ရန်လျန်သည် သူမလက်ကို အကြိမ်ကြိမ် ပြန်ဆွဲရန်ကြိုးစားလိုက်သော်လည်း မတတ်နိုင်ခဲ့ချေ။ ထိုယောက်ျားသည် ငြီးငွေ့ဖွယ်သဘောထား ရှိဟန်ထင်ရသော်လည်း သူ့တွင် ကြီးမားသည့် ခွန်အားရှိသည်က အမှန်။
ရန်လျန်သည် သူ့လက်ကို ဘယ်လိုမှ ခါချလို့မရနိုင်ဖြစ်နေရာ
နောက်ဆုံးတွင် သူ့အား ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး
“ လွှတ်”
သူကပြုံးလိုက်ပြီး “ ဒီကြမ်းကြုတ်တဲ့အပြုအမူက
မလှဘူးနော်”
“ရှင့်အပူမပါပါဘူး”
“ မင်းက မင်းအပေါ်အရင်က အထင်ကြီးခဲ့မိတဲ့ ငါ့စိတ်ကို
ဖျက်ဆီးလိုက်ပဲ၊ ဒါက ငါနဲ့ဘာလို့မဆိုင်ရမှာလဲ”
သည်ယောက်ျား၏အသံသည် အလွန်ရိုးသားသော်လည်း
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သူ့အသံနှင့်ခြားနားသည့် အရောင်အဝါကို ထုတ်လွှတ်နေလေသည်။
ရန်လျန်သည် တဒင်္ဂ ဆွံ့အသွားပြီး ခြေလှမ်းတစ်ချို့
နီးကပ်လာသည်ကို ခပ်ရေးရေးကြားလိုက်ရ၏။ သူမသည် ထိုမျက်နှာကို ကြည့်နေဆဲ။ သူမ၏
ရုန်းကန် အားထုတ်မှုသည် သူတို့နှစ်ယောက်ကို ပို၍သာ နီးကပ်သွားစေတော့သည်။ သူသည်
ထိုအခြေအနေကို သိမြင်သွားသယောင် သူမလက်အား ဆုပ်ထားသည့်သူ့လက်ကို
လွှတ်ပေးလိုက်တော့သည်။
ခြေသံများသည့် ပို၍နီးကပ်လာပြီး ရန်လျန်သည်
သူမတို့ရှိရာဖက်သို့ လာနေသည့်လူကို လှမ်းကြည့်လိုက်သည်။ သူ့ကို
ကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးများသည် ဝိုင်းစက်သွားပြီး
အံ့ကြိတ်မိသွားတော့သည်။
ကျိုးချန်းသည် ဓာတ်လှေကားထဲဝင်လိုက်ရာ မတိုးမသာမဆုတ်သာ
အခြေအနေဖြစ်သွားကာ တွေဝေသွားပြီးနောက် ဆက်တိုးလိုက်တော့သည်။
“ မစ္စတာကျန်း ကျွန်တော် အောက်ကို လိုက်ပို့ပေးပါမယ်”
သူသည် သူစိမ်းတစ်ယောက်လို ဘာမှမထူးခြားဟန်ကြည့်လိုက်ပြီး
သူ၏ဥပေက္ခာတရားက ဂရုမစိုက်သည့်အရိပ်ကို ဆောင်နေသည်။
“မလိုပါဘူး၊ ကျေးဇူးပါ”
ခေါင်းငုံံ့ထားလိုက်ပြီး ဓာတ်လှေကားထဲသို့
လှမ်းဝင်လိုက်သော်လည်း လမ်းတဝက်တွင် သူသည် နောက်ပြန်လှည့်ကြည့်လိုက်၏။
သူသည် ခပ်စိမ်းစိမ်းကြည့်နေသည့် သူမ၏မျက်လုံးကို ကြည့်လိုက်ရာ ရန်လျန်သည် စိတ်ထဲတွင်
ချမ်းစိမ့်စိမ့် ခံစားလိုက်ရတော့သည်။
“ နှုတ်ဆက်ပါတယ်နော် မိန်းမရိုင်းလေး”
ရန်လျန်သည် သူမ၏ဒေါသကို မထိန်းနိုင်တော့ဘဲ
စိုက်ကြည့်လိုက်တော့သည်။
ထိုအခိုက်တွင် ထိုအခြအနေကို မြင်သွားသည့် ရွှီဇီချင်းက
ရယ်မောလိုက်၏။ အရေးပေးဟန်ဆောင်လိုက်ကာ
“ ရန်လျန် နင် ငါနဲ့အတူ အဖေ့ကို လိုက်မတွေ့လည်းရပါတယ်”
ရန်လျန်သည် သူမကို အေးတိအေးစက်ကြည့်လိုက်ပြီး
ကုသရေးဆောင်ဘက်သို့ လှည့်ထွက်သွားတော့သည်။
ရွှီဇီချင်းသည် နေရာတွင်ရပ်ကျန်ခဲ့ပြီး
ပခုံးတွန့်လိုက်ကာ ဦးတည်ရာတစ်ဖက်တည်းသို့ လျှောက်သွားလိုက်လေသည်။
ကျိုးချန်းသည် သည်ထူးဆန်းသည့်အခြေအနေကို
ဖြေရှင်းရန်မတတ်နိုင်တော့သည်ကို သိလိုက်ပြီး ရွှီဇီချင်း၏ပခုံးကိုပုတ်ကာ
နှစ်သိမ့်ပေးလိုက်လေသည်။
သို့သော် ရွှီဇီချင်းသည် ဓာတ်လှေကားပိတ်သွားသည်အထိ
ဓာတ်လှေကားကို ကြည့်နေလိုက်၏။ ထိုအချိန်မှ ထူးဆန်းသည့်အကြည့်တစ်ခုဖြင့်
ကျိုးချန်းကို မေးလိုက်လေသည်။
“ သူဘယ်သူလဲ”
“...”
