အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
ညနေကျောင်းဆင်းချိန်၌
ရှန်ယွဲ့သည် သူမ၏ဘဏ်ကတ်ထဲသို့ ယွမ်တစ်သန်းရောက်ကြောင်း စာလက်ခံခဲ့ရသည်။
ဖုန်းပြောပြီး စာပို့လို့သာရသည့် သူမ၏ ခေတ်မမီတော့သည့်
ဖုန်းကို သိမ်းလိုက်ပြီး ရှန်ယွဲ့သည်
မပျော်မရွှင်ဖြင့် ညည်းညူလိုက်တော့သည်။
“ ကျိုးကော်ပိုရေးရှင်းရဲ့ သခင်လေးက ယွမ်တစ်သန်းပဲ
တန်တာတဲ့လား”
ငါလေးထင်ထားတာက အနည်းဆုံးတော့ သိန်းတစ်ရာလောက်
ဖြစ်မယ်ထင်ထားတာလဲ ဒါမှမဟုတ်လဲ သိန်း၅၀ပေါ့။ နောက်ဆုံးတော့ ဒီလောက်နည်းနည်းလေးပဲ
ရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ ဒီလောက် ကပ်စေးနဲတဲ့သူ တစ်ခါမှ မတွေ့ဖူးပါဘူး။
အရမ်းစိတ်ပျက်သွားပြီ။ ဒီလို ဖြစ်မယ်မှန်းသိရင်
ကျိုးယန်ကို လုံခြုံတဲ့နေရာ ပို့ပေးဖို့ ဒီလောက်အားထုတ်ခဲ့မှာ မဟုတ်ဘူး ။
သူ့ဟာသူပဲ လွှတ်ထားလိုက်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲတွေးတွေးပါလေ ယွမ်တစ်သန်းတော့ တကယ်
ရခဲ့တာပဲ။ အခုလိုအချိန် ငါလေးမှာ ပိုက်ဆံနည်းနည်းပဲ ရှိတာဆိုတော့ ငါလေး လုပ်ချင်တာ
လုပ်ဖို့ အများကြီး ပိုလွယ်ကူသွားပြီ။
ရှန်ယွဲ့သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဘတ်စ်ကား
စောင့်ရန် မှတ်တိုင်ဆီသို့ လျှောက်သွားလိုက်တော့သည်။
ညနေကျောင်းဆင်းချိန်၌ ပုံမှန်အတန်းမှ ခလေးများသည် စောစော
ကျောင်းဆင်းရပြီး ထူးချွန်အတန်းမှ ခလေးများက နှစ်ချိန်ပိုတက်ရလေသည်။ ထို့ကြောင့်
ရှန်ချန်သည် ရှန်ယွဲ့နှင့် အိမ်အတူမပြန်နိုင်တော့ချေ။ မှတ်တိုင်တွင် တစ်ယောက်ထဲ
ဘတ်စ်ကားရပ်စောင့်နေသည့် ရှန်ယွဲ့၏ကျောဘက်မြင်ကွင်းသည် ရှင်းမပြတတ်အောင်
အထီးကျန်မှုကို ခံစားရစေလေသည်။
သူမ၏နောက်က ပန်းခင်းထဲတွင် ချန်းမင်သည်
လူရမ်းကားနှင့်တူသည့် အကြမ်းဖက်သူတစ်ချို့နှင့် ရပ်နေပြီး ရှန်ယွဲ့ကို အငြိုးနှင့်
ကြည့်နေလေသည်။
ရှန်ယွဲ့သည် သူမကို အကြောက်လွန်ပြီး
သေးထွက်အောင်လုပ်ခဲ့သည့်နေကစ၍ ထိုသတင်းသည် အကြောင်းကြောင်းကြောင့်
တစ်ကျောင်းလုံးကို ပြန့်သွားတော့သည်။ အားလုံးက သူမကို ဟာသတစ်ခုလို ဆက်ဆံကြပြီး
