အပိုင်း
(၂၁) ပိုက်ဆံမလောက်ခြင်း
နောက်တွင်တန်းစီနေကြသူများသည်
စောင့်ဆိုင်းနေကြဆဲ။ ငွေဖြတ်စက်မှာလည်း ‘ လက်ကျန်ငွေမလုံလောက်ပါ’ ဟုဆက်တိုက်အသံ မြည်နေဆဲ။
ကန်တင်းမှအန်တီသည်လည်း သူမအား တိုက်တွန်းနေသော်ငြား ရှန်ယွဲ့သည် ငွေကို တစ်ကျပ်မှ
ထုတ်မလာနိုင်ခဲ့ချေ။
ကမ္ဘာ့နံပါတ်
၁ လုပ်ကြံသူ လင်ယွဲ့သည် ၄.၆၀ယွမ်လောက်လေးအတွက်နှင့် အခက်တွေ့ရမည့်နေ့ အမှန်ပင် ရောက်ရှိလာတော့သည်။ ရှန်ယွဲ့ ထိုင်ငိုချင်သွားတော့၏။
အရင်က
သူမသည် ငွေကို ရေလိုသုံးခဲ့ပြီး မစ်ရှင်နည်းနည်းလုပ်ရုံဖြင့် ငွေ
သန်းဆယ်နှင့်ချီအောင် ရရှိခဲ့သည်။ ထို့ကြောင့် သူမသည် ငွေကို
အလွန်ရှားပါးသည့်အရာဟု မမှတ်ခဲ့ချေ။ သည်အခိုက်တွင် ရှန်ယွဲ့သည်
ဆင်းရဲခြင်းအဓိပ္ပါယ်ကို သဘောပေါက်သွားတော့သည်။
ငါ
ငွေပိုရှာမှ ဖြစ်တော့မယ်။ မဟုတ်ရင် နေစဥ်ကုန်ကျစားရိတ်အတွက်တောင်
တတ်နိုင်မှာမဟုတ်လောက်ဘူး။
ရှန်ယွဲ့
ဆုံးဖြတ်လိုက်၏။
“
ဒီလိုဆိုတော့လည်း ဒီတစ်နပ်စာကို ပြန်ပေးလိုက်လို့ရတာပဲ....”
ရှန်ယွဲ့သည်
သူမ၏ခေါင်းကို အောင့်သက်သက်နှင့် ကုတ်လိုက်လေသည်။
သူမသည်
စားစရာပန်းကန်ကို ပြန်သွားထားရန် လှည့်ထွက်လိုက်သည်နှင့် သူမ၏မျက်လုံးများသည်
ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရတော့သည်။ သူမ မြန်မြန်အော်လိုက်တော့သည်။
“
ရှန်ရှင်း ၊ ရှန်ရှင်း”
ရှန်ရှင်းက
မူလပိုင်ရှင်ရဲ့အစားအသောက်ကတ်ထဲက ပိုက်ဆံအားလုံးကို သုံးပလိုက်တာဆိုတော့ ငါ
ရှန်ရှင်းကို ပြန်ပေးခိုင်းရမယ်။
ရှန်ယွဲ့သည်
အလွန်ရိုးရှင်းစွာ စဥ်းစားလိုက်လေသည်။
သို့သော်
ရှန်ရှင်းသည် တစ်ချက်သာ လှည့်ကြည့်လိုက်၏။ ရှန်ယွဲ့မှန်းသိသွားသောအခါ သူမသည်
အထင်သေးကာရွံရှာသည့်မျက်နှာထားတစ်ခု ချက်ချင်းဖြစ်သွားပြီး တစ်ယောက်ယောက်က
သူမနှင့် ရှန်ယွဲ့တို့၏ပတ်သက်မှုကို သိသွားမည်စိုးနေသည့်နှယ်။ ရှန်ရှင်း မြန်မြန်
ထွက်လာခဲ့လေသည်။
ဒီညီမအရင်းက
သူစိမ်းတစ်ယောက်ထပ်တောင် ပိုရက်စက်သေးတယ်။
ရှန်ယွဲ့
ကူကယ်ရာမဲ့သွားတော့သည်။ ရှန်ချန်သည် အသံကိုကြားလိုက်ချိန်၌ အပြေးရောက်လာပြီး
ရှန်ယွဲ့အတွက် ငွေရှင်းပေးလိုက်လေသည်။
နှစ်ယောက်သားသည်
