အပိုင်း (၁၂)
စမတ်ကျတဲ့ယောက်ျားတွေက မိန်းမတွေအပေါ် အားဘယ်တော့မှမသုံဘူး၊ မြူဆွယ်တာပဲ လုပ်ကြတာလို့ ပြောကြတဲ့စကားကို ရန်လျန် မေ့သွားလေရဲ့။
ဒီကျန်းယွိနန်လို့ ခေါ်တဲ့ယောက်ျားက ဘယ်တုန်းကမှ ပိုစမတ်ကျတဲ့သူ မဟုတ်ဘူးမလား။
“ ငါအတွက်တော့ နောက်တစ်ကြိမ်လုပ်ရလည်း ကိစ္စမရှိဘူးဆိုတော့ မင်း ဒီကိစ္စကို နောက်မှ မေ့လိုက်လည်းရပါတယ်”
ကျန်းယွိနန်က ကိုယ်ကို ညွှတ်လိုက်ပြီး သူမ၏နှာခေါင်းကို ပွတ်လိုက်လေသည်။
ထို့နောက် သူ့နှုတ်ခမ်းများသည် သူမ၏နှုတ်ခမ်းကို အသာအယာနမ်းရှုံ့လိုက်၏။ သူမ၏ တုန့်ပြန်မှုကို မြင်ချင်သဖြင့် ခေါင်းမော့ကာ သူ့မ၏မေးစေ့ကို ဆွဲပင့်လိုက်ပြီး သူမကို စူးနင့်စွာနမ်းလိုက်ပြန်သည်။
သူ့လက်ချောင်းများသည် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း ဖြည်းဖြည်းချင်း လျှောဆင်းသွားတော့သည်။ သူ့အထိအတွေ့မှာ အလွန်ညင်သာသော်လည်း သူမကို တစ်ဖန် လှုံ့ဆော်လိုက်ပြန်သည်။
ရန်လျန်သည် ခေါင်းအစ ခြေအဆုံး ရှက်ရွံ့မိသည့်ခံစားချက်တစ်ခု ဖြစ်သွားသော်လည်း သည်ယောက်ျားကို မတွန်းလှန်နိုင်ခဲ့ချေ။ အရာအားလုံးသည် သူ့အကြောင်းအရာဖြစ်နေသည့်နှယ် သူ့အပြုံး၊ သူ့နှုတ်ခမ်း၊ သူ့လည်ဇလုတ်၏ ညင်ညင်သာသာ လှုပ်ရှားမှုနှင့် သူအသက်ရှူသံများကပင်.... သူမကို ဆွဲဆောင်နေပြီး ‘ ဒီလို ရှားရှားပါးပါး စိတ်အလိုမှာ ပျော်မွေ့လိုက်’ဟု ပြောနေသယောင်။
“ကျွန်မ....”
ရန်လျန် ပါးစပ်အဖွင့် သူ့လက်ချောင်းကို သူမ၏နှုတ်ခမ်းတွင် ဖိထားလိုက်လေသည်။
ထို့နောက် ကျန်းယွိနန်သည် ကိုယ်ကိုညွှတ်လိုက်ပြီး သူမကို ကောက်ချီလိုက်လေသည်။
ရန်လျန်သည် သူ့လည်ပင်းကို တင်းကြပ်စွာ သိုင်းဖက်လိုက်တော့သည်။
သူမ၏လှုပ်ရှားမှုက သူနှင့် ပိုနီးကပ်လာသည်ကို ခံစားလိုက်မိသည်တွင် ကျန်းယွိနန်သည် စိတ်ထဲက ပြုံးလိုက်ပြီး သူမကို ရေချိုးခန်းဆီသို့ ခေါ်သွားလိုက်တော့သည်။
သူတို့သည် တစ်နာရီနီးပါး ချစ်တင်းနှောခဲ့ကြပြီး သူမကို ရေချိုးခန်းထဲမှ အိပ်ရာပေါ်သို့ ပြန်ခေါ်လာချိန်တွင်တော့ သူမသည် မောပမ်းနေပြီးဖြစ်တော့သည်။ သူသည် သူမကို နောက်မှ ဖက်ထားလေသည်။ ထွက်သွားဖို့မဆိုထားနှင့် သူမတွင် စကားပြောဖို့ပင် အင်အားမရှိတော့ချေ။
စောင်ထဲတွင် သူ အိပ်ပျော်နေပြီလား သူမ မသိပေ။ သူ့သန်မာလှသည့်လက်မောင်းက သူမ၏ခါးကို ဖက်ထားသည်ကို ခံစားမိလိုက်ပြီးနောက် သူမအိပ်ပျော်သွားတော့သည်။ သူမ၏မျက်လုံးကို ဖွင့်ဖို့ အားရှိလာချိန်တွင်တော့ ကျန်းယွိနန်သည် အပြင်မှပြန်ရောက်လာပြီး အဝတ်အစားအချို့ ထည့်ထားသည့် ပလက်စတစ်အိပ်ကို သယ်ထားလေသည်။
