လောကမှာ အဆိုးရွားဆုံးပြစ်မှုလို့ပြောပါဆိုရင် ချစ်ခြင်း သာဖြစ်လိမ့်မယ်တဲ့။
အလှကုန်ပစ္စည်းကုမ္ပဏီတစ်ခုရဲ့ အမွေဆက်ခံသူအနေနဲ့ ရန်လျန်သိတာပေါ့။ လူတော်တော်များများရဲ့ ရည်မှန်းချက်တွေက အလှအပလောကထဲမှာ သိမ်းဆည်းထားတာကိုလေ။ သူမရဲ့အမွေဆက်ခံသူနေရာက ခြိမ်းခြောက်ခံလာရတဲ့အခါမှာတော့ ကျန်းယွိနန်ဆိုတဲ့ ယောက်ျားတစ်ယောက်က ပေါ်လာပြီး သူမကို ကယ်တင်ပေးခဲ့တယ်လေ။ သူမ သတိလွတ်သွားပြီး ဒီဆက်ဆံရေးထဲမှာ သူမရဲ့အချစ်စစ်တွေ သိမ်းဆည်းလိုက်အပြီးမှာ.... သူမဟာ စနစ်တကျစီစဥ်ထားတဲ့ ထောင်ချောက်ထဲ ရောက်နှင့်နေပြီးသားဖြစ်နေတာကို.... သိလိုက်ရတော့တယ်။
ဒီလူဟာ သူ့ရဲ့လျှို့ဝှက်အကြံအစည်ကို အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ တစ်ဆင့်ပြီးတစ်ဆင့် သေသေချာချာ ဖုံးကွယ်ထားပြီး ရန်လျန်နဲ့ သူမရဲ့မိသားစုကို ပြန်လမ်းမဲ့တဲ့အခြေအနေအထိ ရောက်အောင် တွန်းပို့လိုက်တော့တယ်။ ဒါပေမယ့် နောက်ဆုံး သူ့ရည်ရွယ်ချင်အောင်မြင်သွားပြီး အလှကုန်လောကရဲ့ ထိပ်ဆုံးမှာ ရပ်နိုင်သွားတဲ့အချိန်မှ သူ့ရဲ့ကြောက်စရာကောင်းတဲ့အခြမ်းကို သိလိုက်ရတော့တယ်။ ဒီအချစ်လှည့်စားပွဲမှာ သူ တစ်လောကလုံးကို အနိုင်ရလိုက်ပေမယ့်..... သူမကိုတော့ ဆုံးရှုံးခဲ့ရလေပြီ။
လျှို့ဝှက်အကြံအစည်တစ်ခုရဲ့အစ..... လွန်လေပြီးမှ သိလာရတဲ့အသိ .....
နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့မှုတို့ရဲ့ အဆုံးသတ်ကောင်းလေးတစ်ခု ဖြစ်လာနိုင်အုံးမလားဆိုတာတော့.....
. . .
အပိုင်းစုစုပေါင်း - ၈၄ ပိုင်း (သတိ : Mature content)
Update : Every Sunday
ဇာတ်ဖွင့် 1- 2- 3- 4- 5- 6- 7- 8- 9- 10- 11- 13- 14- 15-
No comments:
Post a Comment