အပိုင်း (၂၂)
ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
ရှန်ယွဲ့သည် တမင် ဘာမှမပြောဘဲ
ပွဲကောင်းတစ်ခုကို စောင့်နေလိုက်သည်။
ဆွန်းလင်သည်
ထိုစကားကိုကြားလိုက်ပြီးနောက်
ချက်ချင်းမျက်မှောင်ကျုံ့သွားကာ အေးစက်စွာ ပြောတော့သည်။
“ တစ်နေ့လုံး အလုပ်လုပ်မှ ငါ ငွေ ဘယ်လောက်ရှာနိုင်တယ်ထင်လို့လဲ၊ ငွေက လေထဲကနေ ရောက်လာတယ်များ ထင်နေတာလားဟဲ့၊
ပိုက်ဆံကို နင့်စိတ်ကြိုက်သုံးလို့ရတယ်လို့ ထင်နေတာလား၊ ဘာပဲဖြစ်ဖြစ် နင်
ဘယ်လောက်စားစား ပိုဝ,လာတာပဲ ရှိမှာ၊ ဒီနေ့ကစပြီး နင့်ကို နေ့လည်စာ မကျွေးတော့ဘူး၊
ဒါက နင်ဝိတ်ကျတာကို အကူအညီလည်းဖြစ်တယ်”
အခုချိန်က ငါလေးက ဖွံ့ဖြိုးတဲ့အရွယ်လေဟယ်။
အခု အထက်တန်းတတိယနှစ် တောင်ရောက်နေပြီ၊ အလုပ်တွေကလည်း အများကြီးပဲ။ ဒါတောင်
ဆွန်းလင်က အခွင့်ကောင်းယူပြီး အစားအသောက်ဖိုးကို ဖြတ်ချင်နေသေးတယ်၊ နောက်ဆို
ငါ့ကိုတောင် နေ့လည်စာမကျွေးတော့ဘူးတဲ့လား။
ဝိတ်ကျသွားရင်တောင် ဗိုက်ကတော့
ဆာနေမှာပဲလေဟဲ့။
ခဏတာ ငြိမ်သက်သွားပြီးနောက် ရှန်ယွဲ့က
ပြောလိုက်၏။
“ ဒီတော့ အမေက သမီးကို အစားအသောက်အတွက်
ငွေပိုသုံးလို့ ဒီလို အပြစ်ပေးတာလား”
“ အမှန်ပဲ”
ဆွန်းလင်သည် စဥ်းစားမနေဘဲ ပြန်ဖြေလိုက်လေသည်။
သူမသည် သူမသမီးဖြစ်သူ ရှန်ယွဲ့ကို အလွန်မုန်းတီးပြီး ပြီးခဲ့သည့်တစ်ခေါက်
ရှန်ယွဲ့ရေထဲကျသွားတုန်းက သူမကို ရေနစ်သေစေချင်စိတ်ခဲ့သော်လည်း သူမ၏
ရက်စက်သည့်အပြုအမူကို အမြင်တင့်စေဖို့ရာ သူမသည် ခေါင်းမာမာနှင့်
ဆက်ပြောလိုက်သေးသည်။
“ နင် အမှားလုပ်ထားရင်တော့ အပြစ်ပေးခံရမှာပဲ၊ အပြင်ထွက်ပြီး ငါ
နင့်ကို နှိပ်စက်တယ်လို့ မပြောနဲ့နော်၊ နင်က အရင်မှားတာ၊ ရှန်ချန်ပဲဖြစ်ဖြစ်
ရှန်ရှင်းပဲ ဖြစ်ဖြစ် ငါနင်တို့ကို အတူတူပဲ ဆက်ဆံတယ်”
“ကောင်းတယ်”
ရှန်ယွဲ့သည် ဆွန်းလင် ဤသို့ပြောလာမည့် စကားကို
စောင့်နေခြင်းဖြစ်လေသည်။ သူမသည် လက်ခုပ်တီးလိုက်ပြီး
“ ဒါဆိုရင်တော့ အမေ သမီးကို နားလည်မှုလွဲနေပြီ၊ ဒီအစားအသောက်ကတ်ထဲက
ပိုက်ဆံတွေက ရှန်ရှင်းအကုန်သုံးလိုက်တာ သမီးမဟုတ်ဘူး”
