အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
ရှန်ရှင်းသည်
စကားကောင်းပြောလိုက်သော်လည်း အမှန်တွင် သူမသည် ရှန်ယွဲ့ကျောင်းထွက်ရမည်ကို
မစောင့်နိုင်ဖြစ်နေပြီး သူမနှင့် ခပ်ဝေးဝေးနေစေလိုလေသည်။ သူမသည် အလုပ်လုပ်ရန်
မြို့ကထွက်သွားပြီး လုံးဝပြန်မလာလျှင် အကောင်းဆုံးပင်။
ကျောင်းတွင်
တုံးအ,ရုပ်ဆိုးကာဝ,သည့် ရှန်ယွဲ့သည် တစ်ကျောင်းလုံး၏ ရယ်စရာကုန်ကြမ်းပင်။
ရှန်ရှင်းသည် သူမနှင့်ရှန်ယွဲ့တို့က ညီအမအရင်းဖြစ်ကြောင်း တခြားလူများသိသွားမည်ကို
စိုးရိမ်ကာ နေ့တိုင်း အကြောက်တရားနှင့် နေခဲ့ရလေသည်။ ထိုသို့ဖြစ်လာလျှင် သူမပါ
တခြားလူများ၏ လှောင်ပြောင်ခြင်းခံရလိမ့်မည်။ ဒါသည် လမ်းဆုံးပင်။
“ အင်း သမီးရဲ့အမက
သမီးတစ်ဝက်လောက်နားလည်တတ်ရင် အမေလည်း အမြဲတမ်း အနိုင်ကျင့်ခံရမှာမဟုတ်ဘူး”
ဆွန်းလင်သည်
သူမ၏အလွန်ဉာဏ်ကောင်းကာ လိမ္မာသည့်သမီး ရှန်ရှင်းကို အလွန်သဘောကျနေ၏။ သူမသည် ရှန်ရှင်းအား ထောက်ခံသည့်အကြည့်ဖြင့်
ကြည့်လိုက်ပြီး အစက အဆုံးအထိ သဘောထားကို ထုတ်မပြတ်သည့် ရှန်ချန်ကို
လှည့်ကြည့်လိုက်လေသည်။
“သား နင်လည်း
အဲလိုထင်တယ်နော် ဟုတ်တယ်မလား”
သို့သော်
ဆွန်းလင်၏အထင်းကြီးရသော သူမ၏သားလိမ္မာ ရှန်ချန်က မျက်မှောင်ကျုံ့ပြီး
ခေါင်းခါပြလိုက်လေသည်။
“ ကျွန်တော်တို့ အမကို
ကျောင်းမထွက်ခိုင်းနိုင်ဘူး”
“ ဘာပြောလိုက်တယ်”
ရှန်ရှင်းသည် သူမ နားကြားမှားသွားသည်ဟု သံသယဖြစ်သွားသကဲ့သို့
ရှန်ချန်ကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ရှန်ရှင်းသည် ရှန်ယွဲ့ကို
ရုပ်ဆိုးပြီး စိတ်ပျက်စရာဝက်တစ်ကောင်ဟု တွေးထားလေသည်။
ရှန်ချန်က အဲအရူးမအတွက်
ပြောပေးနေတာဆိုတော့ ရူးနေတာပဲ ဖြစ်ရမယ်။
စကားတစ်လုံးဝင်မပါဘဲ
သူမကိုယ်သူမ သက်ဆိုင်သူတစ်ယောက်ဟု မသတ်မှတ်သည့် ရှန်ယွဲ့လည်း သတိဝင်လာတော့သည်။
သူမသည် ရှန်ချန်ကို အထူးတလည် အကြိမ်ကြိမ်လေ့လာလိုက်ပြီးနောက် အနည်းငယ်
အံ့ဩသွားတော့သည်။
ငါရဲ့ဒီမောင်လေးက
ငါ့အတွက် တကယ်ပဲ ပြောခဲ့တာတဲ့လား။ ထူးဆန်းပါပေ့။
“ဘာလို့လဲ”
ဆွန်းလင်သည်လည်း
အံ့ဩသွားတော့သည်။ သူမကိုဆန့်ကျင်သူမှာ ရှန်ယွဲ့ သို့မဟုတ် ရှန်အန်းသာဖြစ်ခဲ့လျှင်
အစောကြီးကတည်းက သူမ ပေါက်ကွဲပြီးသားပင်။ သို့သော် သည်ထက်မြက်သည့်သား ကို
ရင်ဆိုင်ရလျှင်တော့ သူမသည် အမြဲတစေ လွန်စွာစိတ်ရှည်တတ်လေသည်။
မိသားစုတစ်ခုလုံး၏အကြည့်အောက်တွင်