“....”
“ကျန်းယွိနန်”
ရွှီဇီချင်းသည် ချက်ချင်းလိုပင် မှင်သက်သွားတော့သည်။
ရန်လျန်သည် ထိုစကားကိုကြားလိုက်ချိန်၌ ဓာတ်လှေကားဘက်သို့
လှည့်ကြည့်မလိုဖြစ်သွားပြီး သူမ၏မြန်ဆန်သည့်ခြေလှမ်းများသည်လည်း ရုတ်တရက်
ရပ်တန့်သွားတော့သည်။
ကျန်းယွိနန်....
သူက တကယ် ကျန်းယွိနန် ပေါ့။
ရန်လျန်သည် ထိုနာမည်နှင့် မစိမ်းပါချေ။
…..
ကျန်းယွိနန်သည် အရင်က နိုင်ငံခြားတံဆိပ်တစ်ခု၏ အာရှပစိဖိတ် regionalမန်နေဂျာတစ်ယောက် အဖြစ်လုပ်ခဲ့သည်။ နှစ်နှစ် သုံးနှစ်အတွင်း သူသည် ထိုဒေသ၏လုပ်ငန်းများကို အဆင့်မြင့်ပေးနိုင်ခဲ့ပြီး ရောင်အား နှစ်ဆတက်သွားကာ အာရှအသားအရေအတွက် သီးသန့်ကုန်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့သည်။ တံဆိပ်သည် အလွန်နာမည်ကြီးသွားပြီး ကော်ပိုရေးရှင်းအတွက် နောက်ဝင်ငွေရလမ်းတစ်ခု ဖြစ်လာခဲ့သည်။
အဖေက သူ့ကို စီအီးအိုအနေနဲ့ ခေါ်ဖို့စိတ်ဝင်စားနေတာများလား။
ရန်မုသည် မကြာခင်ပင် ထိုသတင်းကို ကြားလိုက်ရ၏။ အိမ်တွင် ညနေစာစားချိန်၌ပင် သူမသည် ရန်လျန်ကို စိုးရိမ်တကြီး အသေးစိတ်မေးနေတော့သည်။
ရန်လျန်သည် ခေါင်းငုံကာ စားသောက်နေပြီး ခေါင်းမော့ချင်စိတ်မရှိပေ။ သူမသည် မရေမရာသာ ပြောလိုက်လေသည်။
“ သူက ဒီနေ့ ဆေးရုံမှာ အဖေ့ဆီ တမင်အလည်လာတယ်ဆိုတာပဲ သိတာ၊ တခြားဘာမှ မသိဘူး”
ရန်မုသည် စားနေရာမှ ရပ်လိုက်ပြီး
“ ဟုတ်လား ၊ဒါကဆို နင်က သူနဲ့ ဘယ်လို ယှဥ်ပြိုင်မှာလဲ”
“ ဒါက ကုမ္ပဏီအနာဂါတ်အတွက် အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပဲလေ ၊ သမီးကတော့ အဆင်ပြေပါတယ်”
ရန်မုသည် သူမ၏တူကို စားပွဲပေါ်သို့ ချက်ချင်းဆောင့်ချလိုက်ရာ ကျယ်လောင်သည့်အသံတစ်ခု ထွက်လာတော့သည်။
“ နင့်သဘောကဘာလဲ၊ နင့်အဖေက သူ့ကိုယ်ကျို့းအတွက် တစ်ယောက်ယောက်ကို နင့်ခေါင်းပေါ်တင်ထားဖို့ လုပ်နေတာလေ၊ ဘာလို့များ စိတ်မပူတတ်ရတာလဲ”
ရန်လျန်သည် ခေါင်းကိုဆက်ငုံ့ထားပြီး သူမအမေ၏စကားကို မငြင်းဆန်ရဲချေ။
ရန်မုသည် သူတို့၏ကိုယ်ပိုင်အကျိုးကျေးရလာဒ်ကို များစွာမြင်တတ်သော်လည်း သူမ၏သမီးဖြစ်သူက ထိုသို့အတွေးရှိဟန်မတူချေ။ သူမသည် ဒဲ့တိုးသာ ပြောလိုက်တော့သည်။
“ လိုရင်းကိုပြောမယ် လာမယ့်တနင်္လာနေ့ ယာယီရှယ်ယာရှင်အစည်းအဝေးမှာ ငါ နင့်ကို ချန်ရှူး ဆီခေါ်သွားပေးမယ်၊ နင် ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်ရမယ်”
“...”
