အပိုင်း (၈)
ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
“အင်း နားလည်ပြီ”
ရှန်ချန်သည်
နောက်ဆုံးတွင် နားလည်သွားတော့သည်။ သူသည် မေးခွန်းကို ကြည့်ရင်း
ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရလေသည်။
ယခုလေးတင်
ရှန်ယွဲ့၏ရှင်းလင်းချက်မှာ အလွန်ရှင်းလင်းလေသည်။ သူမ၏မျက်နှာအမူအရာသည်လည်း
တိကျပြတ်သားကာ ချောမွတ်နေသည်။ သူမသည် ရှုပ်ထွေးနေသည့်အကြောင်းအရာကို ရှင်းလင်းကာ
လိုတိုရှင်း အချက်များအဖြစ် ပြောင်းလဲလိုက်သည်။ သူမသည် သူတို့ကို သင်ပေးသည့်
အတော်ဆုံးဆရာများထပ် သိသိသာသာ
ပိုတော်လေသည်။ ရှန်ချန်သည် ဒါကို နားလည်သွားသည့်အပြင် ဤသို့သော မေးခွန်းမျိုးကို
ဖြေပုံဖြေနည်းပါ သိသွားလေသည်။
ရှန်ယွဲ့၏တည်ငြိမ်နေသည့်အမူအရာကို
မြင်လိုက်ရာ ရှန်ချန်သည် သူ့ဘဝကို သံယဖြစ်သွားတော့သည်။ သူသည် တံတွေးကို
မျိုချလိုက်ပြီးနောက် မေးလိုးလိုက်လေသည်။
“ နင် မတော်တဆ
မှန်သွားတာမလား၊ ငါ နင့်အတွက် နောက်ထပ်မေးခွန်းတွေ ရှာလိုက်အုံးမယ်”
“ရတယ်လေ အေးဆေး”
ရှန်ယွဲ့သည်
သူမ၏ဉာဏ်ရည်အပေါ် အလွန်ယုံကြည်မှုရှိလေသည်။ သူမသည် ခွေးခြေခုံတစ်ခုကို
ရှာလိုက်ပြီး ချန်ရှန်ဘေးတွင် ထိုင်ကာ ထုတ်လာမည့်မေးခွန်းများကို
စောင့်နေလိုက်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက်
ရှန်ချန်သည် ချွေးများ ရွှဲနစ်သွားတော့သည်။ သူသည် မေးခွန်းများကို ရှာတွေ့ရန်
စိုးရိမ်နေသည်လား ကြောက်နေသည်လားပင် မသိတော့ချေ။ တိုတိုပြောရလျှင် သူသည်
မေးခွန်းငါးခုကို ကူးလိုက်ပြီး စားမေးပွဲအဖြေလွှာတစ်ခု လုပ်ကာ ရှန်ယွဲ့ရှေ့တွင်
ချပေးလိုက်လေသည်။
သည်မေးခွန်းငါးခု၏
တစ်ပုဒ်ချင်းသည် ပြီးခဲ့သည့်တစ်ပုဒ်ထဲ ပို၍ ခက်လေသည်။ ပထမမေးခွန်းမှာ
အထက်တန်းကျောင်းအဆင့် မေးခွန်းဖြစ်သည်။ ထို့နောက် သူသည် တက္ကသိုလ်အဆင့် ကို
တိုးလိုက်လေသည်။ နောက်ဆုံးမေးခွန်းမှာ မကြာသေးမီနှစ်များက သင်္ချာပညာရှင်များသာ
ဖြေရှင်းနိုင်သည် သင်္ချာပုစ္ဆာတစ်ခု ဖြစ်သည်။
သည်ကမ္ဘာအဆင့်မေးခွန်းကို
ဖြေရှင်းခဲ့သည့် သင်္ချာပညာရှင်အသင်းသည် ဖယ်ဒရယ်ပညာရေးအဖွဲ့က ချီးမြှင့်သည့်
သင်္ချာဘာသာဂုဏ်ပြု အကြီးမြတ်ဆုံးဆုတံဆိပ်ကို ချီးမြှင့်ခံခဲ့ရသည်။
ရှန်ချန်
ကြိုးစားသင်ယူနေသည့် အကြောင်းအရင်းမှာ သည်လူများကို သူ့အနာဂတ်ပန်းတိုင်အဖြစ်