ကျန်းယွိနန်သည် အဝတ်အစားများကို ကုတင်ဘေးက စားပွဲပေါ်တင်လိုက်ပြီးနောက် သူ့ကိုကြည့်နေသည့် သူမကို လှည့်ကြည့်လိုက်လေသည်။
“ နိုးပြီလား”
သူမသည် သူ့အား ငေး၌သာကြည့်နေမိလေသည်။
“ လောလောဆယ်ဝတ်ဖို့ အဝတ်စားတချို့ ယူလာတယ် ဆိုက်ဒ်က အဆင်ပြေမှာပါ”
ကျန်းယွိနန်သည ခုတင်နားရောက်လာပြီး သူ့လက်ချောင်းများဖြင့် သူမ၏မေးကို ပင့်လိုက်ပြီးနောက် သူမကို ငုံံ့နမ်းလိုက်လေသည်။ သူသည် သူ့ပခုံးကိုကျော်ကာ အချိန်တစ်ခုအထိ ငေးကြည့် နေလိုက်ပြီးနောက် သူ့ကို တွန်းထုတ်ကာ အိပ်ရာပေါ်တွင် မတ်မတ်ထိုင်နေလိုက်လေသည်။
အခုတော့ သူမ လုံးဝ နိုးနေပြီလေ။ ခပ်မြန်မြန် စောင်ဆွဲခြုံလိုက်ပြီး ကုတင်စွန်းအထိ ရွှေ့လိုက်ကာ အိတ်ထဲက အဝတ်အစားတွေကို ဝတ်လိုက်တော့သည်။
ဝတ်စုံပြည့်ဝတ်ပြီးနောက် သူမသည် ပြတင်းပေါက်အပြင်ဖက်ကို လှမ်းကြည့်လိုက်လေသည်။ အပြင်ဘက်က ညချမ်းသည် ပိုလင်းလာပြီး အာရုံဦးစတင်လာတော့သည်။
ကျန်းယွိနန်သည် လက်ပိုက်ကာ သူမကို ကြည့်နေပြီး သူ့မျက်လုံးထဲက အမူအရာသည် အလွန်နက်နဲနေတော့သည်။
သူ၏ဖြောင့်မတ်သည့် ကိုယ်ဟန်နှင့်ယှဥ်လျှင် ရန်လျန်သည် သေးနုပ်သည့် သူခိုးတစ်ယောက်လို ခံစားလိုက်ရတော့သည်။ သူမသည် သူ့ရှေ့မှနေ၍ ဟော်တယ်ခန်းထဲကထွက်လျှင် သူမကို ထပ်တားလိမ့်မလားဟု စိုးရိမ်နေမိလေသည်။
ထိုနေ့ညတွင် ပထမဆုံးအကြိမ်အဖြစ် သူမ ဟော်တယ်ခန်းထဲက အန္တရာယ်ကင်းကင်း ထွက်လာနိုင်ခဲ့တော့သည်။
ရန်လျန်သည် တံခါးပိတ်လိုက်ပြီးနောက် အနည်းငယ် ထူးဆန်းသလိုခံစားလိုက်ရ၏။ တံခါးကို ကျောမှီရင်း စိတ်အေးအောင်လုပ်လိုက်ကာ သက်ပြင်းချလိုက်ပြီးနောက် ခေါင်းမော့ကာ ဓာတ်လှေကားထဲသို့ မြန်မြန် လျှောက်သွားလိုက်တော့သည်။
ရန်လျန် ဟော်တယ်မှ ထွက်လာချိန်သည် အလွန်စောသေးရာ တက်စီ တစ်စီးရဖို့ လမ်းဘေးတွင် တော်တော်ကြာအောင် စောင့်လိုက်ရလေသည်။ အာရုံတက်လာသည်နှင့် ညသည် ပျောက်ကွယ်သွားသော်လည်း အေးစိမ့်နေဆဲ။
ရန်လျန်သည် သူမ၏ကုတ်အင်္ကျီကို ဆွဲစေ့လိုက်ပြီး အချိန်ကို ကြည့်ရန် ဖုန်းကို ငုံ့ရှာလိုက်စဥ် ရုတ်တရက် ကားဟွန်းသံကို ကြားလိုက်ရလေသည်။
သူမဆီသို့ ကားတစ်စီးလာနေသည်ကို မြင်လိုက်ရာ အံ့ဩဝမ်းသာသွားပြီးမှ ခေါင်းပြန်ငုံံ့ထားလိုက်ရတော့သည်။
သူမသည် အိတ်ထဲတွင် ဖုန်းကိုဆက်ရှာနေရာ ကားကို လစ်လျူရှုထားလိုက်တော့သည်။ သို့သော် ကားက သူမရှေ့တည့်တည့်တွင် လာရပ်၏။ ပြတင်းပေါက်မှန်သည် ကျလာပြီး ကျန်းယွိနန်က ပြတင်းပေါက်ကို လက်တင်ထားပြီး သူမကို အော်ခေါ်လိုက်လေသည်။
“ မစ် ကားစောင့်နေတာလား” သူသည် သူစိမ်းမိန်းမများကို ကြိုပို့ဖူးသည့် အတွေ့အကြုံများစွာ ရှိသည့်နှယ်။
“...” “....”