“ ငါပြောတာ ကြားလား”
ရန်လျန်သည် ထိုစူးရှသည့် လင်းယုန်မျက်လုံးအစုံကို ရုတ်တရက် အကြောင်းမဲ့ သတိရမိသွားလေသည်။ သူမသည် ထိုပုံရပ်ကို ခေါင်းထဲက ဖယ်ထုတ်ရန်ကြိုးစားလိုက်၏။ တူကိုချလိုက်ပြီး ထရပ်ကာ
“ သမီး ဝသွားပြီ”
ရက်အနည်းငယ်ကြာပြီးနောက် ရန်လျန်သည် စိတ်ရှုပ်ထွေးစွာဖြင့် ရှယ်ယာရှင်အစည်းအဝေးကို တက်ရောက်လိုက်တော့သည်။
အဖေ့အတွက် သည်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ရှယ်ယာရှင်းများသည် အငြင်းပွားခဲ့ကြပြီး အများစုမှာ ဆုံးဖြတ်ချက်ကို ဆန့်ကျင့်နေကြလေသည်။ ကုမ္ပဏီကို နှစ်ရှည်လများ အုပ်ချုပ်လာသည့် မိသားစုစီမံခန့်ခွဲသည့်စနစ်ကို ဖယ်ရှားလိုက်လျှင် သူတို့၏အကျိုးရလာဒ်များ ထိခိုက်မည်ကို စိုးရိမ်နေကြလေသည်။
တစ်ချို့လူများသည် တွေဝေနေဆဲ။
“ ကျန်းယွိနန်က ဖိတ်ထားတာကို လက်မခံသေးပါဘူး၊ ဒီဆွေးနွေးချက်အားလုံးကလည်း စောလုပ်သလိုပါပဲ”
ချန်ရှူးသည် ထိုဆုံးဖြတ်ချက်ကို အခိုင်အမာဆန့်ကျင်လာ၏။ သည်ရှယ်ယာရှင်အစည်းအဝေးကလည်း အမှန်တွင်တော့ သူသည် သီးသန့်ရှယ်ယာရှင်များ၏သဘောထားကို ဆန့်ကျင်ပြီး သည်ကိစ္စအမှန်တကယ် ဖြစ်လာမှာကို တားဆီးရန်နည်းလမ်းအတွကါ ဆွေးနွေးဖို့သာဖြစ်သည်။ ချန်ရှူးသည် သဘောထားများကို ချပြလိုက်ကာ မေးလိုက်၏။
“ ယန်လျန် သမီးကော ဘယ်လိုထင်လဲ”
ကုမ္ပဏီ၏ရှယ်ယာရှင်ဟောင်းများသည် ရန်လျန် ကြီးပြင်းလာသည်ကို မြင်ခဲ့ပြီး သူမသည် ကုမ္ပဏီ၏ အလားအလာအရှိဆုံး ဆက်ခံသူဟု မြင်ကြလေသည်။ သူတို့သည် သူမကို၏မျက်လုံးများကို ကြည့်လိုက်သည့်ခဏတွင် တည်ငြိမ်သွားတော့သည်။
ရန်လျန်သည် သူမ၏ဝါသနာနဲ့ သူမ၏အမေ၏အလိုဆန္ဒကြားတွင် ဗျာများနေတော့သည်။
“ ကျွန်မ.... ....”
