အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
“ ဒီဝက်မက တကယ်ပဲ နောက်ဆုံးအားထုတ်တာ
လုပ်ချင်နေတာပဲ၊ အသေရယ်ရတယ်ဟ”
“ ဒီလောက်ခက်တဲ့ သင်္ချာမေးခွန်းကို
ဖြေနိုင်မှာလဲမဟုတ်ဘဲနဲ့”
“ အဲငတုံးမ ရှန်ယွဲ့သာ ဒီမေးခွန်းကို
ဖြေနိုင်ရင် ဝက်မတွေကတောင် သစ်ပင်တက်တတ်သွားလိမ့်မယ်၊ လောင်းမလား၊ ရှန်ယွဲ့
ဖြေနိုင်သွားရင် အပေါ်ထပ် အောက်ထပ် -ျီးတွေ အကုန်စားပြမယ်”
ရှိုးကိုကြည့်နေကြသည့်
ကျောင်းသားများသည် အပြန်အလှန် ပြောဆိုနေကြလေသည်။
ရှန်ယွဲ့သည် ကျောက်သင်ပုန်းပေါ်က
မေးခွန်းများကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် နောက်ဆုံးအဖြေကို
ချက်ချင်း တွက်ချက်လိုက်လေသည်။
လီရှောက်သည် သင်ခန်းစာကို တစ်ဝက်ပင်
သင်လို့မပြီးသေးချေ။ ခက်ခဲမှုအဆင့်သည် သူမက ရှန်ချန်ကို သင်ပေးခဲ့သည့်
ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းများလောက်ပင် မခက်ချေ။
ဆဲရေး လှောင်ပြောင်နေသည့် အခြေအနေကြားတွင်
ရှန်ယွဲ့သည် ခဏရပ်လိုက်ပြီးနောက် လက်ကိုမြောက်ကာ အဖြေကို ချရေးလိုက်လေသည်။
အားပါးတရ ရယ်မောနေသည့်ကျောင်းသားမှာ
အေးခဲသွားတော့သည်။
“ သူ ပေါက်ကရတွေ ရေးနေတာမလား၊
ဒီအဆင့်တွေက...”
ရှန်ယွဲ့သည် တွေ့ကရာချရေးနေသည်ဟု
ထင်ထားသည့် ကျောင်းသားတစ်ယောက်က အဖြေစာအုပ်ကို လှန်ကြည့်လိုက်ပြီး အဆင့်များ၏ ပထမတစ်ဝက်ကို
ယှဥ်ကြည့်လိုက်ပြီးနောက် အံ့ဩသွားတော့သည်။
ရှန်ယွဲ့သည် အလွန်မြန်ဆန်လေသည်။
မြန်လွန်းသဖြင့် လီရှောက်နှင့် တခန်းလုံးသည် တုန့်ပြန်ဖို့ အချိန်ပင် မရလိုက်ချေ။
မြေဖြူချောင်းကို ပြန်ချလိုက်ပြီး
ရှန်ယွဲ့သည် လက်ခုပ်တီးကာ စင်ဘေးတွင်ရပ်နေသည့် လီရှောက်ဘက်လှည့် ကြည့်လိုက်လေသည်။
သူမက မေးလိုက်၏။
“ မစ္စလီ သမီးဖြေတာမှန်ရဲ့လား”
ထိုအချိန်မှ လီရှောက်သည်
သတိပြန်ဝင်လာပြီး ကျောက်သင်ပုန်းပေါ်တွင် ချရေးထားသည့် ရှန်ယွဲ့၏အဖြေကို
အမှတ်တမဲ့ကြည့်လိုက်တော့သည်။
လက်ရေးသည် သေသပ်ကာ အားပြည့်လေသည်။
