အပိုင်း (၂၀)
ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
“ဟေး ရှန်ချန်ရေ
ငါဒီဘက်မှာ”
ရှန်ယွဲ့သည် ချန်းမင်ကို အခုလေးတင်မှ
ပညာပေးလာပြီးဖြစ်သည်။
သူမသည် စာသင်ဆောင်က ထွက်လာချိန်၌ ရှန်ချန်နှင့်
မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
ရှန်ချန်သည် အချိန်အရမ်းနောက်ကျသည်အထိ ရှန်ယွဲ့က သူ့အား
စောင့်နေလိမ့်မည်ဟုတ် မျှော်မထားခဲ့ချေ။ ရှန်ချန်၏နှလုံးသားသည်
နွေးထွေးသွားတော့သည်။ သူသည် တစ်ဖက်သို့ မြန်မြန်လှည့်လိုက်ပြီး
မျက်ရည်များကိုသုတ်လိုက်ကာ ပြန်လှည့်လာ၏။ သူသည် အားယူကာ ပြုံးလိုက်ပြီးနောက်
ပြန်ပြောလိုက်လေသည်။
“ အစ်မ သွားစားကြစို့”
ရှန်ချန်နှင့် ယှဥ်လျှောက်လာရင်း ရှန်ယွဲ့သည်
သိလိုစိတ်ဖြင့် မေးလိုက်လေသည်။
“ဘာလို့ကျောင်းကနေ အဲလောက်နောက်ကျမှ ထွက်လာတာလဲ၊
တစ်ခုခုက နင့်ကို နှောင့်ယှက်နေလို့လား”
ငါလေးက ချန်းမင် ပြဿနာလာရှာလို့ နောက်ကျတာလေ။ ဧကန္တ
တစ်ယောက်ယောက် ရှန်ချန်ကို ပြဿနာရှာနေလို့များလား။
ရှန်ချန်သည် ရှန်ယွဲ့အား သူ၏မကောင်းသည့်ခံစားချက်ကို
မပေးလိုချေ။ အကြောင်းမှာ သူမအား ပြောပြလိုက်လျှင် သူမ၏ခံစားချက်
ပိုသိမ်ငယ်သွားမည်ကို သိနေသောကြောင့်ပင်။
သူသည် ဝမ်းနည်းမှုများကို စိတ်ထဲတွင်သာ
မြှုပ်ထားလိုက်ပြီး ခေါင်းခါပြလိုက်၏။
“ ငါ ပုစ္ဆာတစ်ချို့ကို အဖြေရှာမရလို့လေ၊ စဥ်းစားရင်းနဲ့
ကြာသွားတာ”
သူမ၏သနားစရာမောင်လေးသည် စိတ်မကောင်းဖြစ်နေသော်လည်း
သူမကို မပြောပြချင်ဖြစ်နေသည်ကို ခံစားမိသဖြင့် ရှန်ယွဲ့သည် ထပ်မမေးတော့ချေ။ ရှန်ချန်သည်
သူမအား မပြာပြချင်ဖြစ်နေသဖြင့် သူမသည် နောက်တစ်ခါအားသည့်အချိန်ကျလျှင်
ရှန်ချန်၏အခန်းသို့ သွားစစ်ဆေးရပေလိမ့်မည်။
သို့နှင့် ရှန်ယွဲ့သည် နားလည်မှုဖြင့်
ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်တော့သည်။
“ အင်းပါ ဒီည အိမ်ပြန်ရောက်ရင် ငါနင့်ကို သင်ပေးမယ်နော်”
“အင်း”
ရှန်ချန်သည် နာနာခံခံဖြင့် သဘောတူလိုက်လေသည်။
မောင်နှမနှစ်ယောက်လုံးသည် သူတို့တွင် ဖြစ်ပျက်ခဲ့သည့်
ဆိုးရွားသည့်ကိစ္စများကို အချင်းချင်း ပြန်မပြောပြကြချေ။ ထို့အစား သူတို့သည်
ကန်တင်းဆီသို့ ဘာမှမပြောဘဲ အတူတူ လျှောက်သွားလိုက်ကြတော့သည်။