သူမသည် စကားမစရသေးခင်မှာပဲ အစည်းအဝေးခန်းမတံခါးမှာ ရုတ်တရက်ပွင့်သွားတော့သည်။
လူများသည် မသင်္ကာသလို လှည့်ကြည့်လိုက်ကြ၏။
သူတို့သည် ရွှီဇီချင်းက ဝီးချဲလ်ကို တွန်းဝင်လာသည်ကို မြင်လိုက်ရလေသည်။ ဝီးချဲပေါ်တွင်ထိုင်နေသူမှာ ရွှီကျင်းဖူ။ သူသည် တော်တော်ကျန်းမာလာသည့်ပုံပင်။
ရန်လျန်လည်း အလွန်အံ့ဩသွားပြီး မတ်တပ်ရပ်လိုက်ကာ
“ အဖေ”
ရွှီဇီချင်းသည် ဝီးချဲလ်ကို ဥက္ကဋ္ဌထိုင်နားအထိ တွန်းသွားလိုက်ပြီး ရွှီကျင်းဖူးသည် ဘေးဘီကို ဝေ့ကြည့်လိုက်ကာ ဖြေးညင်းစွာ ပြောလိုက်တော့သည်။
“ ခင်များတို့တွေ ကျုပ်ကို ဒီနေရာမှာတွေ့လိုက်ရတော့ အံ့ဩမသွားဘူးလား”
ရွှီကျင်းဖူးသည် အနည်းငယ် မပီမသပြောလိုက်သော် သူ့စကားများသည် အတန်ရှင်းလင်းနေ၏။
တက်ရောက်လာသည့် ရှယ်ယာရှင်များသည် သူတို့သည် သရဲတစ်ကောင်ကို တွေ့လိုက်ရသည့်နှယ် အမူအရာအမျိုးမျိုးဖြစ်သွားသော်လည်း မည်သူမှ အသံမထွက်ရဲကြချေ။
ရွှီကျင်းဖူ၏မျက်လုံးသည် အစည်းအဝေးစားပွဲကို ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရန်လျန်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကာ
“ ငါ မသေသေးဘူး၊ နင်က အခုကတည်း ငါ့ကို ဘေးချိတ်ထာပြီး အထွေထွေ ရှယ်ယာရှင်အစည်းဝေးတောင် ခေါ်လိုက်သေးတယ်၊ နောက်ဆုံး ငါသေသွားရင် ငါ့ကုမ္ပဏီက နင့်ကြောင့် ပျက်စီးတော့မှာမလား”
ရွှီကျင်းဖူသည် အပြင်းအထန်နာမကျန်းဖြစ်ခဲ့သော်လည်း အားလုံးသည် သူ့စကားကြောင့် လန့်ဖျတ်သွားပြီး သူတို့၏မျက်နှာများသည် ဖြူဖျော့သွားတော့သည်။ ရွှီကျင်းဖူက ပြောလိုက်၏။
“ အစည်းအဝေးပြီးပြီ ၊ ခင်များတို့ ပြန်လို့ရပြီ”
ရှယ်ယာရှင်များသည် အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် ထထွက်သွားကြတော့သည်။ ရန်လျန်သည် ထထွက်သွားစဥ် သူမ၏အမေက ထပ်ပြောလိုက်လေသည်။
“ ရန်လျန် နေခဲ့”
ရန်လျန်သည် သူမအဖေနှင့် သူအဖေနောက်က ရွှီဇီချင်းတို့ကို ကြည့်လိုက်လေသည်။ သူမသည် သူမအဖေအရင်း၏ အထင်မြင်သေးသည့်အကြည့်ကို မြင်လိုက်ရပြီး အားကိုးရာမဲ့သလို ဒေါသထွက်သွားရာ
“ သမီး အစည်းအဝေးတက်ဖို့ စိတ်ကူးမရှိခဲ့....”
ရွှီဇီချင်းသည် ရန်လျန်စကားကို ဖြတ်ပြောလိုက်လေသည်။
“ နင် ဘာမှမပြောနဲ့၊ အဖေ့ကို ဒေါသထွက်အောင်မလုပ်နဲ့”
ရန်လျန်အား ပြန်ချေပဖွင့်မပေးဘဲ ရွှီဇီချင်းသည် သူ့အဖေအတွက် စားပွဲပေါ် ဖန်ခွက်ထဲရေထည့်ပေးလိုက်ပြီး သူမအဖေ၏ ညှိုမှိုင်းနေသည့်စိတ်ကို တည်ငြိမ်အောင် ကြိုးပေးနေသယောင်
“ အဖေ စိတ်မဆိုးပါနဲ့ ရန်လျန်က ငယ်သေးလို့ပါ နားလည်ပေးလို့ရပါတယ်၊ အန်ကယ်တွေက စကားနည်းနည်းပါးပါးပြောတယ်ဆိုတာကလည်း သူတို့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် စိုးရိမ်ပြီး မပျက်စီးခင်....”
