Novel Lists

Novels

   နိမ့်ခြည်မြင့်ချည် အချစ်တို့သည်...   မခစားလိုက...သတ်စေ! အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ်

June 4, 2024

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ်

 


အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်

ဇာတ်လမ်းမိတ်ဆက်

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတော့ အကောင်းဆုံးလုပ်ကြံရေးသမား ဂုဏ်ပုဒ်ကိုရခဲ့ပြီးတော့ လုပ်ကြံရေးသမားတွေကြားမှာ ပြိုင်ဘက်ကင်း legendတစ်ယောက်ဖြစ်လာခဲ့တယ်။ legendတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူမရဲ့ ကံတရားကို မကောင်းတဲ့လူတွေရဲ့ လက်ထဲထည့်ခဲ့မိတာမလို့ သူမကိုယ်ပိုင်အဖွဲ့ရဲ့ သစ္စာဖောက်ကာ အသ-တ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် ရှန်ယွဲ့က သူမဟာ ပြင်းထန်တဲ့ပေါက်ကွဲမှုထဲမှာ သေဆုံးသွားတာလို့ အတတ်တွေးလိုက်ပေမယ့် အံ့ဩစရာကောင်းတာက သူမကိုယ်သူမ အသုံးမကျတဲ့ကျောင်းသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်ဝင်စားနေတာကို သိလိုက်ရတယ်။ ဝဝတုတ်တုတ် ဉာဏ်ထိုင်းတာတော့ပြောမနေနဲ့တော့ပေါ့။ သူမဟာ နေ့တိုင်းလိုလို တိုက်ပွဲဝင်နေရသလိုပါပဲ။

 သူမရဲ့မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ညီမဟာဆိုရင် မဲ့ရွဲ့ပြီးပြောလိုက်သေးတယ်။ “ ဝတုတ်မ နင်လုပ်တတ်တာကလေ အစားပဲ... ပြီးတော့ နင်ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲ ကြည့်ပါအုံး၊ နင်ကလေ ငါ့ကို တကယ်အရှက်ရစေတာပဲ” ။ ဝ,သတဲ့လား။ ရုပ်ဆိုးတယ်တဲ့။ ရှန်ယွဲ့ဟာ နေ့စဥ်ပုံသွင်းတဲ့လေ့ကျင့်ရေးတစ်ခုကို စ,လုပ်ခဲ့ပြီးတော့ ခပ်မြန်မြန်ပဲ ပိန်သွယ်သွားပြီး သည်းခြေခိုက်လောက်အောင်လှတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်လာတော့တယ်။

 သူမရဲ့မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေကတော့ သူမကို ခပ်ဆတ်ဆတ်နဲ့ ပြောတုန်းပေါ့။ “ ငါလေ နင့်လို တုံးအတဲ့ခလေးကို ဘယ်လိုများမွေးခဲ့မိပါလိမ့်နော်၊ ကျောင်းမှာ အမြဲတမ်း ဘိတ်ချေး - နင်လေ ငါ့ကို အရှက်ခွဲတယ်သိလား၊ ငါ နင့်ကို မွေးပြီးပြီးချင်း ညစ်သတ်ပစ်လိုက်သင့်တာ”။ တုံးအ,သတဲ့လား။ ကျောင်းမှာ ဘိတ်ချေးတဲ့လား။ ရှန်ယွဲ့က ကြိုးစားပြလိုက်တာ မြို့တော်က ထိပ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကတောင် ကိုယ်တိုင်အလည်လာပြီး သူ့ကျောင်းကို ပြောင်းလာဖို့ ကမ်းလှမ်းလာခဲ့တာပေါ့။ အထူးဟက်ကာတွေ၊ ဆရာဝန်တွေ၊ ကြေးစားတွေ ၊ သင်္ချာပါရမီရှင်တွေ.... အခုတော့ သူတို့အားလုံးက သူမရဲ့အာရုံစိုက်ခံရဖို့အတွက် ယှဥ်ပြိုင်နေကြလေရဲ့။ အခက်အခဲတွေအများကြီး ကျော်ဖြတ်လာပြီး ပုံမှန်ဖြစ်လာအောင် လုပ်ခဲ့ပေမယ့် မတော်တဆ အရေးပါသူတစ်ယောက် ပြန်ဖြစ်လာပြီး ခင်ပွန်းတစ်ယောက်အတွက် မျက်နှာနှစ်ဖက်နဲ့ အကောင်ကြီးကြီးတစ်ယောက် ဖြစ်နေတာကို သိလိုက်ရတော့တယ်။

န်ယွဲ့: ငါလေးက အေးချမ်းငြိမ်သက်တဲ့ ဘဝတစ်ခုပဲလိုချင်တာလေ ဒါပေမယ့် ငါ့လုပ်နိုင်စွမ်းတွေက ဒါကို တားဆီနေလေရဲ့ဟယ်.....

နောက်သို့

🍀🍀🍀

Update : Every Wednesday and Sunday

1- 2- 3- 4- 5- 6- 7- 8- 9- 10- 11- 12- 13- 14- 15-


No comments:

Post a Comment

Popular Post