“ လမ်းကြုံခေါ်သွားပေးလို့ရတယ်လေ”
ရန်လျန် အေးတိအေးစက် ပြန်ဖြေလိုက်၏။ “ မလိုက်ဘူး”
သူ့မျက်နှာ ညိုသွားတော့သည်။
ရန်လျန်သည် သူ့လက်က တံခါးလက်ကိုင်ဆီရောက်သွားသည်ကို တွေ့လိုက်လေသည်။ သူသည် သူမကို ကားပေါ်သို့ အတင်းခေါ်တင်တော့မည်ဟု တွေးလိုက်လေသည်။ သို့သော် သူမ ခြေမလှမ်းလိုက်ခင်မှာပင် သူသည် ခေါင်းကို အသာညိတ်လိုက်ပြီးနောက် ပြတင်းပေါက်မှန်ကို ပြန်တင်လိုက်လေသည်။
ပြတင်းပေါက်သည် တစ်ဝက်အထိတက်သွားပြီး ရပ်သွားလေသည်။
ကျန်းယွိနန်သည် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်၏။
“ ဪ မင်း တစ်ခုခုကျန်ခဲ့တယ်....”
ရန်လျန်က သူ့ကို မျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေလိုက်သည်။
ကျန်းယွိနန်သည် ပြတင်းပေါက်မှ သူ့လက်ကို ဆန့်ထုတ်လိုက်၏။ သူ့လက်ချောင်းထိပ်တွင် တစ်ခုခုက တွဲလွဲခိုနေလေသည်။
ဒါသည် ဇာသားနှင့်လုပ်ထားသည့်အဝတ်စလေးတစ်ခုမှန်း ရန်လျန်သဘောပေါက်သွားချိန်၌ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး “ ဒါကို ငါမင်းအတွက် သိမ်းထားပေးလိုက်မယ်နော်”
ရန်လျန် ရုတ်တရက်ထအော်မိတော့သည်။
“ဟဲ့”
ကျန်းယွိနန်ကားသည် အရှိန်နှင့် ထွက်သွားပြီး သူမ၏အတွင်းခံများဖြင့် ပျောက်ကွယ် သွားလေတော့သည်။
*** ***
နောက်ဆုံးတွင် ရန်လျန် တက်စီတစ်စီး ငှားနိုင်ခဲ့၏။ သုံးနာရီလောက်အိပ်ပြီးနောက်တွင် သူမ နိုးလာတော့သည်။
သူမ၏မျက်နှာတစ်ခုလုံးသည် ဖြူဆွတ်နေပြီး ဖောင်ဒေးရှင်း အလွှာများသည် ပျက်နေပြီး မျက်ကွင်းညိုနေလေသည်။
တနင်္လာနေ့တိုင်း မနက် ၁၀နာရီတွင် ပုံမှန်အစည်းအဝေးတစ်ခု ရှိလေသည်။ ရန်လျန် ဓာတ်လှေကားထဲက ထွက်လာချိန်၌ မနက် ၉း၅၀ ဖြစ်နေပြီး မျက်နှာချင်းဆိုင် ဓာတ်လှေကားမှ ရွှီဇီချင်း ထွက်လာသည်ကို မြင်လိုက်ရလေသည်။
မျက်နှာနှစ်ခုလုံး ဒေါသများ လွှမ်းနေ၏။
သို့သော် သူတို့နှစ်ယောက်လုံးသည် ချက်ချင်း အိန္ဒြေပြန်ဆည်လိုက်ပြီး အစည်းဝေးခန်းမဆီသို့ လျှောက်သွားလိုက်တော့သည်။ ရွှီဇီချင်းကို ရှောင်ချင်သဖြင့် သူမသည် အစည်းဝေးခန်းမ၏ ဘေးတံခါးဆီ လျှောက်သွားလိုက်သော်လည်း ရွှီဇီချင်းကတော့ ရန်လျန်ဆီ တည့်တည့်လာရန် ရွေးချယ်လိုက်ကာ သူမလမ်းကို ပိတ်ထားလိုက်လေသည်။
ရန်လျန် ရင်းနှီးပြီးသားအကြံဉာဏ်တစ်ချို့ကို မျှော်လင့်ခဲ့ပြီး သေချာရခဲ့ပါရဲ့.....