ရှန်ချန်၏ အမူအရာသည် ခဏတာ အနည်းငယ် မသက်မသာဖြစ်သွားသည်။ သူသည် ဘေးတွင်
မျက်နှာသေဖြင့်ရှိနေသည့် ရှန်ယွဲ့ကို မနေနိုင်တော့ဘဲ ကြည့်လိုက်၏။ သူဆက်
ပြောလိုက်၏။
“ အမမှာ
ကျောင်းဆက်တက်ရမယ့် အခွင့်အရေးရှိတယ်လေ၊ ဒါက ဖယ်ဒရယ်စည်းမျဥ်းတစ်ခုပဲ၊
ကျွန်တော်တို့မိသားစု အမကိုကျောင်းထွက်ခိုင်းတာ တခြားလူတွေသာသိသွားရင်
ကျွန်တော်တို့မိသားစုကို တိုင်ကြလမ့်မယ်၊ ဒါဆို ပြဿနာတက်မှာ”
သည်နေ့ခေတ်တွင်
ဖယ်ဒရယ်မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများကို အားလုံးက လိုက်နာရလေသည်။ ရှန်ချန်၏အကြောင်းပြချက်က
ပြီးပြည့်စုံနေတော့သည်။
သူမသည် ဖယ်ဒရယ်၏
အပြစ်ပေးခံရမည့်အရေးကို တွေးလိုက်ပြီး ဆွန်းလင်သည် ခဏတာ စဥ်းစားလိုက်ပြီးနောက်
တွေဝေသွားတော့သည်။
“ ဒါပေမယ့် သူက
အဲလောက်ထိုင်းတာ၊ ကျောင်းဆက်တက်ရင် ငွေအလကားကုန်တာပဲ အဖတ်တင်မှာ၊ သူ အိမ်မှာပဲ
နေပြီး အလုပ်လုပ်သင့်တာကို၊ အပြင်ထွက်စရာမလိုတော့ သူ့ဟာသူလည်း
အရှက်မကွဲတော့ဘူးပေါ့၊ ဒါက သူ့အင်အားကို သက်သာရာကျသေးတယ်....”
“ ဒီအကြောင်း
ပြောလို့ပြီးပြီလား”
အခြေအနေသည်
ကပ်သီးကပ်ဖဲ့ဖြစ်လာသည်ကို သိလိုက်ရပြီးနောက် ရှန်ယွဲ့သည် သည်းခံနိုင်စွမ်း
လုံးဝကုန်သွားတော့သည်။ သူမ၏လက်ပေါ်က ဖုန်များကို ခါလိုက်ပြီး အေးဆေးစွာ
ပြောလိုက်လေသည်။
“ ဘယ်လိုပဲ ဆုံးဖြတ်
ဆုံးဖြတ်၊ သမီးကတော့ ကျောင်းဆက်သွားမှာပဲ၊ ကျောင်းလခကို ကိုယ်တိုင်ရှာမယ်၊
မိသားစုဆီက တောင်းမှာမဟုတ်ဘူး၊ မိသားစုဝင်တစ်ယောက်အနေနဲ့ လုပ်ရမယ့်
အိမ်အလုပ်အားလုံးကို လုပ်ပေးမယ်၊ သမီးရဲ့အလုပ်မဟုတ်ဘူးဆိုရင်တော့ ဓားထောက်ပြီး
အတင်းလုပ်ခိုင်းလဲ အပိုပဲ”
သူမသည် အမြဲလိုလို
ကျေးဇူးတရားနှင့် ရန်ငြိုးကို သေသေချာချာခွဲထားတတ်သူဖြစ်လေသည်။ သူမကို
ဆိုးဆိုးဝါးဝါး ဆက်ဆံသည့် ဘယ်သူ့ကိုမဆို အလွတ်ပေးမှာမဟုတ်သလို သူမအပေါ် ကောင်းကောင်းဆက်ဆံသည့်အတွက်လည်း
ဘာတစ်ခုမှ အကြွေးတင်ခံမည်မဟုတ်ပေ။
ဆွန်းလင်က သူမကို
ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့ပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင်ကို ဒီနေ့အချိန်ထိ
ထောက်ပံ့ပြီး ကျွေးမွေးလာခဲ့တာပဲ။ ငါက ရှန်ယွဲ့ရဲ့ဘဝကို ယူထားပြီးဆိုတော့ သူ့အတွက်
ကျေးဇူးဆပ်ပေးရမှာပေါ့။
ထိုသို့တွေးလိုက်ပြီး
ရှန်ယွဲ့သည် ထရပ်လိုက်ကာ အခန်းသို့ ပြန်ရန် ပြင်လိုက်လေသည်။
