အပိုင်း (၁၅)
သူမအမေ၏ဆွယ်တရားနှင့် အဓိကရှယ်ယာရှင်များ၏ ပူးပေါင်းဆုံးဖြတ်ချက်ကြောင့် ရွှီအုပ်စု ဥက္ကဋ္ဌရွှီကျင်းဖူသည် ခွင့်ပြုလွှာတွင် လက်မှတ်ထိုးပေးလိုက်ရတော့သည်။ သဘောမှာ Ya-yanသည်လည်း Secret စီမံကိန်းလိုပင် အရေးကြီးသည့် ရန်ပုံငွေရလာတော့သည်။
သို့သော် ရွှီကျင်းဖူ၏ မရမကတောင်းဆိုချက်ကြောင့် အထွေထွေ သဘောတူညီမှုတစ်ခု လုပ်ရတော့သည်။ ထုတ်ကုန်ပိုင်းတွင် ကုန်ကြမ်းခွဲဝေသတ်မှတ်ခြင်း၊ ရောင်းချမှုအပိုင်း၊ ကြော်ငြာ၊ ကုန်ပစ္စည်းဖြန့်ဝေခြင်း စသည့်လုပ်ငန်းစဥ်များကို ကုန်ပစ္စည်းရောင်းအားပေါ်မူတည်ပြီး ဆုံးဖြတ်ရမည်။ စျေးကွယ်ရှယ်ယာမြင့်လေလေ ကုန်ပစ္စည်းအတွက် ထောက်ပံ့မှုများများ ရလေလေ ဖြစ်လိမ့်မည်။
Ya-yan၏လက်ရှိ စျေးကွက်ရှယ်ယာခန့်မှန်းခြေမှာ သနားစရာကောင်းသည်ဟု ဆိုရပေမည်။ ရန်ပုံငွေမှလွဲလျှင် ကုမ္ပဏီရင်းမြစ်၏ အကျိုးအမြတ်ရနိုင်ချေက မဆိုစလောက်ပင်။ ရန်လျန်သည် အဖွဲ့တစ်ခုကို ကိုယ်တိုင်ဖွဲ့စည်းဖို့ လိုအပ်ပြီး သည်အဖွဲ့တစ်ခုထဲ၏ အင်အားဖြင့် ပိုမြင့်သည့်စျေးကွက်ရှယ်ယာကို ဖမ်းဆုပ်ရန် လိုအပ်လေသည်။
ထို့အပြင် သူမသည် သည်ကိစ္စကို တစ်နှစ်အတွင်း အောင်မြင်ရန်လည်းလိုသေးသည်။
ကံအားလျှော်စွာ သူမတွင် ရန်ပုံငွေ တော့ရှိနေသေးသည်။ ကုမ္ပဏီဝန်ထမ်းများကို သုံးလို့မရသည်ဖြစ်ရာ လစာကောင်းကောင်းဖြင့် သက်ဆိုင်အရာအရည်အချင်းရှိသည့် ဝန်ထမ်းများကို ရှာဖွေရန် ဝန်ထမ်းရှာဖွေရေးကုမ္ပဏီသို့ သွားရတော့သည်။
Ya-yan ကို အသွင်သစ်ဖြစ်အောင်လုပ်ခြင်း ၊ သူ့ကို နေရာပြန်ချခြင်း၊ R&D၊ ထုတ်ကုန်လိုင်းကို ပြန်တည်ဆောက်ခြင်း အားလုံးသည် အချိန်ယူရသည့်အလုပ်များပင်။ သို့သော် ရင်းနှီးမြှုပ်နှံငွေများလာလျှင် ယူရသည့်အချိန်လည်း လျော့သွားနိုင်သည်။
Ya-yanသည် ခရင်မ် အပိုင်းတွင် နာမည်ကြီးသော်လည်း အခြေခံအသားအရေးထိမ်းသိမ်းခြင်းနှင့် တခြားနယ်ပယ်များတွင် မည်သည့်စျေးကွက်ရှယ်ယာမှ မရှိချေ။ ရန်လျန် တာဝန်ယူလိုက်စဥ် သူမ ပထမဆုံးလုပ်ခဲ့သည်မှာ R&Dနှင့် Ya yan ကုန်ပစ္စည်းကို အခြေခံ အသားအရည်းထိမ်းသိမ်းပစ္စည်း၊ sunscreen ၊ ခန္ဓကိုယ်ထိမ်းသိမ်းသည့်ပစ္စည်းနှင့် တခြားနယ်ပယ်များ အတွက် ထုတ်လုပ်မည့် စာချုပ်တစ်ခု ချုပ်ခဲ့ခြင်းပင်။