“ နင်က ရွှီမိသားစုရဲ့ နံပါတ်၂ သခင်မလေးပဲ၊ သူ့အိပ်ရာပေါ်ကို အဲလောက်မြန်မြန်ကြီး တက်သွားရလား” ရွှီဇီချင်းသည် အေးတိအေးစက် ဆူပူနေလေသည်။
“ ငါက နင်လုပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့တဲ့ဟာလေးကိုပဲ လုပ်ခဲ့တာပါ”
သည်နေ့ ရန်လျန်၏မိတ်ကပ်သည် မသိမသာထူနေပြီး တောက်ပနေကာ သူမ၏နှုတ်ခမ်းများသည် ပန်းဆီရောင်ဆိုးထားလေသည်။ ခြုံကြည့်လျှင် သူမသည် အလွန်ခမ်းနားဟန်ဖြစ်နေသည်။ သူမသည်၏ သာမန်ကာလျှံကာ မှတ်ချက်က ရွှီဇီချင်း၏မျက်နှာအမူအရာကို ပြောင်းသွားစေတော့သည်။
မှားယွင်းစွပ်စွဲခံရသည့်နှယ် ရွှီဇီချင်း မျက်မှောင်ကျုံ့လိုက်ပြီး “ လူတိုင်းက နင့်လို ဒီလိုကိစ္စကို အရမ်းကို အပေါစားဆန်ဆန်လုပ်နိုင်တယ်လို့ ထင်မနေနဲ့”
သည်တစ်ကြိမ်တွင်ရန်လျန်သည် မထိန်းနိုင်တော့ဘဲ အော်ရယ်လိုက်လေတော့သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ရွှီဇီချင်း၏ပခုံးကို ပုတ်ကာ အကြံပေးလိုက်လေသည်။
“ နင် အိုဗာတွေလုပ်နေတာက ငါ့ကို အန်ချင်လာအောင်လုပ်နေတာပဲ”
“နင်....”
“ နင် ငါ့ကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ သိချင်လိုက်တာ၊ ကျိုးချန်းကို သွားပြောပြမှာလား၊ ဒါပေမယ့် နင်အခု သူ့ကို ရှောင်နေတာပဲ၊ ဒါမှမဟုတ် နင် အဖေ့ကို သွားတိုင်မှာလား၊ ဒီလိုဆိုရင်တော့ ငါနင့်ကို ကျေးဇူးတင်ရမှာပဲ၊ အဖေက ကျန်းယွိနန်ကို အရမ်းအထင်ကြီးနေတာလေ၊ သူက င့ါကို ကျန်းယွိနန်နဲ့ နေရာချပေးချင်တာဆိုတော့ နင် ဘာလုပ်နိုင်မှာလဲ၊ ဒါမှမဟုတ် နင်ဒီအတိုင်း လက်ကမ်းစာစောင် ရိုက်ပြီး ကုမ္ပဏီတစ်ခုလုံးကို လိုက်ဝေမှာလား”
ထိုသို့ပြောလိုက်ပြီးနောက် ရန်လျန် တွေးတွေးဆဆ ခေါင်းညိတ်လိုက်ကာ “ အင်း ဒီစိတ်ကူးက ကောင်တးယ်၊ နင် ဒီတစ်ချက်ကို ထည့်စဥ်းစားသင့်တယ်နော်”
ရွှီဇီချင်းသည် သူမ၏စကားကြောင့် နေရာကမရွေ့နိုင်ဖြစ်သွားတော့သည်။
သူမသည် မျက်နှာသေဖြင့် ဖြစ်နိုင်ချေအားလုံးကို စဥ်းစားနေသယောင်။ ရန်လျန်သည် သူမ၏အတွေးများကို ခန့်မှန်းဖို့ရာ အချိန်မရှိပေ။ သူမကို ဖြတ်သွားလိုက်ပြီးနောက် အစည်းဝေးခန်းမထဲသို့ ဝင်သွားလိုက်တော့သည်။
နှစ်လှမ်းလောက် လှမ်းလိုက်ပြီးနောက် သူမသည် တစ်ခုခုကို တွေးမိသွားပြီး ရပ်လိုက်လေသည်။
အတွေးလွန်ကာ ထိုနေရာတွင် ရပ်နေသေးသည့် ရွှီဇီချင်းဖက်လှည့်လိုက်ကာ
“ ကျန်းယွိနန်က နင့်ကို ပြောလိုက်ဖို့ ပြောတယ်၊ ကျေးဇူးပြုပြီး မလိုအပ်ဘဲ သူ့ကို ဖုန်းမခေါ်ပါနဲ့တဲ့၊ အထူးသဖြင့်.....”