“ နင် ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ၊ ရှန်ယွဲ့ နင်ငါ့ကို
ချောက်ချဖို့ သက်သေတော့ ရှိရမှာပေါ့”
ရှန်ရှင်းသည် တကိုယ်လုံးတောင့်တင်းသွားပြီး ကပျာကယာနှင့်
ခေါင်းဆက်မာနေလေသည်။
“ ရှေ့ရက်တုန်းက နင့်နေ့လည်စာအတွက် ပိုက်ဆံမရှိတော့ဘူးလို့ပြောပြီး
ငါ့ဆီက တစ်နေ့လုံး ငှားသွားတာလေ၊ နောက်ဆုံးတော့ နင် ငါ့ပိုက်ဆံတွေ
အကုန်သုံးလိုက်တာ နင်မမှတ်မိဘူးလား၊ နင့်က သက်သေလိုချင်တာလား၊ ရမယ်၊ ငါ့မှာ
ရှိတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျောင်းဆင်းတော့ ငါ ကျောင်းသားရေးရာဌာကနေ
အသုံးစားရိတ်မှတ်တမ်း ယူလာခဲ့တယ်လေ၊ ငါနင့်ကို ပြရမှာပေါ့”
ရှန်ယွဲ့သည် ပြင်ဆင်လာခဲ့ပြီးဖြစ်၏။ သူမသည် လွယ်အိတ်ထဲက
အစားအစာကတ်စားသုံးခြင်း မှတ်တမ်း စာရွက်တစ်ခုကို ထုတ်ကာ ပြောလိုက်လေသည်။
ဆွန်းလင် မယုံကြည်နိုင်ဖြစ်နေဆဲ။ သူမသည် စားသုံးမှုမှတ်တမ်းစာရွက်ကို
ဖျတ်ခနဲလုယူလိုက်ပြီး သေချာဖတ်လိုက်လေသည်။
ရှန်ယွဲ့သည် ထိုအချိန်က ကျောင်းသားရေးရာဌာနမှ ဆရာအား
လုံခြုံရေးကင်မရာမှတ်တမ်းကိုပင် ထုတ်ပေးဖို့ သေချာတောင်းဆိုခဲ့သေးသည်။
ပမာဏများပြားသည့် ပထမဝယ်ယူမှုအချို့အားလုံးကို ရှန်ရှင်း၏အစားအသောက်ကတ်ဖြင့်
ရှင်းထားသည်ကို အသေးစိတ်မြင်နိုင်လေသည်။
“ ရှင်းရှင်း နင် ဒီပိုက်ဆံတွေကို တကယ်သုံးခဲ့တာလား”
ဆွန်းလင် အံ့ဩသွားတော့သည်။
“ နင် ငါ့အစားအသောက် စားရိတ်အားလုံးကို သုံးလိုက်တာတောင် ငါ့ကိုလည်း
အပြစ်ဖို့ချင်သေးတယ်နော်၊ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ”
ရှန်ယွဲ့၏နှုတ်ခမ်းသည် မသိမသာ တွန့်သွားလေသည်။ အမှန်တရားကို
ဖျက်ဆီးပြီး ပြဿနာရှာရတာ ကြိုက်သည့် ညီမလေးတစ်ယာက်ရှိနေရာ မူလပိုင်ရှင်သည် အိမ်၌
နာကျင်မှုများ အများအပြားကို ခံစားခဲ့ရလေသည်။ အလွန်ဝမ်းနည်းစရာကောင်းလေသည်။
ရှန်ယွဲ့တွင် သက်သေအမှန်အကန်ရှိသည်ကို သိလိုက်ပြီး ရှန်ရှင်းသည်
ချက်ချင်း ပျာယာခတ်သွားတော့သည်။ သူမ၏မျက်လုံးများသည် တဖျတ်ဖျတ်ခတ်ကာ
ပြန်ပြောလိုက်၏။
“ ငါ ငါ သုံးခဲ့မိတာကို မေ့သွားလို့ပါ....”