ဒီလိုအချိန်ဆိုရင် ကန်တင်းမှာ စားစရာအများကြီး
ကျန်တော့မှာမဟုတ်လောက်ဘူးနော်။ ရှန်ယွဲ့သည် ရေရွတ်ရင်း ရှန်ချန်ကို ပုံမှန်အတိုင်း
အကဲခတ်ကြည့်လိုက်လေသည်။
သူမသည် သူ့ကိုကြည့်နေရင်းမှ သူမ၏မောင်လေးသည်
ကျောင်းတော်၏မင်းသားလေး ယွီဟောက် ထက်ပင် ပိုချောသေးသည်ဟု
ရုတ်တရက်ခံစားလိုက်ရတော့သည်။
သူ့အသားအရေက အရမ်းလှတာပဲ။ နေရောင်အောက်မှာတောင်
ဖောက်ထွင်းမြင်နိုင်လောက်တယ်။ သူ့နှာတံက မြင့်ပြီး၊ သူ့မျက်လုံးတွေက စူးရှလို့
သူ့နှုတ်ခမ်းပါးလေးတွေ ခန့်ညားနေရောပဲ။ ဒါကမှ တကယ့်ကို ကျောင်းတော်ရဲ့မင်းသားလေးစစ်စစ်ပဲ။
တစ်ခုတည်းသောအပြစ်အနာဆာမှာ ရှန်ချန်၏မျက်ခုံးများကို
ဖုံးကွယ်ထားသည့် ရှေ့ဆံပင်ရှည်များသာဖြစ်သည်။ ရှန်မိသားစုသည် အလွန်ဆင်းရဲသဖြင့်
ဆိုင်တွင် ဆံပင်ညှပ်ရန် ငွေပိုမရှိချေ။ ထို့ကြောင့် ရှန်ယွဲ့နှင့် ရှန်ချန်တို့သည်
ဆံပင်များကို ကိုယ်တိုင်ညှပ်ကြရသည်။ နှစ်ပေါင်းများစွာ သူတို့သည် ဤသို့သော
ထူထူထဲထဲ ရုပ်ဆိုးသည့်ဆံပင်ပုံစံ နှင့်နေလာကြလေသည်။
ရှန်ချန်သည် ကောင်လေးများက ရှန်ယွဲ့၏ဉာဏ်ရည်အား
ဆက်တိုက်လှောင်ပြောင်နေသည့်ကိစ္စကို ဆက်စဥ်းစားနေမိလေသည်။ သူသည် ပြဿနာဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။
“ အစ်မ နင်လေ လာမယ့်စာမေးပွဲမှာ ကောင်းကောင်း ဖြေနော်၊
အဲဒီလူတွေ နင့်ကို အထင်သေးခွင့်မပေးနဲ့”
“ အင်းပါ ပြဿနာမရှိဘူး”
ရှန်ယွဲ့သည် ချက်ချင်း သဘောတူလိုက်လေသည်။ သူမသည်
ဆွန်းလင်နှင်ပင် လောင်းကြေးထပ်ခဲ့သေးသည်။ ဆွန်လင်းက ပြောခဲ့သေသည်။ ရှန်ယွဲ့က
တစ်တန်းလုံးတွင် အဆင့်၁ရလျှင် ဆွန်းလင်က သူမ၏ခေါင်းကို ဘောလုံးတစ်လုံးလို
ကန်ခွင့်ပေးမည်တဲ့။
ထိုရယ်စရာမြင်ကွင်းကို စဥ်းစားမိလိုက်ပြီးနောက်
ရှန်ယွဲ့သည် အော်ရယ်လေတော့သည်။
ရှန်ယွဲ့သည် စိတ်ထဲတွင် အလေးမထားသည်ကို
မြင်လိုက်ရပြီးနောက် ရှန်ချန်သည် စိုးရိမ်တကြီး ပြောလိုက်လေသည်။
“ အစ်မ နင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေရမှာနော်၊
ကောလိပ်ဝင်ခွင့်စာမေးပွဲက ငါတို့လို မိသားစုက ခလေးတွေအတွက် အရမ်းအရေးကြီးတယ်၊ နင်
အကောင်းဆုံးလုပ်မှာမလား”
ရှန်ချန်၏စိတ်ပူနေသည့် စကားလုံးများကို ကြားလိုက်ပြီး