ထို့အပြင် မည်သည့်ကုန်ပစ္စည်းစျေးကွက်တွင်မဆို အရေးအကြးဆုံးဖြစ်သည့် ကုန်ပစ္စည်းအရောင်းဌာနများလို ငွေဖြင့်ဝယ်လို့မရနိုင်သည့် တစ်ချို့အရာများလည်း ရှိသေးသည်။
Brandအကြီးစားများသည် သတ်မှတ်ထားသည့်အရာင်းဆိုင်တစ်ခု ရှိလေ့ရှိပြီး ကုန်ပစ္စည်းသစ်တစ်ခုအတွက် ထိုအရောင်းဌာနများမှ လူများကို အလွယ်တကူ ဆွဲခေါ်သွားလို့မရနိုင်ပေ။
လာမည့်လသည် သူမ၏အတွေ့အကြုံအရ အလုပ်အများဆုံးလ ဖြစ်ပေမည်။
မဆုံးနိုင်သည့်အစည်းအဝေး၊ လုပ်ထားပြီးသား အစီအစဥ်များ မဆုံးနိုင်အောင် ပြန်စီစဥ်ခြင်း၊ အစီအစဥ်သစ်များ ချမှတ်ခြင်း ___ တရားဝင်လက်ခံပြီးသား တံဆိပ်များမှ ရှိပြီးသားတံဆိပ်ကို စျေးကွက်ရှယ်ယာကို ရရှိရန်က အပြောလွယ်သလောက် အလုပ်ခက်လေသည်။
အလားအလာမရှိသည့် အစီစဥ်သစ်များကို ဆွေးနွေးမည့် အစည်းအဝေးအတွက်လည်း သူမ တစ်ဖန် နောက်ကျသည်အထိ အလုပ်လုပ်ရပြန်သည်။ ရန်လျန်သည် စိတ်ဝင်တစား လုပ်ခဲ့လေသည်။ ဖိုင်တွဲများကို ချလိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ခြေထောက်ဆန့်ကာ ကုလားထိုင်ပေါ် တင်လိုက်လေသည်။
ရက်ပေါင်းများစွာ ညလုံးပေါက်လုပ်လာသည့် အဖွဲ့သည် သူတို့၏ အားထုတ်မှုက လေထဲတွင် ပျောက်သွားသည်ကို မြင်လိုက်ရချိန်၌ စိတ်ပျက်သွားတော့သည်။ သို့သော် သူတို့သည် ရန်လျန်၏ခံစားချက်ကို နားလည်လေသည်။
“ မစ်ရန် ဒီအရောင်းစီမံကိန်းက အလုပ်မဖြစ်ပေမယ့် ကျွန်မတို့ နောက်နည်းလမ်းတစ်ခု ထပ်တွေ့မယ်လို့ ယုံကြည်တယ်”
သူမအဖွဲ့ထဲမှ တစ်ခြားလူများသည် သူမထက် အရည်အချင်းပိုရှိကြမှန်း ရန်လျန်သိထားလေသည်။ သူမ၏ မကြည်မလင်ဖြစ်နေသည့်စိတ်ကို ပြန်ထိန်းလိုက်ပြီး သူမ၏လုပ်ဖော်ကိုင်ဖက်များကို ပြုံးပြလိုက်၏။
“ ကျွန်မတို့အားလုံး ဒီအပတ် ညနောက်ကျတဲ့အထိ လုပ်လာခဲ့တာ၊ ဒီနေ့ ရှင်တို့အားလုံး စောစောပြန်ကြပါ”
အားလုံး သဘောတူလိုက်ကြ၏။ သူတို့၏ပစ္စည်းများကို သိမ်းဆည်းပြီး အစည်းအဝေးခန်းမှ ထွက်သွားကြတော့သည်။ ရန်လျန် ဆက်ထိုင်နေသေးသည်ကို မြင်လိုက်သည့် ဝန်ထမ်းတစ်ယောက်က မေးလိုက်လေသည်။
“ မစ်ရန် မင်းကရော”
“ ရှင်တို့ ပြန်နှင့်ကြပါ၊ ကျွန်မ အရင်လုပ်စရာလေးတွေ ရှိသေးလို့”