ရှန်ရှင်းသည် အကြံနောက်တစ်ခု ထပ်ထုတ်လိုက်ပြီး ခေါင်းစဥ် မြန်မြန်
ပြောင်းလိုက်လေသည်။
“ရှန်ယွဲ့ နင်က ဘာလို့ အဲလောက် ရန်လိုနေတာလဲ၊ နင် ဒါကို သုံးပြီး
အမေငါ့ကို ဆူပူအောင် တမင်လုပ်နေတာလား”
သည့်အခိုက်တွင် ရှန်ရှင်းသည် သနားစဖွယ်မျက်နှာထားတစ်ခုကို ချက်ချင်း
လုပ်လိုက်လေသည်။ သူမ၏မျက်လုံးများသည် နီလာပြီး ဝမ်းနည်းမှုကြီးတစ်ခုကို
ခံစားလိုက်ရသလို ငိုတော့မည့်ဟန် လုပ်လိုက်လေသည်။
“ ဟင်၊ အမေပဲ ပြောခဲ့တယ်မလား ကိုယ့်အမှားအတွက် ကိုယ်တိုင်အပြစ်ပေးခံရမယ်ဆို၊အခု
ရှန်ရှင်းက နောက်ဆို နေ့လည်စား မစားရတော့ဘူးနော်”
ရှန်ယွဲ့သည် ဆွန်းလင်ကို ကြည့်လိုက်ပြီးနောက် မျက်နှာသေဖြင့်
ပြောလိုက်လေသည်။
ရှန်ယွဲ့သည် ဆွန်းလင်က သူမနှင့် ရှန်ရှင်းကို မျှမျှတတ
ဆက်ဆံလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ချေ။ သူမသည် တခြားလူများ၏ အထင်လွဲခံရသည်ကို
မုန်းပြီး ဆွန်းလင်နှင့် ရှန်ရှင်းတို့၏ ပုံစံအမှန်ကို တမင် ထုတ်ပြချင်၍သာ
လုပ်ခဲ့ခြင်းဖြစ်လေသည်။
ထင်ထားသည့်အတိုင်းပင် ရှန်ရှင်း အမှားလုပ်ခဲ့သည်ကို
သိသွားသည်နှင့်ချက်ချက်း သူမ၏နှလုံးသား နာကျင်သွားတော့သည်။
“ နင် ဘာလို့ နင့်ညီမကို အဲလောက် ခြောက်လန့်နေရတာလဲ၊ နင့်
ခါတိုင်းလည်း အသုံးမှမကျတာ၊ ဒါပေမယ့် ရန်ဖြစ်တဲ့နေရာမှာတော့ တော်သားပဲ၊ နင်က
ငါ့သမီးနဲ့ လုံးဝကိုမတူဘူး၊ အကြွေးရှင်ကျနေတာပဲ....”
“ အမေ့ရဲ့ဘယ်မျက်လုံးက သမီး သူ့ကိုခြောက်လန့်နေတာလို့ မြင်လိုက်တာလဲ၊
သမီးရှေ့မှာ ပွဲတွေလာလုပ်ပြီး ပြဿနာရှာနေတာ အမေတို့နှစ်ယောက်ပဲလေ၊ အခုမှ သမီးကို
အပြစ်တင်နေရလား”
သားအမိနှစ်ယောက်၏ ထူးဆန်းသည့်အတွေးအခေါ်ကို ရင်ဆိုင်လိုက်ရပြီးနောက်
ရှန်ယွဲ့သည် ဒေါသထွက်လွန်းရာ အော်ရယ်ချင်နေတော့သည်။
ရှန်ရှင်းသည် ဆွန်းလင်အနားသို့ မြန်မြန်ကပ်သွားပြီး သူမ၏လက်မောင်းကို
ချွဲနွဲ့စွာ လှုပ်ခါလိုက်ကာ သနားစဖွယ်ပြောလိုက်လေသည်။
“အမေ သမီးကျောင်းမှာ ဗိုက်အရမ်းဆာလို့ သမီးရဲ့အစားအသောက်ကတ်ကို
မုန့်စားဖို့ ဝယ်ခဲ့တာပါ၊ စိတ်မဆိုးနဲ့နော်၊ အမက အရမ်းဒေါသထွက်သွားလို့ အမေ့ကို
ဒီလို ပြန်ခံပြောတာနေမှာပါ”
ဆွန်းလင်၏ကို မျက်နှာချိုသွေးရင် ရှန်ယွဲ့က သူမအား
အတိုက်အခံပြောဆိုနေသည်ကိုလည်း မမေ့လျော့ ပြောဆိုလိုက်ပြီး ဆွန်းလင်၏
ဒေါသကိုအခွင့်ကောင်းယူလိုက်လေသည်။ ရှန်ရှင်း၏အကွက်သည် အမှန်ပင် အလွန်ကောက်ကျစ် စဥ်းလဲလေသည်။
ရှန်ယွဲ့မှာ မယုံနိုင်လောက်အောင် တအံ့တဩ ဖြစ်သွားတော့သည်။
ကံမကောင်းချင်တော့ သူမသည် မူလခန္ဓာကိုယ် ပိုင်ရှင်မဟုတ်ပေ။ သူမသည် သူမအမေ၏ ခွဲခြားဆက်ဆံခံရပြီး ညီမဖြစ်သူ၏ အနိုင်ကျင့်ခံရခြင်းကြောင့် ဝမ်းနည်းလိမ့်မည်မဟုတ်ပေ။ သူမသည် ဤသို့သော် အကြံအစည်မျိုးကို ပါဝင်ရန် ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပါချေ။
🍀🍀🍀
No comments:
Post a Comment