း မောက်မာ အရိုင်းဆန်ပြီး ယဥ်ပါးလို့မတတ်သည့် မာနတို့ဖြင့် ပြောလိုက်လေသည်။

“ ဘာလဲ၊ သည်းမခံနိုင်တော့ဘူးလား”

သူသည် သူမပြောခဲ့သည့်စကားကို ကိုးကားလိုက်ခြင်းပင်။

*** ***

ဒါသည် အလွှာနှစ်ခုအကြား ထိန်းချုပ်ကြသည့်တိုက်ပွဲတစ်ခုဖြစ်ပြီး အနိုင်အရှုံးမည်သို့ ရှိသည်ဖြစ်စေ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းသည် ထူးထူးခြားခြား ကျေနပ်မှု ရသွားတော့သည်။

ညသည် အေးစက်လာ၏။ အလင်းရောင် မှိန်ပျပျနှင့် သူတို့၏အလိုဆန္ဒများသည် ပြည့်ဝသွားလေသည်။ စီးကရက်တစ်လိပ်ကို ရှူရှိုက်ပြီးနောက် ရန်လျန်သည် သူမ၏အပြူအမူအတွက် နောင်တရနေမိတော့သည်။

အိပ်ရာဘေးက ဆေးလိပ်ပြာခံခွက်ထဲတွင် စီးကရက်ကို အကြင်နာမဲ့စွာ ငြိမ်းသတ်လိုက်ပြီး သူမ၏အဝတ်အစားများကို ချက်ချင်း ဆွဲယူလိုက်ပြီး ဘာတစ်ခွန်းမှ မပြောဘဲ အိပ်ရာပေါ်က ဆင်းလိုက်တော့သည်။

“ ချက်ချင်း စိတ်ပြောင်းသွားပြီလား”

အမှောင်ထဲမှအသံတစ်ခုသည် သူမနောက်မှ နေ၍ ထွက်လာ၏။

ရန်လျန်သည် သည်အထင်သေးသည့်စကားကြောင့် နေရာတွင် ဆွဲကပ်ခံလိုက်ရသလို ခြေဗလာဖြင့် ရပ်နေလိုက်တော့သည်။

သူမသည် တွေဝေသွားပြီးနောက် ပြန်လှည့်လာလိုက်လေသည်။

ကျန်းယွိနန်သည် ခုတင်ပေါ်တွင် ထိုင်နေဆဲ။ လက်တစ်ဖက်က ကုတင်ဘောင်ပေါ် တင်ထားပြီး ကျန်တစ်ဖက်က အမှောင်ထဲတွင် မီးရောင်မှိန်နေသည့် စီးကရက်တစ်လိပ်ကို ကိုင်ထားလေသည်။

ခုနလေးကမှ သူမ၏ခေါင်းသည် သူ့လက်မောင်းကို ခေါင်းအုံးလုပ်ထားခဲ့သော်လည်း ယခုတွင်တော့ နူးညံ့မှုမရှိတော့ဘဲ သူမသည် ခပ်ပေါ့ပေါ့သာ ညာပြောလိုက်တော့သည်။

“ ကျွန်မတို့နှစ်ယောက်လုံး မူးနေကြတာလေ၊ ကျွန်မကို ယုံလိုက်၊ နိုးလာရင် ကျွန်မ အားလုံးကို မေ့သွားလိမ့်မယ်”

သူသည် ရယ်နေသယောင်။

အမှောင်ထဲတွင် စီးကရက်မီးသည် သူမဆီသို့ ရွေ့လျားလာသည်ကို မြင်နေရလေသည်။ သတိအနေအထားဖြင့် သူမ နောက်တစ်လှမ်းဆုတ်လိုက်၏။ ကျန်းယွိနန်သည် သူ့စီးကရက်မီးကို ငြိမ်းလိုက်ပြီး အိပ်ရာပေါ်မှ ဆင်းလာကာ သူမရှေ့တွင် မတ်တပ်ရပ်လိုက်လေသည်။

သူသည် အမှန်ပင် ပြုံးနေလေသည်။

“ ငါက နောက်တစ်ခါလောက် လုပ်ရလဲ စိတ်ထဲမထားတာမလို့ မင်း နောက်မှ မေ့လိုက်လည်းရပါတယ်လေ”

 🌺 

ရှေ့သို့

နောက်သို့


No comments:

Post a Comment

Popular Post