ရန်လျန် တမင် စကားကိုရပ်ထားလိုက်ပြီး သူမ၏အသံမှာ အတိုင်းအတာတစ်ခုသည် မြင့်တက်သွားတော့သည်။
“... သူ့ကိုယ်ပိုင်အချိန်မှာဆိုရင်ပေါ့”
ထိုသို့ပြောလိုက်ပြီး လှောင်ပြုံးတစ်ခုဖြင့် သူမ ပြန်ထွက်သွားလိုက်လေသည်။ ရွှီဇီချင်းမျက်နှာပျက်သွားသည်ကို မြင်လိုက်ရသဖြင့် ရန်လျန် စိတ်ချမ်းမိနေ၏။
သူမ ပြန်လှည့်အထွက် နောက်တစ်စက္ကန့်တွင်တော့ သူမ၏မျက်နှာမှာ ညိုးသွားတော့သည်။
ရွှီဇီချင်းကို အနိုင်ရဖို့အတွက် ယောက်ျားတစ်ယောက်ကို မှီခိုဖို့ လျှော့ရမှာပဲ။ ရွှီဇီချင်းကလည်း ဒီရည်ရွယ်ချက်နဲ့ပဲ ကျိုးချန်းကို အသုံးချခဲ့တာ၊ ငါ့အပြုအမူတွေက သူနဲ့ ဘယ်မှာ ကွာတော့လို့လဲ။
သူမသည် ဝမ်းနည်းစွာ ပြုံးမိတော့သည်။ သူမသည် နှစ်စက္ကန့်လောက် ရပ်ကာ အိန္ဒြေပြန်ထိန်းထားလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်မျက်နှာဖြင့် အစည်းဝေးခန်းမထဲ ဝင်လိုက်တော့သည်။
“ မစ်ရန် ဂွတ်မောနင်းပါ”
ရန်လျန် အစည်းဝေးခန်းမတာဝန်ခံကို ပြုံးပြလိုက်ပြီး “ ဂွတ်မောနင်းပါ”
ရန်လျန်သည် ဒါရိုက်တာဘေးက နေရာသို့သွားလိုက်လေသည်။လက်ထဲတွင် ဖိုင်တွဲများ ကိုင်ထားသည့် လုပ်ဖော်ကိုင်ဖက်အချို့က နေရာယူထားပြီးဖြစ်သည်။
ကုမ္ပဏီနှင့် ဂျော်နီ ဝေးလ် တို့သည် မြောက်အမေရိက စျေးကွက်ကို တိုးချဲ့ဖို့ စီစဥ်ထားသည်။ R&D ဌာနကလည်း ထုတ်ကုန်သစ်အတွက် အရှိန်မြင့်နေကြသည်။ သည်နှစ်မကုန်ခင် သူတို့သည် အာရှအသားအရေအတွက် မဟုတ်သည့် အထူး အသားအရေထိန်းသိမ်းသည့် ပစ္စည်းများကို စတင်ဖြန့်ဖြူးဖို့ စီစဥ်ထားခဲ့သည်။
ကုန်ပစ္စည်းများသည် စမ်းသပ်ဆဲကာလတွင် ရှိသေးသည်။ သည်မနက်ပုံမှန် အစည်းအဝေးက စျေးကွက်တွင် ကုန်ပစ္စည်းသစ်များကို အောင်အောင်မြင်မြင် ဖြန့်ဖြူးနိုင်မည့် နည်းလမ်းကို ဆွေးနွေးရန် ဖြစ်လေသည်။ R&Dဌာနအပြင်၊ စီမံကိန်းဌာန ၊ အရောင်းဌာန ၊ လူထုဆက်ဆံရေးဌာန အားလုံးက သူတို့၏လုပ်ငန်းစဥ်ကို တင်ပြရလိမ့်မည်။
ရန်လျန်သည် သူမ၏ဖိုင်ထဲက စာမျက်နှာ နှစ်ခုလောက် ဖတ်ပြီးချိန်၌ တစ်ယောက်ယောက်၏ အသံကို ကြားလိုက်လေသည်။
“ မစ္စတာကျန်း ဂွတ်မောနင်းပါ”
ဖိုင်တွဲကို ကိုင်ထားသည့်လက်မှာ တောင့်တင်းသွားပြီး သူ့ကို မော့မကြည့်ရန် ကိုယ့်ဟာကိုယ် ဖိအားပေးလိုက်တော့သည်။