သူမ၏ဝန်ထမ်းသည် ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားသည်နှင့် တံခါးပိတ်ပေးလိုက်လေသည်။ ကျယ်ဝန်းသည့် အစည်းဝေးခန်းမထဲတွင် ရန်လျန်သည် စိတ်ဓာတ်ကျလျက် ထိုင်နေမိသည်။ အမှန်တွင်တော့ သူမတွင် လုပ်စရာဘာမှမရှိချေ။ သူမ ဘယ်မှာမှားနေလဲဆိုသည်ကို ပြန်သုံးချင်သဖြင့် အချိန်တစ်ခုလိုနေခြင်းသာ။
သူမ၏ဖခင်သည် ရွှီအလှကုန် ကိုတည်ဆောက်ရာတွင် ကုမ္ပဏီငယ်လေးတစ်ခုမှ အလှကုန်အင်ပါယာကြီးတစ်ခု ဖြစ်သည်အထိ ရောက်ရှိလာပြီး သူမ၏ဖခင်သည် အကြွင်းမဲ့ အောင်မြင်ခဲ့သည်။ သူမတွင် သူ့အရည်အချင်း၏ ဆယ်ပုံတစ်ပုံမျှပင် မရှိခဲ့လျှင် သူ့ကို ဝေဖန် အထင်းသေးဖို့ရာ သူမတွင် ဘာအခွင့်ရှိပါမည်နည်း။
ရန်လျန်သည် သူမကို ရှုံးနိမ့်မှုများကို ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်နေစဥ်မှာပင် အစည်းအဝေးခန်းမတံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရလေသည်။
ရန်လျန် တံခါးပွင့်သွားသည့်အသံ ကြားလိုက်၏။ သူမသည် မည်သူ့ကိုမှ မရှိနေစေချင်ပေ။ အထူးသဖြင့် သူမ၏ဝန်ထမ်းများက သူမ စိတ်ဓာတ်ကျနေသည်ကို မြင်သွားမှာ မလိုလားချေ။ ထို့ကြောင့် သူမကိုယ်သူမ အိန္ဒြေပြန်ဆည်ထားလိုက်လေသည်။
ကော်ဖီပူပူလေးတစ်ခွက်ကို သူမဆီ တိတ်တိတ်လေး ကမ်းလာ၏။ ထို့နောက် ရင်းနှီးပြီးသား အေးစက်စက်အပြုံးတစ်ခုဖြင့် သူမကို နှုတ်ဆက်လာလေသည်။
“ မင်း ဘာလို့ မပြန်သေးတာလဲ...”
သူမ လန့်ဖျတ်သွားတော့သည်။
သူမ၏ အလန့်တကြားအကြည့်ရှေ့တွင် ကျန်းယွိနန်က သူမဘေးက ကုလားထိုင်တွင် အေးအေးဆေးဆေး ထိုင်ချလိုက်လေသည်။
ရန်လျန်သည် ဟန်ဆောင်နေသည်ကို ချက်ချင်းရပ်လိုက်ပြီး သူမ၏ပခုံးများက တစ်ဖန် လျောကျသွားပြီး သက်ပြင်းတစ်ချက်ချကာ ကော်ဖီကို လှမ်းယူလိုက်လေသည်။
ကျန်းယွိနန်သည် သူ့ထိုင်ခုံမှ ရှေ့သို့ မသိမသာကုန်းလိုက်ပြီး သူ့မျက်လုံးများက သူမကို ကြည့်နေလေသည်။
“ မင်း ဒီတလော နောက်ကျတဲ့အထိ နေနေတာလား”
“ ရှင်ဘယ်လိုသိတာလဲ”
“ မင်းပုံက တော်တော်ရုပ်ဆိုးနေတယ်လေ”
ရန်လျန် သူ့ကို စိမ်းစိမ်းကြည့်လိုက်လေသည်။ သို့သော် သူမ၏မျက်နှာကို ထိကိုင်ကြည့်လောက်သည်အထိတော့ စိုးရိမ်မနေချေ။
သူမ အခုတလော ညနက်သည်အထိ အလုပ်လုပ်နေသဖြင့် မျက်တွင်းများ ကျနေမည်ကိုတော့ သိလေသည်။ သူမ၏ဆန့်ကျင်ဖက်အပြုအမူက ကျန်းယွိနန်၏အာရုံကို ဆွဲဆောင်ထားတော့သည်။ သူမ၏ ခေါင်းကို ကြည့်ကာ တခစ်ခစ်ရယ်လိုက်ပြီး
“ ငါ စ,နေတာပါ၊ မင်းက ခါတိုင်းလို လှနေတုန်းပါပဲ...”