ဖွဲ့စည်းပုံမှာ သန့်ရှင်းပြီး အဖြေသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ရှင်းလင်းနေသည်။
အဆင့်များသည် ရှင်းလင်းကာ အစီအစဥ်ကျပြီး အဖြေစာအုပ်ထဲကထကက်ပင် ပိုအသေးစိတ် ကျလေသည်။
လီရှောက်၏အဖြေများထက်ပင် ပိုရှင်းလင်းသေးသည်။ နောက်ဆုံးအဖြေသည် အလွန်အဆင့်မီနေ၏။
ပြီးပြည့်စုံသည့် အဖြေတစ်ခုဟုပင် ပြောနိုင်လေသည်။
လီရှောက်က ကျောက်သင်ပုန်းကို
မယုံကြည်နိုင်သလို ငေးကြည့်ကာ ဘာတစ်ခွန်းမှ မပြောသည်ကို မြင်လိုက်ရပြီးနောက်
ရှန်ယွဲ့သည် အတန်းသားများဘက်သို့ လှည့်ကြည့်ကာ သူတို့၏မျက်နှာများကို
ဝေ့ကြည့်လိုက်လေသည်။
ငါလေးကို ဂဏန်းတောင် မရေတတ်ဘူးလို့
လှောင်ပြောင်နေတဲ့ သူတွေက ဘာလို့ ဆက်မပြောကြတော့တာလဲ။
အကျယ်ဆုံးဖြစ်အောင် အော်ရယ်ခဲ့သည့်
ကောင်လေးအချိုု့သည် အလွန်ရှက်သွားရာ ခေါင်းပင် မဖော်ရဲတော့ချေ။ ရှန်ယွဲ့က
မေးခွန်းကို ဖြေနိုင်လျှင် -ျီးများကို ကုန်စင်အောင် စားပြမည်ဟု ကြေညာခဲ့သည့်
အတန်းဖော်သည်လည်း စားပွဲအောက်တွင် ဆင်းပုန်းချင်စိတ် ဖြစ်သွားတော့သည်။
မိန်းခလေးနှစ်ယောက်ကသာ ရှန်ယွဲ့ကို
ကြည့်လိုက်ပြီးနောက် တစ်ခုခုကို ရုတ်တရက် ရှာတွေ့သွားသလို ဖြစ်သွားတော့သည်။
သူတို့သည် အံ့ဩတကြီး ပြောလိုက်ကြလေသည်။
“ ရှန်ယွဲ့ သူ့ဆံပင်ပုံစံကို
ဘာလို့ပြောင်းလိုက်တာလဲ၊ သူ့ဆံပင်တွေကိုလည်း ကလစ်နဲ့ညှပ်ထားသေးတယ်”
ထိုအချိန်တွင်မှ ရှေ့ဆံပင်ထူထူနှင့်
ဆံပင်အောက်တွင် အမြဲဖုံးကွယ်ထားသည့် မျက်လုံးများနှင့် မည်သူနှင့်မျှ
မျက်လုံးချင်းမဆုံရဲခဲ့သည့် ရှန်ယွဲ့သည် သူမ၏ရှေ့ဆံပင်များကို ကလစ်သေးသေးလေးဖြင့်
ခွဲညှပ်ထားပြီး သူမ၏မျက်လုံးဝိုင်းလေးများအား ထုတ်ဖော်ထားသည်ကို အားလုံးက
သတိထားမိလိုက်ကြလေသည်။
လူများ၏ စူးစမ်းသည့်အကြည့်ဖြင့်
အကဲခတ်ခံနေရသည့်တိုင် ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။ သူမသည် လုံးဝ လန့်ဖြတ်မသွားချေ။
ဒါသည် ကျောင်းသားများအတွက် အရင်က တစ်ခုမှမမြင်ခဲ့ဖူးသည့် ကိစ္စပင်။
“ သူ့မျက်လုံးတွေကို ကြည့်လိုက်တာနဲ့
တော်တော် ချောတယ်လို့ ထင်ရတယ်နော်....”