သတ်မှတ်ထားသောကြောင့်ပင်။ သူသည် ဘဝတွင် တကြိမ်လောက်တော့ စင်မြင့်ပေါ်တွင်
ရပ်နိုင်ပြီး အမြင့်ဆုံးဆုကို လက်ခံရယူရလျှင်ဖြင့် သေသွားလျှင်တောင်
နောင်တရလိမ့်မည်မဟုတ်ချေ။
ရှန်ယွဲ့သည် ရှန်ချန်က
သည်အစမ်းမေးခွန်းစာရွက်ကို ထုတ်လိုက်စဥ် သူ့စိတ်ထဲက အလှည့်အပြောင်းများကို မျှော်လင့်မထားခဲ့ချေ။ သူမသည် မေးခွန်းကို
ယူလိုက်ပြီးသည်နှင့်တပြိုင်နက် လုံးဝ နစ်မျောသွားပြီး မေးခွန်းပေါ်တွင်သာ
အာရုံစိုက်ထားလေသည်။
ရှန်ချန်သည်
အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် နာရီကို မကြာခဏဆိုသလိုကြည့်လိုက်ပြီး လက်ထဲက အဖြေကို
တင်းကြပ်စွာ ကိုင်ထားကာ စိတ်ထဲတွင် တိတ်တဆိတ် ရေတွက်နေတော့သည်။
စက္ကန့် ၃၀တွင်
ရှန်ယွဲ့သည် ပထမခွန်း ပြီးသွားလေသည်။ အားလုံးမှန်သည်။
၁မိနစ်နှင့်
၃စက္ကန့်တွင် ရှန်ယွဲ့သည် ဒုတိယမေးခွန်းကို ပြီးသွားသည်။ အားလုံးမှန်နေဆဲ။
၂မိနစ် ၅စက္ကန့်တွင်
ရှန်ယွဲ့သည် တတိယမေးခွန်းကို ဖြေပြီးသွားပြီး အကုန်မှန်နေဆဲပင်။
သည်အခိုက်အတန့်တွင်
ရှန်ချန်၏လက်ဖဝါးများသည် ချွေးများ ရွှဲနေတော့သည်။ သူသည် ငြိမ်ငြိမ်
မထိုင်နိုင်တော့သလို ခံစားရသဖြင့် မတ်တပ်ရပ်လိုက်ပြီး ရှန်ယွဲ့ မေးခွန်းများကို
ဖြေနေသည်ကို သွားကြည့်လိုက်လေသည်။
၃မိနစ် ၃၄စက္ကန့်တွင်
ရှန်ယွဲ့သည် စတုတ္ထမြောက်မေးခွန်းကို ဖြေပြီးသွားပြန်သည်။ သည်အခိုက်တွင်
ရှန်ချန်သည် ဘေးမှနေ၍ ကြည့်နေလေသည်။ သူသည် ရှန်ယွဲ့ထပ် ပိုစိတ်လှုပ်ရှားနေပြီး
အသက်ကိုပင် ကျယ်ကျယ် မရှူရဲတော့ချေ။
ရှန်ယွဲ့သည်
နောက်ဆုံးမေးခွန်းကို မြင်လိုက်ချိန်၌ သူမသည် တစ်ကြိမ်ဖတ်ကြည့်လိုက်ပြီး
မနေနိုင်တော့ဘဲ ဒုတိယအကြိမ် ထပ်ဖတ်လိုက်လေသည်။ သူမသည် ဇဝေဇဝါဖြင့် အမှတ်တမဲ့
မေးလိုက်လေသည်။
“ ဒီမေးခွန်းက ဘာလဲ”
‘သူနောက်ဆုံးတော့
အကြံကုန်သွားပြီလား’ ရှန်ချန်သည် တွေးလိုက်လေသည်။ ထိုအတွေးက သူ့ကို စိတ်သက်သာရာ
ရသွားစေတော့သည်။
ဒီလအ,မလေး ရှန်ယွဲ့က
ဒီည သင်္ချာမေးခွန်းတွေကို ရုတ်တရက် ဖြေနိုင်လိုက်တာနဲ့တင် ရှော့ခ်ရဖို့
လုံလောက်သွားပြီလေ။ တကယ်လို့များ ရှန်ယွဲ့သာ သင်္ချာပညာအဖွဲ့ကပဲ ဖြေရှင်းနိုင်တဲ့
ကမ္ဘာ့အဆင့် ပုစ္ဆာကို ဆက်ရေးနိုင်သေးတယ်ဆိုရင်တော့ သူ မွန်းစတားတစ်ကောင်ပဲ
ဖြစ်လိမ့်မယ်။ ငါလည်း သေသွားနိုင်တယ်။
ရှန်ချန်သည်
စိတ်သက်ရာရသွားပြီး သက်ပြင်းချလိုက်ကာ ရှန်ယွဲ့ကို ကမ္ဘာ့အဆင့်ပုစ္ဆာကို