ရှန်ယွဲ့က သူမကို
သတိပေးပြီး ဘာမှမဖြစ်သွားသကဲ့သို့ ထွက်သွားမည် ပြင်လိုက်သည်ကို မြင်လိုက်ပြီး
ဆွန်းလင်သည် သူမ၏စကားများကို အတည်ပေါက်လုံးဝမမှတ်ချေ။ အခုတော့ သူမသည်
အိမ်အလုပ်လုပ်ရန်ငြင်းဆန်ပြီး သူမကို ပေါ်ပေါ်ထင်ထင် ခုခံနေသည်ဖြစ်ရာ ဆွန်းလင်သည်
ချက်ချင်း ဒေါသထွက်သွားတော့သည်။ သူမသည် ခါးထောက်ကာ ကြောက်စရာကောင်းလောက်အောင်
အော်ပြောလိုက်တော့သည်။
“ ပြန်လာစမ်း၊ ဒီနေ့
ပန်းကန်မဆေးရင် ငါ နင့်ကို အသေအောင်ရိုက်ပစ်မယ်”
ဆွန်းလင်သည် ရုတ်တရက်
ထရပ်လိုက်ပြီး ရှန်ယွဲ့ထံ အရှိန်နှင့် ပြေးသွားလိုက်၏။ သူမသည် ရှန်ယွဲ့၏လက်ကို
လိမ်ချိုးကာ မီးဖိုခန်းထဲသို့ အတင်းဆွဲခေါ်သွားချင်ခဲ့လေသည်။
“ နင်က
ပုန်ကန်ချင်တာဆိုတော့ ဒီနေ့ ငါနင့်ကို ပညာပေးရတော့မယ်....”
သို့သော်ငြား
ဆွန်းလင်သည် ရှန်ယွဲ့ကို ခါတိုင်းလို ဆွဲဆိတ်ရန်ပြင်လိုက်စဥ် ရှန်ယွဲ့သည်
လှည့်လာပြီး အေးစက်ကာ လူသ-တ်လိုသည့်မျက်လုံးအစုံဖြင့် သူမကို
စိုက်ကြည့်လိုက်လေသည်။
ရှန်ယွဲ့သည် သူမကို
အမှန်ပင် သ-တ်ချင်လုနီးနီးဖြစ်သွားတော့သည်။ သူမသည် အစက မူလပိုင်ရှင်၏မိသားစုနှင့်
အဆင်ပြေပြေဖြစ်ရန် အကောင်းဆုံးကြိုးစားပြီး ထိုဆဲရေးနေသည့်စကားများကို
မကြားချင်ဟန်ဆောင်ခဲ့သည်။ သို့သော် ဆွန်းလင်သာ သူမကို တကယ်တိုက်ခိုက်ရဲလျှင်
သူမသည် ထပ်ပြီး ယဥ်ကျေးတော့မည်မဟုတ်ချေ။
ပတ်ဝန်းကျင်ရှိလူများ၏လှုပ်ရှားမှုကို
မျက်ချည်မပြတ်စောင့်ကြည့်ခြင်းနှင့် သတိဝီရိယရှိခြင်းသည်
လုပ်ကြံသူတစ်ယောက်၏အခြေခံကျင့်စဥ်ဖြစ်လေသည်။ ယခုလေးတင်ကြည့်လိုက်သည့် အကြည့်သည်
ရှန်ယွဲ့၏မသိစိတ်မှ တုန့်ပြန်မှုသက်သက် ဖြစ်လေသည်။ မျှော်လင့်မထားဘဲ သူမဆီက
အကြည့်တစ်ချက်က ဆွန်းလင်ကို လှန့်သွားစေလသည်။
လူသ-တ်လိုသည့်ပြင်းပြစိတ်များပြည့်နေသည့်
ထိုမျက်လုံးအစုံ၏ စိုက်ကြည့်ခံလိုက်ရပြီးနောက် ထိုအခိုက်တန့်တွင် ဆွန်းလင်သည်
အမဲဖျက်ခံရတော့မည့်သိုးတစ်ကောင်ဖြစ်ပြီး ရှန်ယွဲ့မှာ အချိန်မရွေး ခုတ်ချတော့မည့်
သားသ-တ်သမားလို ရှင်းမပြတတ်အောင် ခံစားလိုက်ရတော့သည်။ သားသ-တ်သမားသည်
သိုးတစ်ကောင်ကို အချိန်မရွေး သတ်နိုင်လေသည်။
ဒီချိနဲ့ပြီးအသုံးမကျတဲ့ဝတုတ်မ
ရှန်ယွဲ့က ဘာလို့ရုတ်တရက်ကြီး ဒီလိုကြောက်စရာကောင်းတဲ့အကြည့်နဲ့ ကြည့်လိုက်တာလဲ။
သူ တစ်ယောက်ယောက်ကို သ-တ်ဖို့ တကယ်ပဲ စဥ်းစားနေတဲ့ပုံပဲ။
No comments:
Post a Comment