မိန်းခလေးအတန်းဖော်တစ်ယောက်
အသံကိုနိမ့်ကာ တစ်ခုံတည်းထိုင်သည့် သူငယ်ချင်းကို ပြောလိုက်လေသည်။
“ ဟုတ်တယ်နော်၊ သူ့မျက်နှာပေါ်မှာ
အဆီတွေ အရမ်းများနေလို့ မျက်နှာပုံစံကို ဖုံးသွားတာ ထင်တယ်၊ မဟုတ်ရင်
သူ့မျက်နှာကျပုံက တကယ် အရမ်းလှမှာ”
နောက်တစ်ယောက် ထပ်ပြောလိုက်၏။
မကြာလိုက်ပေ။
လမ်းဘေးကြွက်တစ်ကောင်နှင့် တူသည် ဝတုတ်မလေးသည် တိတ်တဆိတ်လုံးဝ
ပြောင်းလဲသွားတော့သည်။ သေချာမကြည့်လျှင် ပြောင်းလဲမှုများကို မြင်ရဖို့
မသေချာသော်လည်း သည်ဝတုတ်မလေးသည် အမှန်ပင် ပြောင်းလဲသွားသည်ကိုတော့ အားလုံးက သေချာသိသွားကြလေသည်။
အဖြေကို ၇ကြိမ် ၈ကြိမ်လောက်
တိုက်ပြီးနောက်တွင်တော့ လီရှောက်၏မျက်လုံးများ ဝေဝါးသွားတော့မတတ်ပင်။ သူမသည်
အမှားတစ်ချက်လေးကိုမှ ရှာမတွေ့ချေ။ သူမ၏မျက်နှာထားမှာ ရှုံ့မဲ့သွားတော့သည်။
နောက်ဆုံးတွင် သူမသည် မတတ်သာတော့ဘဲ ဝန်ခံလိုက်ရတော့သည်။
“ နင်ဖြေထားတာ..... အကုန်မှန်တယ်”
ဆင်းရဲသား ကျောင်းသူတစ်ယောက်က
ဒီလိုမေးခွန်းကို ဖြေနိုင်ဖို့ဆိုတာ အဖြေကို ကြိုဖတ်ထားမှရမှာလေ ဟုတ်တယ်မလား။
လီရှောက်သည် ဒေါသထွက်သွားတော့သည်။ သူမ
နမော်နမဲ့နိုင်ခဲ့မိခြင်းပင်။
“မစ္စလီ ဒါဆို ဆင်းတော့မယ်”
ရှန်ယွဲ့သည် မဖြုံသည့်မျက်နှာထားဖြင့်
လီရှောက် ကို တမင်ပြုံးပြလိုက်ရာ သူမကို သေမတတ် ဒေါသထွက်သွားစေတော့သည်။
ရှန်ယွဲ့သည် လီရှောက်ဘေးက
ဖြတ်သွားလိုက်ချိန်၌ လီရှောက်၏ သူမအပေါ် မုန်းတီးသည့်အကြည့်ကို
ခံစားမိလိုက်သေးသည်။ ထို့ကြောင့် ရှန်ယွဲ့သည် ခဏရပ်လိုက်ကာ လီရှောက်ရှိရာဘက်သို့
တမင်နောက်ပြန် လှည့်လိုက်ပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည်။
“ ဆရာတစ်ယောက်ဆိုတော့ ဆရာ့ကျင့်ဝတ် စည်းကမ်းတွေကို
လိုက်နာသင့်တယ်နော် မဟုတ်ရင်....”
ဖယ်ဒရေးရှင်းတွင် ဆရာတစ်ယောက်သည်
စာသင်နေစဥ်ကာလအတွင်း ကျောင်းသားများ၏ ကိုယ်နှင့်စိတ်ကို ထိပါးစေမည့် စာသင်ခန်းနှင့်
မသက်ဆိုင်သည့် အရာများလုပ်ခဲ့ပါက ကျောင်းသားသည် တိုင်ကြားနိုင်သည် ဟူသည့်
စည်းကမ်းတစ်ခု ပါလေသည်။ ဖယ်ဒရယ်ပညာရေးဌာနသည် ထိုဆရာကို ပြင်းပြင်းထန်ထန်
အပြစ်ပေးပေလိမ့်မည်။
အခုလေးတွင် လီရှောက်က ရှန်ယွဲ့ကို
စာသင်းခန်းထဲ၌ စော်ကားသည့်စကားကပင် လီရှောက်အတွက် အနည်းငယ် ထိခိုက်ဖို့
လုံလောက်လေသည်။
လီရှောက်သည် သည်အချက်ကို ကောင်းကောင်း
သတိရသွားတော့သည်။ အစောပိုင်းက သူမသည် ရှန်ယွဲ့ကို သည်အတိုင်းသာမန်ကာလျှံကာ
အနိုင်ကျင့်ခဲ့ရာမ သူမကို အလွန်အကျွံဖြစ်သွားစေလေသည်။ သူမသည် အရေးအကြီးဆုံး
သင်ကြားရေး စည်ကမ်းကို အမှန်ပင် မေ့လျော့ခဲ့မိလေသည်။
...
🍀
No comments:
Post a Comment