ပန်းကန်ကိုယ်စီဖြင့် ထိုင်ချလိုက်ပြီးနောက် ရှန်ချန်က စိုးရိမ်တကြီး မေးတော့သည်။
“ အမ
နင့်အစားအသောက်ကတ်ထဲက ပိုက်ဆံကုန်သွားတာလား၊
ဒီနေ့မှ တနင်္လာနေ့ပဲ ရှိသေးတာမလား”
ရှန်ယွဲ့သည်
သက်ပြင်းချလိုက်ပြီး
“
ပြီးခဲ့အခေါက်တုန်းက ရှန်ရှင်း ငါ့ကတ်ကို ငှားသွားပြီး ငါ့ပိုက်ဆံတွေ
အကုန်လုံးသွားတာ”
“ ဟာ
သူဘာလို့ အဲလိုလုပ်နိုင်ရတာလဲ”
ရှန်ချန်သည်
မျက်မှောင်ကျုံ့လိုက်လေသည်။ စဥ်းစားမနေတော့ဘဲ သူ့အစားအသောက်ကတ်ကို ထုတ်ကာ
ရှန်ယွဲ့ထံ လှမ်းပေးလိုက်၏။
“ ငါ့ဟာ
ယူထားပြီး အရင်ဆုံး သုံးထားလိုက်”
“
နင်ကရော၊ နင်အဆာခံလို့မဖြစ်ဘူးနော်”
ရှန်ယွဲ့
မယူလိုက်ချေ။
“ ငါ
သဘက်ခါကျရင် အမေ့ဆီက အသုံးစားရိတ် တောင်းလို့ရတယ်၊ နင်က ရမှာမဟုတ်ဘူး၊ သူ နင့်ကို
သေချာပေါက် ဆူလိမ့်မယ်”
ရှန်ချန်
ရှင်းပြလိုက်၏။
သူသည်
အိမ်တွင် ဆွန်းလင်၏ ရှန်ယွဲ့အပေါ်ထားသည့် သဘောထားကို နောကျေနေပြီဖြစ်သည်။
ဘာဖြစ်လာမည်ကို ကြိုသိနေ၏။
“
အင်းပါ ဒါဆိုလည်း ငါ ယူထားလိုက်မယ်၊ ကျေးဇူးပဲနော် မောင်လေး”
ရှန်ယွဲ့သည်
ထပ်မငြင်းတော့ဘဲ ရှန်ချန်အား ရင်းရင်းနှီးနှီး ပြုံးပြလိုက်လေသည်။
ရှန်ချန်မှာ
ဒီလိုသဘောထားရှိမှတော့ ငါ ယောင်ဝါးဝါး မဖြစ်တော့ဘူး။ အခု ငါ့မှာ ငွေရှိလာပြီဆို
ရှန်ချန်ကိုခေါ်ပြီး အဝတ်အစားကောင်းကောင်း တစ်ချို့ ဝယ်ပေးရမယ်။ သူဝတ်ထားတဲ့
အဝတ်အစားတွေက အပေါက်တွေနဲ့ ဖြစ်နေပြီ။
ရှန်ချန်၏မျက်လုံးများသည်
လခြမ်းသဖွယ် ကွေးသွားတော့သည်။ ယခုတော့ သူသည် သူ့အမ၏အသွင်ကို မြင်ရသည်မှာ
နေသားကျလာပြီး ရှန်ယွဲ့သည် ပြုံးလိုက်လျှင် တော်တာ်လှသည်ကိုလည်း အမှန်ပင်
ခံစားလိုက်ရသည်။ သူသည် ရီစရာပြောလိုက်၏။
“ အမ
နင် ငါ့ကို တကယ်ကျေးဇူးတင်ရင်လေ နောက်ပိုင်း နင်ချမ်းသာလာရင် နင့်မောင်လေးကို
ကောင်းကောင်းထားရမယ်နော်”
ရှန်ချန်သည်
သူ့စကားကို အတည်ပြောလိုက်ခြင်းမဟုတ်ချေ။ သို့သော် ရှန်ယွဲ့က လေးလေးနက်နက်
သဘောတူလိုက်လေသည်။
“
ဒါပေါ့ ၊ ကတိ ၊ နောက်ဆိုရင်အထိတောင် စောင့်စရာမလိုပါဘူး၊ သိပ်မကြာခင် ငါနင့်ကို
ကောင်းကောင်းနေရအောင် လုပ်ပေးမှာ”
ညနေကျောင်းဆင်းချန်၌
သူတို့နှစ်ယောက်သည် အိမ်သို့ အတူတူပြန်လာကြ၏။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့်