ထပ်မစမ်းတော့ဘဲ အနားယူရန် နားချဖို့ ပြင်လိုက်စဥ်မှာပင် ရှန်ယွဲ့သည်
ခဏစဥ်းစားလိုက်ပြီးနောက် တဖန် ချရေးလိုက်ပြန်တော့သည်။
သူဘာလုပ်နေတာလဲ။
ရှန်ချန်၏မျက်လုံးများသည်
သူ့ခေါင်းထဲမှာ ထွက်ကျတော့မတတ်ဖြစ်သွားတော့သည်။
သို့သော် ဘယ်သူမှ သာသာယာယာ
ဖြေနိုင်လိမ့်မည်မဟုတ်ဟု ရှန်ချန်ထင်ခဲ့သည့် မေးခွန်းသည် ရှန်ယွဲ့အတွက် အမှန်ပင်
အလွန်ရင်းနှီးပြီးသား ဖြစ်နေလေသည်။
ဟင့်အင်း
ရင်းနှီးတာတင် ဘယ်ကမလဲ။
ရှန်ယွဲ့မှတ်မိနေသေးသည်။
လွန်ခဲ့သည့် နှစ်အနည်းက သူမအတွက် လုပ်စရာ ကောင်းကောင်းမရှိသည်ကို အဖွဲ့အစည်းက
သိလိုက်ရပြီးနောက် သူတို့သည် သူမ အမြင်တွင် ယုတ္တိတန်ကာ ရိုးရှင်းလွယ်ကူသည့်
တာဝန်တစ်ခုကို ချပေးခဲ့သည်။ သို့သော် သင်္ချာပုစ္ဆာများကို ဖြေရှင်းရင်း
ချီးမြင့်ငွေ သန်းချီရမည့် တာဝန်တစ်ခုဖြစ်နေတော့သည်။
ထိုအချိန်က ရှန်ယွဲ့သည်
ပုစ္ဆာကို ပြီးပြည့်စုံစွာ ဖြေရှင်းရန် တစ်ရက်သာ အချိန်ယူလိုက်ရသည်။ မစ်ရှင်ကို
လွဲပြောင်းပေးလိုက်ပြီးနောက် ချီးမြင့်ငွေကို သူမထံ ချက်ချင်းလွဲပေးခဲ့လေသည်။
ထိုအချိန်က သူမသည်
အလွန်ပျော်ရွှင်ရပြီး ငွေရှာရသည်က စားသောက်ရသည်ထက်ပင် ပိုလွယ်သည်ဟု ခံစားလိုက်ရသည်။
သန်းချီတန်သည့် သင်္ချာပုစ္ဆာသည် ရှန်ချန်က သူမကို စမ်းသပ်ရန် သုံးနေသည့် နံပါတ်၅
မေးခွန်း ဖြစ်နေတော့သည်။
နောက်ပိုင်းတွင်
သင်္ချာပညာရှင်အဖွဲ့တစ်ခုက ထိုမစ်ရှင်ကို အဖွဲ့အစည်းသို့ အပ်ခဲ့ကြောင်း သူတို့
ပြန်ကြားခဲ့ဟန်တူသည်။ သူတို့သည် ရှန်ယွဲ့ ရေးပေးခဲ့သည့် မေးခွန်းများကို ဖြေပြီး
ဆုတစ်ခုပင် ရသွားသေးသည်။ ရှန်ယွဲ့သည် ထိုဘွဲ့တံဆိပ်အလွတ်များကို ဂရုမစိုက်တော့ဘဲ
ဆက်မလုပ်တော့ပေ။
ဒါသည်
အလွန်တိုက်ဆိုင်လွန်းလှပြီး အလွန်သက်သာလေသည်။ ရှန်ယွဲ့သည် သည်မေးခွန်း၏အဖြေကို
မှတ်မိသွားသည်နှင့် တပြိုင်နက် စာရွက်ပေါ်တွင် စ,တင်ချရေးလိုက်တော့သည်။
၅မိနစ်
၂စက္ကန့်တွင်တော့ ရှန်ယွဲ့သည် တစ်မျက်နှာလုံးကို ချရေးပြီးသွားကာ ဘောပင်ကို
အဖုံးထဲပြန်ထည့်လိုက်လေသည်။ တစ်ချိန်ထဲတွင် သူမသည် ရှန်ချန်ကို မော့ကြည့်လိုက်ကာ
ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်လေသည်။
“ ငါ တစ်ချို့
အဆင့်တွေကို သေသေချာချာ မမှတ်မိတော့ဘူး၊ အကြမ်းပဲ ချရေးနိုင်တော့တယ်၊ အဖြေကတော့
မှန်မှာပါ”
🍀
No comments:
Post a Comment