ထို့နောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်ကို ကြားလိုက်ရ၏။ “ဂွတ်မောနင်း”
၃မိနစ်ကျော်ကျော်လောက်သာ ကြာမည်ထင်သည်။ ထို သုံးမိနစ်ကာလသည် ရန်လျန်အတွက် တစ်နှစ်လောက် ဖြစ်နေသယောင်။
သူမသည် ဖိုင်များကို ဆက်ဖတ်နေလိုက်ပြီး မော့မကြည့်ချေ။ သို့သော် မနေ့က ပါတီတွင် စခဲ့သည့် စကားအကြောင်းကို အာရုံစိုက်မိနေတော့သည်။
“ မစ္စတာကျန်းက မနေ့က ပွဲကနေ စောစောပြန်သွားတာကိုး၊ အတွင်းရေးမှူးလီက မင်း နေမကောင်းဘူးလို့ ပြောတယ်၊ ဒီနေ့ရော နေကောင်းသွားပြီလား”
“ ကောင်းလာပါပြီ”
ကျန်းယွိနန်၏လေသံမှာ တည်ငြိမ်နေဆဲ။ သို့သော် ထိုစကားကို နားထောင်နေသည့် တစ်စုံတစ်ယောက်၏နှလုံးကတော့ စည်းချက်လွဲသွားတော့သည်။
ရန်လျန်သည် ဖိုင်များကို ကြည့်ရင်း ဂရုတစိုက်နားထောင်နေမိသည်။ ဒါရိုက်တာကလည်း ဝင်ပြောလေသည်။
“ မီဒီယာတွေက နောက်ဆုံးဓာတ်ပုံရိုက်ဖို့ ခင်များကို စောင့်နေသေးတယ်၊ ခင်များနဲ့ မစ်ရန် ရဲ့အရိပ်ကိုလည်းမတွေ့ဘူး၊ ဥက္ကဋ္ဌကလည်း အချိန်ဇယားထဲ ထည့်ဆွဲထားပေမယ့် မတက်ဘူးလေ၊ မီဒီယာတွေက ဆူပူတော့မတတ်ပြ၊ တော်သေးလို့ မစ်ရွှီက သူတို့ကို ထိန်းနိုင်လိုက်တာ”
ရွှီဇီချင်းသည် နိမ့်ချကာ သူမ၏အသံမှာ အလွန်ချိုသာလေသည်။
“ကျွန်မက ကျွန်မရဲ့တာဝန်ကို လုပ်ခဲ့ရုပါရှင်၊ ဒါပေမယ့် ကျွန်မရဲ့စကားကို နားထောင်ပေးခဲ့တဲ့ မီဒီယာမိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရမယ်”
ရွှီဇီချင်းသည် ချီးမွှမ်းစကားများကို မည်သို့ တိတ်ဆိတ်စွာတုန့်ပြန်မည်ကို ရန်လျန်လည်း သိချင်မိလေသည်။ ထို့နောက်တွင်တော့ မျှော်လင့်မထားသည့် ချောင်းခြောက်ဆိုးသံတစ်ခုကို ကြားလိုက်ရ၏။
ကျန်းယွိနန်သည် လက်ကိုဆုပ်ကာ ပါးစပ်နားကပ်ပြီး ချောင်းဟန့်လိုက်၏။ ချက်ချင်းလိုပင် အခန်းထဲတွင် ငြိမ်ကျသွားတော့သည်။
ကျန်းယွိနန်၏ လှုပ်ရှားမှု သေးသေးလေး၏နောက်ကွယ်က အဓိပ္ပါယ်ကို ကောင်းကောင်း သတိထားမိသည့် အတွင်းရေးမှူးလီက သူ့ကို ချက်ချင်း သတိပေးလိုက်တော့သည်။
“မစ္စတာကျန်း ၁၀နာရီထိုးပါပြီ”
ကျန်းယွိနန်သည် ခေါင်းညိတ်ပြလိုက်၏။
“ အစည်းအဝေး စကြမယ်...”