တပြိုင်နက် ဆွန်းလင်သည် အပြေးအလွှားရောက်လာပြီး ရှန်ချန်သယ်ထားသည့် အိတ်ကို
ကူသယ်ပေးကာ သူ့ဖိနပ်ကို ချပေးလိုက်လေသည်။ သူမသည် ကြည်လင်သည့်အကြည့်ဖြင့်
ရှန်ယွဲ့တည်ရှိမှုကို လုံးဝ ပစ်ပယ်ထားလေသည်။
ရှန်ချန်သည်
အစားအသောက်ကတ် အကြောင်းစဥ်းစားနေလေသည်။ သူ့အိတ်ကို ချထားလိုက်ပြိးနေက် ဆွန်းလင်ကို
ပြောလိုက်၏။
“ အမေ
ကျွန်တော့်အသုံးစားရိတ် ကုန်သွားလို့ ၊နည်းနညးလောက် ထပ်ပေးပါအုံး”
ဆွန်းလင်းသည်
သူမ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်သွားသည်အထိ ပြုံးလိုက်လေသည်။ သူမ၏လက်ကို
ခါပြလိုက်ပြီး
“ အေး
အေး အေး အမေ လက်ဆေးပြီးရင် သားအတွက် ယူပေးမယ်နော်”
ရှန်ရှင်းသည်
ရှန်ချန်က အသုံးစားရိတ်တောင်းနေသည်ကို ကြားလိုက်ရချိန်၌ သူမသည် သံသယဖြင့်
လျှောက်လာပြီး တမင် ပြောလိုက်သည်။
“ ဒီနေ့
ရှန်ယွဲ့ရဲ့အစားအသောက်ကတ်ထဲမှာ ပိုက်ဆံမရှိတော့တာမလား၊ ရှန်ချန် နင် ဘာလို့
အမေ့ဆီက ပိုက်ဆံတောင်းနေတာလဲ”
ရှန်ရှင်း၏စကားကိုကြားလိုက်ပြီး
ဆွန်းလင်သည် ချက်ချင်း သံသယဖြစ်သွားတော့သည်။ သူမသည် မျက်နှာ ပြောင်းသွားသည့်
ရှန်ချန်ကို အကဲခတ်လိုက်လေသည်။ သူမသည် ရှန်ယွဲ့ကို လက်ညိုးထိုးကာ ဆဲတော့သည်။
“ ငါ့
ချန်ချန်က သူ့ပိုက်ဆံကို အဲလောက်မြန်မြန် ကုန်အောင်မသုံးဘူးဆို သိသားပဲ၊ နင်
ဝက်စုတ်မ၊ နင့်ပိုက်ဆံတွေအားလုံးကို သုံးလိုက်ပြီးတော့ နင့်မောင်လေးရဲ့
အသုံးစားရိတ်ကို လိမ်စားနေတာမလား”
ရှန်ယွဲ့သည်
လက်ပိုက်ကာ ဘာမှ ပြန်မပြောပေ။ ထို့အစား လက်ခုပ်လက်ဝါးတီးကာ
ပျော်ရွှင်မတတ်ဖြစ်နေသည့် ရှန်ရှင်းကို ကြည့်လိုက်လေသည်။
ရှန်ရှင်းသည်
အနည်းငယ် စိတ်မလုံသလို ဖြစ်သွားတော့သည်။ သို့သော် သူမသည် ကြားဖြတ်ပြောလိုက်၏။
“ အမေ
သူ ပိုက်ဆံကို ဒီလိုသုံးလို့မဖြစ်ဘူးလေ၊ သူ မုန့်တွေ ဝယ်စားပစ်တာဖြစ်မယ်၊ သူ
မုန့်တွေစားလို့ ဒီလောက်ဝ,နေတာ၊ သမီးတို့တွေ သူ့အကျင့်ဆိုးကို ပြင်ပေးမှရမယ်”
သူက
ဘယ်လိုပြောင်းမှာတဲ့လဲ။ ငါကို အသုံးစားရိတ်မပေးဘဲ သေတဲ့အထိ အငတ်ထားမလို့တဲ့လား။
ရှန်ယွဲ့သည်
ဒေါသထွက်လွန်းသဖြင့် အော်ရယ်လိုက်လေတော့သည်။
….
No comments:
Post a Comment