ရန်လျန်၏အမူအရာ တည်ငြိမ်သွား၏။ သူမ သူ၏စ,နောက်နေသည့်သုံးသပ်ချင်ကို မလိုပေ။ သူမ၏ကော်ဖီကို သောက်ရန် စိတ်အေးချမ်းမှုတစ်ခုသာ လိုလေသည်။
ကျန်းယွိနန်သည် သူမရှ့ကဖိုင်ကို သာမန်ကာရှန်ကာ လှန်လှောလိုက်၏။
သူ့ခန္ဓာကိုယ် အနေအထားမှာ မှန်ပင် အေးဆေးလှပေသည်။ သို့သော် သူ့မျက်လုံးများသည် ထူးထူးခြားခြား နက်နဲနေ၏။ ရန်လျန်အတွေ့အကြုံအရ သည်ယောက်ျားကို နားလည်နိုင်ရန် အပေါ်ယံကို ကြည့်လို့မရဘဲ သူ့မျက်လုံးများကို ဖတ်တတ်ရပေမည်။
သည်အခိုက်တွင် သူ့မျက်လုံးများ အရောင်တောက်သွားသည်ကို ကြည့်လိုက်ပြီး သူ့တွင် သူမအတွက် ကောင်းမွန်သည့်အချက်အလက်များ ရှိနေလိမ့်မည်ဟု ရန်လျန်ခံစားလိုက်ရလေသည်။ သူမ ကော်ဖီခွက်ကို ချက်ချင်းချလိုက်ပြီး မတ်မတ် ထိုင်လိုက်၏။
“ ရှင် ကျွန်မကို ဘာအကြံပေးချင်လဲ”
ကျန်းယွိနန် ဖိုင်တွဲကို ပြန်ချထားလိုက်ပြီး လက်ပိုက်ကာ သူ့ခြေထောက်ကို ဆန့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ သူ သူမကို ကြည့်နေသည့်ပုံမှာ ဉာဏ်ကောင်းလွန်းသည့်ဆရာက ခပ်တုံးတုံးတပည့်တစ်ယောက်ကို ကြည့်နေသည့်ဟန်ပင်။
“ Ya yanက ပြဿနာကြီးတစ်ခုထဲ ရောက်နေတယ်”
ရန်လျန်၏မျက်နှာ ချက်ချင်း ညိုးကျသွားတော့သည်။
စောစောက သူမသည် ကော်ဖီခွက်ကို ပစ်ပေါက်ကာ ထွက်သွားချင်ခဲ့သော်လည်း ယခုတော့ သူမ၏မျက်နှာကို ချက်ချင်းပြန်ပြင်လိုက်ပြီး လိမ္မာသည့်ကျောင်းသူလေးတစ်ယောက်လို နိမ့်ချကာ မေးလိုက်လေသည်။
“ ရှင် ဘာလုပ်မှာလဲ”
“ ငါက အရမ်းစျေးကြီးတဲ့ အကြံပေးနော်”
သူ၏နည်းငယ် ရန်စနေသည့်မျက်နှာထားကို မြင်လိုက်သည်တွင် သူသည် ကျိတ်ကြံနေမှန်း ရန်လျန် သိလိုက်တော့သည်။ သို့သော် ဒါက အကျိုးရှိမည့်ပွဲတစ်ခုဖြစ်ပြီး လက်ရှိ သူ့တွင် သိသာသည့်အားသာချက်ရှိနေသည်။ သည်ယောက်ျား၏အင်အားသည့် တခြားလူထက်ပိုသာပြီး ထိုအရာကို သူမလိုအပ်နေသည်ကိုလည်း ရန်လျန် သိနေသည်။ သူမသည် အပေးအယူလုပ်ရန်သာရှိတော့ရာ သူ့ကို မေးလိုက်တော့သည်။
“ ရှင်ဘာလိုချင်တာလဲ”