ရန်လျန် သက်ပြင်းချလိုက်လေသည်။ ဒီလူက ဆရာကြီးလိုလုပ်တဲ့နေရာမှာတော့ တကယ့်ပညာရှင် တစ်ယောက်ပဲ။
သူမသည် ဖိုင်ကို ပိတ်ကာ မော့ကြည့်လိုက်ပြီးမှ ရုတ်တရက် ပြန်ငုံ့လိုက်မိတော့သည်။
ကျန်းယွိနန်က သူမကို စိုက်ကြည့်နေ၏။
သူ့မျက်လုံးများထဲတွင် အလိုရမ္မက်များ တောက်လောင်လို့ပင်။
ဟုတ်တယ်။ ငါ ခံစားမိနေတယ်။ ဒီလူရဲ့ တည်ငြိမ်တဲ့ မျက်လုံးတွေထဲမှာ.... ကြမ်းတမ်းတဲ့ သွေးသားတောင့်တမှုတစ်ခု...
စီမံကိန်း မန်နေဂျာ၏အသံက သူမ၏နားထဲ ဝင်လာ၏။
“ ဒါက ကျွန်တော်တို့ လူထုဆက်ဆံရေး အစီအစဥ်ပါ”
ရန်လျန်သည် သူမ၏ယောက်ယက်ခတ်နေသည့်စိတ်ကို ဖုန်းကွယ်ဖို့ရာ ရေခွက်ကို ကောက်ကိုင်လိုက်ရင်း စီမံကိန်းမနေနေဂျာထံ အာရုံစိုက်ထားလိုက်လေသည်။ သို့သော် ထိုအခိုက်တွင် ကျန်းယွိနန်က သူမကို ရုတ်တရက် မျက်ခုံးပင့်ပြလိုက်၏။
ထိုနောက်ပြောင်မှုလေးကို ဘယ်သူမှ သတိမထားမိလိုက်သော်လည်း ရန်လျန်၏အာရုံကိုတော့ ဖမ်းစားနိုင်ခဲ့လေသည်။ သူမသည် ရေသောက်ရင်း နင်သွားပြီး အပြင်းအထန် ချောင်းဆိုးသွားတော့သည်။
အားလုံးက သူမကို ကြည့်လိုက်၏။
ကျန်းယွိနန်သည် သူမကို စဥ်းလဲစွာ ပြုံးပြလိုက်လေသည်။ တဒင်္ဂပြုံးလိုက်ပြီး အခိုက်တန့်တွင် မျက်နှာပြန်တည်သွားကာ မေးလိုက်၏။
“ ဘာဖြစ်သွားတာလဲ”
အခုတော့ သူမသည် အားလုံး၏ စိတ်ဝင်စားစရာ ဖြစ်လာတော့သည်။ ရန်လျန်သည် ဒေါသများလွှမ်းကာ အေးစက်စက် စိုက်ကြည့်လိုက်သော်လည်း သူမ၏အသံမှာ တည်ငြိမ်နေဆဲ။
“ ဘာမှမဖြစ်ပါဘူး၊ ကျွန်မ အဆင်ပြေပါတယ်”
*** ***
ဌာနအားလုံးသည် ကုန်ပစ္စည်းသစ်များ ထုတ်လုပ်ဖို့ လမ်းကြောင်းကို အတူတူရေးဆွဲခဲ့ပြီး ကုန်ပစ္စည်းသစ်ဖြန့်ဖြူးမည့် ကိစ္စမှာ အမြဲလိုလို စိတ်လှုပ်ရှားဖို့ကောင်းလေသည်။ သို့သော် ရန်လျန်အတွက်တော့ သူမတက်ဖူးသည့် အစည်းအဝေးထဲတွင် အဆိုးဖြစ်တော့သည်။
အစည်းအဝေး ပြီးသွားတော့ ရန်လျန်သည် ထိုင်ခုံတွင် ဆက်ထိုင်နေလိုက်ပြီး ကျန်းယွိနန် ထွက်သွားပြီးမှ ပြန်ရန် စိတ်ကူးလိုက်လေသည်။ သူမသည် ထိုင်ခုံနေရာမှ ခြေတစ်လှမ်းအကွာတွင် ရှိနေသည့် ကျန်းယွိနန်ကို ကြည့်နေလိုက်၏။ သို့သော် နှစ်လှမ်းလောက် လှမ်းအပြီးတွင် မမျှော်လင့်ဘဲ ရပ်သွားတော့သည်။