ရှန်ယွဲ့သည် သူမ၏မျက်နှာထားကို တည်လိုက်ကာ ရှန်ချန်၏စိုးရိမ်နေသည့်မျက်လုံးများ
ကြည့်လိုက်ပြီး ကတိပေးလိုက်လေသည်။
“ မစိုးရိမ်ပါနဲ့ ငါ အကောင်းဆုံးလုပ်မှာပါ”
ငါလေးအတွက်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲက လွယ်လွယ်လေး
ပြီးသွားနိုင်တဲ့ကိစ္စပဲလေ။ အခွင့်အရေးတစ်ခုရှိနေမှတော့ ဘာလို့မလုပ်ရမှာတဲ့လဲ။
ရှန်ယွဲ့က အာမခံလိုက်သဖြင့် ရှန်ချန်သည် စိတ်အေးသွားပြီး
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်းပေါ်လာတော့သည်။
သူတို့သည် ကန်တင်းသို့ရောက်လာချိန်တွင်
ပြတင်းပေါက်များတွင် တန်းစီနေသည့်လူများစွာရှိနေသေးသည်။ မောင်နှမနှစ်ယောက်သည်
လူခွဲလိုက်၏။ ရှန်ယွဲ့သည် သူမ၏ ဝတ်ချနေသည့်အစီအစဥ်ကို စဥ်းစားလိုက်ပြီး
သက်သက်လွတ်အတန်းဆီသွားလိုက်စဥ် ရှန်ချန်က တခြားဘက်သို့ သွားလိုက်လေသည်။
အသီးအရွက်တစ်ပန်းကန်နှင့် ထမင်းနည်းနည်းတစ်ပန်ကန်
ယူလာပြီးနောက် ရှန်ယွဲ့သည် တခြားလူများ၏ ထူးဆန်းသည့်အကြည့်များကို လျစ်လျူရှုကာ
ငွေချေရန် ကောင်တာသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာလိုက်တော့သည်။
အစားအစာသည် ၄.၆၀ယွမ်သာ ကျသင့်လေသည်။ သို့သော်
မူလပိုင်ရှင်၏အစားအသောက်ကတ်ထဲတွင် ထိုပမာဏကို မတတ်နိုင်ဖြစ်နေ၏။ ရှန်ယွဲ့ အနည်းငယ်
အံ့ဩသွားတော့သည်။
သူမရဲ့မှတ်ဉာဏ်အရဆိုရင် ပိုင်ရှင်ရဲ့အစားအသောက်ကတ်က
လဝက်တိုင်း ယွမ်၅၀ ရှိတာလေ။ ငွေတစ်ချို့တော့ ကျန်ရအုံးမှာမလား။
သူမ ရုတ်တရက် မှတ်မိသွားတော့သည်။ မူလပိုင်ရှင် ရေထဲမကျခင်က သူ့ညီမ ရှန်ရှင်းသည်
သူမ၏ကတ်ကို တစ်ရက်ငှားသွားသေးည်။
ရှန်ရှင်းက မူလပိုင်ရှင်ရဲ့ အစားအသောက်ကတ်ထဲက
ငွေအားလုံးကို သုံးလိုက်တာလား။
ရှန်ယွဲ့သည် အတွေးနစ်နေစဥ် ကန်တင်းက အန်တီသည် သူမ၏ဇွန်းကို
ခေါက်လိုက်ကာ တိုက်တွန်းလိုက်လေသည်။
“မြန်မြန်လုပ်လေ၊ ငွေချေတော့၊ အစားအသောက်ကတ်ထဲမှာ
ပိုက်ဆံမရှိတော့ရင် ပိုက်ဆံထုတ်ချေလိုက်လေ၊ အချိန်ဆွဲမနေနဲ့”
ရှန်ယွဲ့သည် သူမ၏ခန္ဓာကိုယ်ကို အူကြောင်ကြောင်ဖြင့်
ထိလိုက်ပြီးမှ မူလပိုင်ရှင်သည် အလွန်ဆင်းရဲသဖြင့် သူမတွင် ငွေအကြွေပင်မရှိကြောင်း
သိလိုက်ရတော့သည်။ ဒါသည်
အနေရခက်လှပေတော့သည်။
🍀
No comments:
Post a Comment