ရွှီဇီချင်း၏စကားလုံးများသည် အလုပ်မဖြစ်သည်မှာ သိသာလေသည်။ ရွှီကျင်းဖူသည် သူ့လက်ကို ယမ်းလိုက်ကာ ရေခွက်ကို တိုက်ချလိုက်ပြီး ရန်လျန်အား ရေးပူများဖြင့် ပက်လိုက်တော့သည်။ ရန်လျန်သည် ပထမဆုံးအကြိမ် မဟုတ်တော့သော်လည်း သူမ၏သွေးတစ်ဝက်နှော အမကို လေးစားသွားတော့သည်။ ရွှီဇီချင်းသည် သူမအတွက် ရေပူတစ်ခွက်ကို ကြိုတင်ပြင်ထားခဲ့သည်ပင်....
“ အသက်ငယ်တာက ဆင်ခြေတစ်ခုမဟုတ်ဘူး၊ နင့်အမဆီက ဘာလို့ မသင်ယူနိုင်ရတာလဲ....”
ရန်လျန်သည် ရေများစိုရွှဲကာ တစ်ဝက်လောက်ဖောက်မြင်နေရသည့် သူမ၏အဖြူရောင်အဝတ်အစားများကို ငုံံကြည့်လိုက်၏။ သူမကိုယ်သူမ အံ့သွားရပြီး အသံထွက် အော်ရယ်လိုက်ကာ
“ အဖေက သမီးရဲ့စကားကို ဘယ်တော့မှနားထောင်ပေးခဲ့တာလဲမဟုတ်ဘူး ဒါပေမယ့် ဒါကို နေသားကျနေပါပြီ”
ထိုသို့ပြောပြီးနောက် ရန်လျန် လှည့်ထွက်သွားတော့သည်။
ရန်လျန်သည် အစည်းအဝေးခန်းမထဲက ထွက်လာသည်နှင့်တပြိုင်နက် ဘေးကလူများက သူမနှင့် သူမ၏ကို့ယို့ကားယားနိုင်လှသည့် အခြေအနေအား ငေးကြည့်နေကြသည်ကို ခံစားမိလေသည်။
ရန်လျန်သည် ဓာတ်လှေကားဆီသို့ မြန်မြန်လျှောက်သွားလိုက်တော့သည်။ ရေပူများသည် သူမ၏အဝတ်အစားပေါ်တွင် အေးနေပြီဖြစ်၏။ သူမ၏နှလုံးသားသည်လည်း အေးသထက် အေးလာတော့သည်။ အေးနေပါသော်လည်း သူမ ဖြတ်ကျော်ခဲ့ပြီးဖြစ်၏။
နင် ငါ့ကို လုံးဝစိတ်ပျက်သွားအောင်လုပ်ခဲ့တာပဲတဲ့.....
ရွှီကျင်းဖူ၏စကားများသည် သူမနားထဲတွင် ပဲ့တင်ထပ်နေတော့သည်။
ရန်လျန်သည် ခေါင်းမော့ကာ အကြည့်လွဲသွားကြသည့် သူမ၏ပတ်ဝန်းကျင်ကလူများကို ရပ်ကြည့်လိုက်လေသည်။
သည်အချိန်မှ သူမ၏လက်မောင်းတွင် ရေပူများကြောင့်ဖြစ်လာသည့် ရေကြည်ဖုတစ်ခုကို သိထားမိလိုက်ပြီး သူမ၏အဝတ်အစားများသည် စိုရွှဲကာ အတွင်းခံကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။ ရုတ်တရက်ဆိုသလို ကူကယ်ရာမဲ့သည့်ပြင်းထန်သည့်ခံစားချက်တစ်ခုသည် သူမကို လွှမ်းမိုးသွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတော့သည်။ ရန်လျန်သည် နေရာတွင်ပင် မလှုပ်မယှက် ဖြစ်နေတော့သည်။
ပတ်ဝန်းကျင်၏ဆူညံသံသည် ပို၍ အသက်ဝင်လာသည်နှင့်အမျှ သူမသည် ပို၍သေးငယ်သွားသလို ခံစားနေရတော့သည်။ သူမ ထွက်သွားသင့်လေပြီ။
ရုတ်တရက်ဆိုသလို သူမ၏ပခုံးပေါ်တွင် လေးလံသည့်တစ်စုံတစ်ခုကို ခံစားလိုက်လေတော့သည်။
.....
No comments:
Post a Comment