“ မစ္စတာကျန်း”
ကျန်းယွိနန် ရပ်သွားသည်။ ရွှီဇီချင်းမှလွဲလျှင် မည်သူဖြစ်နိုင်ပါမည်နည်း။
“ ခဏနေ အဖေ့ကိုသွားတွေ့ဖို့ စဥ်းစားထားတယ်၊ သူက ကုန်ပစ္စည်းသစ်ကိစ္စ အရမ်းစိတ်ပူနေတာလေ၊ ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား၊ သူ့ကို ရှင်ကိုယ်တိုင် ပြောပြလိုက်လေ”
ကျန်းယွိနန်သည် ခဏလောက်စဥ်းစားလိုက်ပြီး အတွင်းရေးမှူးလီကို မေးလိုက်လေသည်။
“ ကျွန်တော့် အချိန်ဇယားကို စစ်ပေးပါ၊ ဘယ်အချိန်အားလဲ”
အတွင်းရေးမှူးလီသည် စစ်ဆေးရန်မလိုချေ။ ချက်ချင်း ပြန်ဖြေလိုက်၏။
“ VIP နံပါတ်အသစ်တွေကို ဖြည့်ပြီးရင် မြို့ထဲကို သွားကြည့်ရမယ်၊ နေ့လည် ၁နာရီ မတိုင်ခင် သွားလို့ရပါတယ်”
ရွှီဇီချင်းက ရယ်လိုက်ပြီး “ ဒါဆို နေ့လည်ရောက်ပြီပဲ၊ ကျွန်မတို့တွေ ဆေးရုံမသွားခင် နေ့လည်စာစားလို့ရတယ်”
“အိုကေလေ”
ကျန်းယွိနန်သည် အသာယာခေါင်းညိတ်ကာ နှုတ်ဆက်ပြီး တံခါးဆီသို့ ခပ်သွက်သွက် လျှောက်လိုက်ပြီးမှာ ရုတ်တရက် ရပ်လိုက်လေသည်။
အတွင်းရေးမှူးလီမှာ သတိမထားမိဘဲ သူ့ကို တိုက်မိမလိုဖြစ်သွား၏။ သို့သော် သူသည် ဘေးဖက်သို့ ပိုင်နိုင်စွာ ရွှေ့လိုက်ရာ မတော်တဆမှုကို ရှောင်နိုင်သွားတော့သည်။
ကျန်းယွိနန် လှည့်ကြည့်လိုက်ပြီး ရွှီဇီချင်းနှင့် အတွင်းရေးမှူးလီရှေ့တွင် ရန်လျန်ကို လက်ထောင်ကာ သူ့ဆီ လာရန် အချက်ပြလိုက်လေသည်။
ရန်လျန်သည် သူမ၏အမ၏ လှုပ်ရှားမှုကို နှုတ်ဆိတ်ကာ ကြည့်နေရာ ထိုလက်ဟန်ကို ဘာမှန်းမသိ ခေါင်းရှုပ်သွားတော့သည်။
သူမသည် ရုပ်တည်နှင့် ကျန်းယွိနန်၏မျက်နှာကို မဖတ်နိုင်သလို သူ့လုပ်ရပ်များကလည်း သူ့ရည်ရွယ်ချက်ကို တစ်စက်လေးမှ သဲလွန်စ မပေးချေ။
အတွင်းရေးမှူးလီသည် သေချာသိလိုက်ပြီး မြန်မြန် ရှင်းပြလိုက်လေသည်။
“ မစ်ရန် မစ္စတာကျန်းက မင်းကို VIPကောင်တာတွေ လိုက်ကြည့်ဖို့ ခေါ်နေပါတယ်”
“ ခေါ်တယ် ဟုတ်လား”
ဒါက ဖိတ်ကြားမှုတစ်ခုသာဆိုရင် ဒါက သေချာပေါက်ကို အရမ်းစီးပိုးတဲ့ ပုံစံမလို့ လူတွေကို ဒေါသကြောင့် အံကြိတ်ချင်အောင် လုပ်နေတဲ့ ဖိတ်ကြားမှုပဲလေ။
🌺
No comments:
Post a Comment