ယွီဟောက်သည်လည်း သူမကို မတွေ့ချင်တော့ပေ။
ချန်းမင်သည် သူမ၏နာမည်မှာ လုံးဝပျက်စီးသွားတော့သည်။
သူမသည် ကျောင်းခန်းထဲလည်း ထပ်မသွားချင်တော့ပေ။ ထို့ကြောင့် ခွင့်ရက်အနည်းငယ်ယူပြီး
အိမ်၌သာ နေတော့သည်။ ရှန်ယွဲ့က ထိုသတင်းကို ဖြန့်လိုက်သည်ဟု သူမ ထင်လိုက်၏။ သူမသည်
ထပ်စော်ကားမခံနိုင်တော့ရာ ရှန်ယွဲ့ကို လက်စားချေရန် ငွေသုံးပြီး
လူမိုက်အနည်းငယ်ကို ငှားရမ်းလိုက်တော့သည်။
“ ရှေ့က အဲဒီဝက်မကို တွေ့လား၊ ငါတို့တွေ ဒီည သူ့ကို
ပညာပေးမှာ”
ချန်းမင်သည် အံကြိတ်ကာ လူမိုက်များကို ရက်ရက်စက်စက်
အမိန့်ပေးလိုက်လေသည်။
ရှန်ယွဲ့၏ ဝဖိုင့်ဖိုင့် ကျောပြင်ကို ကြည့်လိုက်ပြီး
လူမိုက်များသည် စားထားသည့် နေ့လည်စာပင် ပြန်အန်ထွက်တော့မလိုပင်။ သူတို့သည် ခက်ခက်ခဲခဲ
ကြည့်ကာ ပြောလိုက်၏။
“ တော်ပါပြီ အမမင် ရာ၊ နင် ငါတို့ကို
အဓ္ဓမကျင့်ခိုင်းတဲ့သူက ချောချောလှလှ မိန်းခလေးလို့ ထင်ထားတာ၊ ဒီလိုဝက်မကြီးလို့
မထင်ထားဘူး၊ သူ့ကို အဓ္ဓမကျင့်ဖို့မပြောနဲ့
ကြည့်ရုံနဲ့တင် အစားစားချင်စိတ်ပါ ပျောက်တယ်”
“ ဂရုမစိုက်ဘူး၊ နင်တို့ ငါ့ပိုက်ဆံကို
လက်ခံထားပြီးပြီဆိုတော့ ငါတို့တွေ အစကတည်းက သဘောတူထားတဲ့အတိုင်း လုပ်ရမယ်၊ ငါ
သူနာမည်ပျက်တာကိုလိုချင်တယ် ပြီးတော့ သူ့ခေါင်းကို ဘယ်တော့မှ
ပြန်မထောင်နိုင်စေရဘူး”
ချန်းမင်သည် ရှန်ယွဲ့အား အသည်းခိုက်အောင် မုန်းလေသည်။
ရှန်ယွဲ့သည် သူမကို တစ်ကျောင်းလုံးရှေ့တွင် အရှက်ခွဲခဲ့သည့်အတွက် သူမကလည်း
ပိုရက်စက်သည့် ကိစ္စကို လုပ်ရလိမ့်မည်။
သူမသည် ငွေပေးလျှင် ဘာမဆိုလုပ်သည့် ဒီလူမိုက်များကို
ငှားရပေမည်။ သူမသည် ရှန်ယွဲ့၏ သိက္ခာကို ဖျက်ဆီးပစ်ပြီး ကျောင်းတွင်
ထိုအကြောင်းကို ဖြန့်ပစ်ရမည်။ သူမသည် ရှန်ယွဲ့ကို သူမခံစားရသည်ထက်
ဆယ်ဆပြန်ခံစားရအောင် လုပ်ရပေလိမ့်မည်။
“ မဖြစ်ဘူး၊ နင် ငါတို့ကို ပိုပေးမှဖြစ်မယ်”
လူမိုက်များသည် ဆန့်ကျင်ကြတော့သည်။ သူတို့အားလုံးသည်
ထွက်သွားတော့မည်ဟန် လုပ်လိုက်ကြလေသည်။
သူမက ရှန်ယွဲ့ကို ဒီလူမိုက်တွေ စော်ကားပြီးနောက်ပိုင်း
ဒီရွံစရာကောင်းတဲ့အပျက်မ ဝက်မကို ဘယ်လို လှောင်ပြောင်ရမလဲ စဥ်းစားတောင်