“သိပ်မများပါဘူး” ကျန်းယွိနန်က ပြောလိုက်ပြီး သူမ၏နှုတ်ခမ်းကို ထောက်ပြလိုက်ပြီးနောက် သူ့အကြည့်က သူမမျက်လုံးဆီ ရောက်သွားလေသည်။
“ အနမ်းတစ်ခုဆို လုံလောက်တယ်”
သူမ အခိုက်တန့်တော့ တွေဝေသွားလိမ့်မည်ဟု ကျန်းယွိနန်တွေးထားခဲ့လေသည်။ သည်အမျိုးသမီးက သူမ၏အမှတ်အသားဖြစ်သည့် ရက်စက်သည့်မီးဝင်းဝင်းအကြည့်ဖြင့် သူ့အား စိုက်ကြည့်လာမည်ကို စောင့်ကြိုနေလိုက်၏။ သို့သော် ရုတ်တရက် သူ့အား အနိုင်ကျင့်လာသူမှာ သူမဖြစ်နေတော့သည်။
ရန်လျန် ထိုယောက်ျား၏နက်တိုင်ကို ဖမ်းဆွဲ့လိုက်ပြီး သူ့ကို ရှေ့သို့ ဆွဲယူလိုက်ကာ သူ့နှုတ်ခမ်းကို ချက်ချင်း စိုက်ကြည့်လိုက်ပြီး လေးနက်သည့်အနမ်းတစ်ခုကို ပေးလိုက်လေတော့သည်။ ထို့နောက် သူ့နက်တိုင်ကို ဖျတ်ခနဲလွှတ်ပေးလိုက်ပြီး
“ ပြောတော့”
“ မင်းအာရုံစိုက်ရမှာက ‘အသစ်’လုပ်ဖို့ မဟုတ်ဘူး၊ ‘အဟောင်း’ကိုပြန်ပြင်သင့်တာ”
ရန်လျန် အမှန်ပင်ဒေါသထွက်သွားတော့သည်။
“ ကွေ့ပတ်ပြီး မပြောပါနဲ့ မစ္စတာကျန်း”
ကျန်းယွိနန်သည် သူမ၏ဒေါသကို အမြဲလိုလို စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်ပြီး ဘယ်တုန်းကမှ ငြီးငွေ့မသွားချေ။
“ ခရင်မ်က အောင်မြင်ပြီးသားဆိုတော့ သူ့ကို မင်းရဲ့ ကမ်ပန်းမှာ အဓိကဒေါက်တိုင်လုပ်လိုက်လေ၊ တခြားကဏ္ဍက စျေးကွက်ကို ဦးဆောင်နေတဲ့ပစ္စည်းတွေနဲ့ လိုက်မပြိုင်နဲ့၊ မင်း Ya-yanကို တခြားကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံအလှကုန်၊ ခန္ဓာကိုယ်အလှကုန်အုပ်စုတွေနဲ့ ပြီးပြည့်စုံတဲ့ တံဆိပ်တစ်ခု လုပ်ချင်တာဆိုရင်တော့ ဒါက တကယ် အရေးပါပါတယ်၊ ဒါပေမယ့် ဒါက တကယ်မလိုအပ်တဲ့ ဆွဲဆောင်မှုပဲ၊ အထွေထွေသုံးစွဲသူတစ်ယောက်နေနဲ့ တစ်ယောက်ယောက်က Kose တို့ Estee Lauder လို့ ပြောလိုက်ရင် စိတ်ထဲ ဘာအရင်ရောက်လာမလဲ”
ရန်လျန်သည် သူ့စကားကြောင့် တအံ့တဩဖြစ်သွားတော့သည်။ သူမ၏ ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်ပြီး ထပ်မေးလိုက်၏.