ထားပြီးပြီလေ။ ဒီလူမိုက်တွေက ဘယ်လိုများ မလုပ်ဘူးလို့ ပြောနေရတာလဲ။
ချန်းမင်၏မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ သူမသည်
မတတ်နိုင်တော့ဘဲ လိုက်လျောလိုက်ရတော့သည်။
“ ငါ နောက်ထက် ၄၀၀၀ထပ်ပေးမယ် အိုကေလား”
“အရမ်းနည်းတယ်”
သွားခေါခေါနှင့် လူမိုက်တစ်ယောက်က အံကြိတ်လိုက်လေသည်။
သည်အချိန်တွင် ရှန်ယွဲ့သည် ညည အိပ်မက်ဆိုးပေးမည့် ဝတုတ်မ,မဟုတ်တော့ဘဲ ငွေပဒေသာပင်
ဖြစ်သွားတော့သည်။
“ အများဆုံး ၆၀၀၀ပဲ ၊ ငါ့မှာ ထပ်မရှိတော့ဘူး”
ချန်းမင် ရင်နာသွားပြီး သူမ၏မျက်နှာမှာ
မဲမှောင်သွားတော့သည်။
“ အေးအေး အေး၊ ဖြစ်တယ်၊ ငါတို့ ဒီည သူ့အိမ်နား
စောင့်ကြည့်နေလိုက်မယ်၊ နင် မနက်ဖြန် ငါတို့ သတင်းကောင်းကို စောင့်နေလိုက်တော့”
လူမိုက်များသည် မသတီစရာပြုံးကာ အော်ရယ်နေကြလေသည်။
လူမိုက်များသည် ရှန်ယွဲ့အိမ်နားက
ဆောက်လက်စအဆောက်အအုံနားတွင် မှောင်လာသည်အထိ စောင့်လိုက်ကြ၏။ သူတို့
အိပ်ပျော်ခါနီးတွင် သူတို့စောင့်နေသည့် ရှန်ယွဲ့မှာ အပြေးပြန်လာသည်ကို
စောင့်ကြည့်နေလိုက်ကြသည်။ လူမိုက်များသည် စိတ်လှုပ်ရှားမှုဖြင့်
သူတို့၏လက်သီးများကို ပွတ်သပ်နေကြလေသည်။
သူတို့သည် သည်ပတ်ဝန်းကျင်တွင် ဘုရင်များဖြစ်ကြ၏။
သူတို့သည် အမျိုးသမီးများကို အဓ္ဓမကျင့်ခြင်း၊ လုရက်ခြင်းခိုးယူခြင်း စသည်တို့ကို
လုပ်လေ့ရှိသော်လည်း သည်နေ့တွင်တော့ အခကြေးငွေရထားလေသည်။ အလွန်အဖိုးတန်သည့် အတွေ့အကြုံတစ်ခု
ပင်။
အမှန်တွင် ဘေးက ဆောက်လက်စအဆောက်အအုံနားတွင်
စောင့်နေကြသည့် လူမိုက်တစ်အုပ်ကို ရှန်ယွဲ့ အစောကြီးကတည်းက သတိထားမိလေသည်။
သို့သော် သူမသည် ဒီပုရွက်ဆိတ်များကို လုံးဝခေါင်းထဲ မထည့်ဘဲ သူမ၏လေ့ကျင့်ခန်းကိုသာ
တစ်ဆင့်ပြီး တစ်ဆင့် ပြီးအောင်လုပ်လိုက်သည်။ ထို့နောက်တွင်တော့
သည်ရွံ့စရာကောင်များကို ကိုင်တွယ်ရန် အချိန်ရလာတော့သည်။
ရှန်ယွဲ့သည် ခြံငယ်လေး၏ ဝင်ပေါက်တွင် အတော်ကြာအောင်
စောင့်နေသော်လည်း ထိုလူမိုက်များက မတိုက်ခိုက်ကြပေ။ သူမသည် စိတ်မရှည်နိုင်တော့ဘဲ
အော်ပြောလိုက်လေတော့သည်။
“ နင်တို့တွေ ဘာလို့ ထွက်မလာကြတာလဲ”
🍀🍀🍀
No comments:
Post a Comment