“ ဆက်ပြောပါအုံး”
သို့သော် ကျန်းယွိနန်က သူမကိုသာ ကြည့်နေပြီး ဆက်မပြောပေ။ သူမက သူ့ကိုဆက်ပြောခိုင်းသော်လည်း သူကတော့ ကုလားထိုင်မှ ထရပ်လိုက်လေသည်။
သူ သူမအနားကပ်လိုက်ပြီး သူ့အကြည့်တို့က သူမအပေါ် ခေါင်းအစခြေအဆုံး ဝေ့ကြည့်လိုက်၏။ သည်တစ်ကြိမ်တွင်တော့ ညစ်ကျယ်ကျယ်လုပ်စရာမလိုတော့ပေ။ သူ့လက်ချောင်းများနှင့် သူမ၏နှုတ်ခမ်းကို ပြောင်ပြောင်တင်းတင်း ထိလိုက်ပြီးနောက် သူမ၏မေးစေ့ကို ပင့်တင်လိုက်ကာ
“ နောက်ဆုံးအနမ်းကို သိပ်မကျေနပ်ဘူး...”
နောက်ဆုံးစကားသည် သူ့အနမ်းထဲတွင် ပျော်ဝင်သွားတော့သည်။
ဒါက ဘာလို့ သူမရဲ့ခန္ဓာကိုယ်ကို ရောင်းစားနေတာလို့ ခံစားနေရတာလဲ။ သည်အုံးနှောက်စားစရာကိစ္စကို မစဥ်းစားတော့ဖို့ ကိုယ့်ဟာကို ဖိအားပေးလိုက်ပြီး တစ်နေရာရာကို အာရုံလွဲဖို့ ကြိုးစားလိုက်တော့သည်။ ဥပမာ သူ့အနမ်းတို့က အလွန်နှစ်သက်ဖွယ်ကောင်းသည်ဟူ၍။
ရှည်ကြာသည့် ပြင်သစ်အနမ်းတစ်ခုအပြီး ကျန်းယွိနန် သူမ၏လက်ကို အေးဆေးတည်ငြိမ်စွာကိုင်လိုက်ပြီး သူ့မျက်လုံးများက မသိမသာစည်းချက်လွဲနေသည့် ရန်လျန်ကို ကြည့်လိုက်လေသည်။ အနည်းငယ် နီစွေးနေသည့် သူမ၏အောက်နှုတ်ခမ်းကို အသာအယာ ဖျတ်ခနဲနမ်းလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ ပုံကြီးတစ်ခုလုံးကို အမြဲမတွေးနဲ့၊ အရင်ဆုံး ခရင်မ်ကို မင်းရဲ့အဓိကပစ္စည်းဖြစ်လာအောင်လုပ်ပြီးမှ ရေရှည်စီမံကိန်းကို တည်ဆောက်”
ခရင်မ်တစ်ခုထဲတွင် သူမ၏ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်လိုက်ဖို့က အလွန်စွန့်စားရာကျလေသည်။ ရန်လျန်သည် သူမတွင် ထိုမျှလောက် သတ္တိရှိပါ့မလားရယ်ဟု သေချာမသိပေ။ သို့သော် အရည်းအချင်း မြောက်များစွာရှိပြီး နည်းဗျူဟာတိုင်းတွင် ဆရာကျသည့် သည်ယောက်ျားရှေ့တွင် သူမသည် လုံးဝယုံကြည်သွားတော့ မတတ်ပင်။ ကျန်းယွိနန် သူမကို ခပ်ရေးရေးကြည့်လိုက်သော်လည်း သူမစိတ်ထဲကို ထိုးဖောက်မြင်နေရသည့်နှယ်။ သူသည် အတန်ကြာသည်အထိ တိတ်ဆိတ်နေလေသည်။ ရန်လျန် စကားပြောဖို့ စိတ်ထဲက ဆုံးဖြတ်လိုက်ချိန်၌ သူက ရုတ်တရက် ပြောလာလေသည်။
“ မင်း ဒါကို လုပ်တော့မယ်ဆိုရင်တော့ လူတစ်ယောက်ကို ရှာဖို့လိုတယ်”
“ဘယ်သူလဲ”
“လုကျန်း”
🌺
No comments:
Post a Comment