အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
သည်အခိုက်မှာပင်
ရှန်ချန်သည် အလွန်ထိတ်လန့်သွားရာ နေရာတွင်ပင် တောင့်တင်းသွားတော့သည်။
နံပါတ်၅မေးခွန်း၏ အဖြေတိုက်ပြီးသွားသည့်နောက် ရှန်ချန်သည် မျက်လုံးအဝိုင်းသား
ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်တကြားအခြေအနေတွင်သာ ရှိနေတော့သည်။
ရှန်ယွဲ့က
သည်အဖြေလွှာများကို ပြီးမြောက်အောင် ဖြေနိုင်သည့်အချက်သည် ရှန်ချန်၏ဘဝအမြင်ကို
ကြီးကြီးမားမား သက်ရောက်မှုဖြစ်သွားတော့သည်။ သူသည် ရုတ်တရက်ထွက်ပေါ်လာသည့်
ဧရာမသတင်းအချက်အလက်ကို ပေါင်းစပ်လက်ခံလိုက်ဖို့ အကောင်းဆုံးကြိုးစားနေရတော့သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းတွေနဲ့
ကမ္ဘာ့အဆင့်မေးခွန်းကို ပုံမှန်အတိုင်း ဖြေသွားတဲ့ ဒီရှန်ယွဲ့နဲ့
စာမေးပွဲတိုင်းမှာ ဂဏန်းတစ်လုံးပဲ ရပြီး ငွေချေရင်တောင် ငွေကို
မှန်ကန်မရေတွက်နိုင်ပဲ IQနိမ့်တဲ့ရှန်ယွဲ့က
တစ်ယောက်ထဲတဲ့လား။
ရှန်ယွဲ့ ဘာတွေကြုံခဲ့ရတာလဲ။
သူကရော တစ်ခုခု လွှတ်သွားတာ ရှိလို့များလား။
ရှန်ချန်သည်
ဝေခွဲမရဖြစ်နေတော့သည်။
ရှန်ချန်က သူမကို
ငေးကြောင်ကြောင် ကြည့်နေကာ စကားတစ်လုံးမှမပြောသည်ကို မြင်လိုက်ရပြီးနောက်
ရှန်ယွဲ့သည် အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရလေသည်။ သူမသည် သူ့ပခုံးကို အနည်းငယ်
လှုပ်ခါလိုက်ပြီး မေးလိုက်လေသည်။
“ ဘာဖြစ်တာလဲ၊ နင်
အံ့ဩနေတာလား၊ ငါ့ကို အဖြေပြောအုံးလေ”
ရှန်ချန်သည်
ဧရာမရိုက်ချက်ကို ခံလိုက်ရပြီးနောက် သတိပြန်ဝင်လာလေသည်။ သူသည် ရှန်ယွဲ့ကို
ကြည့်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်လေသည်။
“ အားလုံးမှန်တယ်၊အမ
နင် တကယ်အထင်ကြီးစရာကောင်းလိုက်တာ”
ရှန်ချန်သည် သူမကို
အမဟု စိတ်ရင်းနှင့် ခေါ်ခဲ့လေသည်။ သူသည် ရှန်ယွဲ့ရှေ့တွင် သူ့ကိုယ်သူ
ဦးညွှတ်တော့မတတ်ပင်။
စာလုပ်ရတာကို
သာကြိုက်ပြီး တစ်သက်တာ လေ့လာမှုနောက်ကို လိုက်စားသည့် ရှန်ချန်လိုလူမျိုးအတွက်
ထိပ်တန်းအသိပညာရှိသူတစ်ယောက်သည် သူ့အိုင်ဒေါ ဖြစ်လေသည်။
သည်အခိုက်အတန့်တွင်
ရှန်ယွဲ့သည် သူ့ကို သိသိသာသာ အောင်နိုင်သွားတော့သည်။ သင်္ချာပညာရှင်အဖွဲ့က
ဖြေနိုင်သည့် မေးခွန်းတစ်ခုကို လူတစ်ယောက်က ဖြေနိုင်ခဲ့လျှင် ရှန်ယွဲ့သည်
ပို၍အစွမ်းထက်သည်မှာ သိသာလှပေသည်။
ရှန်ယွဲ့သည် ပထမဆုံး
အဖြေမှန်သူမဟုတ်လျှင်တောင် ရှန်ချန်လို အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့
ရှန်ယွဲ့သည် သူ ထိတွေ့နိုင့်သည့် စွမ်းအားအကြီးဆုံးသက်ရှိတစ်ယောက် ဖြစ်လေသည်။
ရှန်ယွဲ့သည်
သည်ကမ္ဘာ့အဆင့်ပုစ္ဆာကို ဖြေခဲ့သည့် အရေးကြီးပုဂ္ဂိုလ်မှန်း ရှန်ချန်သာ
သိလောက်အောင် ကံကောင်းခဲ့လျှင် သူ့ကို ရူးလောက်အောင် အထိတ်တလန့် ဖြစ်စေပေလိမ့်မည်။
“ အင်း မောင်လေး”
ရှန်ယွဲ့သည် ရှန်ချန်က
သူမကို အမဟု ခေါ်လိုက်သည်ကို အလွန် ဝမ်းသာသွားလေသည်။ သူမသည် ငယ်ငယ်ကတည်းက
မိဘမဲ့တစ်ယောက်ဖြစ်ပြီး မိသားစုတစ်ခု၏နွေးထွေးမှုကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။
သူမတွင်လည်း မောင်နှမတစ်ယောက်မှ မရှိခဲ့ချေ။ ထို့ကြောင့် သူမသည် ထို
အေးစက်ကြမ်းတမ်းသည့် အဖွဲ့အစည်းကို သူမ၏အိမ်လို ရူးရူးမိုက်မိုက်
သဘောထားဆက်ဆံခဲ့လေသည်။
ရှန်ချန်ကဲ့သို့
သန့်ရှင်း ကြည်နာတတ်ကာ တစ်နည်းနည်းဖြင့် မိုက်ရူးရဲဆန်သည့်ခလေးကို ရှန်ယွဲ့သည်
သဘောအကျဆုံးဖြစ်လေသည်။ ထို့ကြောင့်ပင် သူမသည် ရှန်ချန်၏အမနေရာကို အမှတ်တမဲ့
လက်ခံလိုက်မိလေသည်။
အဖြေစာရွက်ထဲက
ပြည့်သိပ်ကျပ်ညှပ်နေသည့် လက်ရေးများကိုကြည့်ရင်း ရှန်ချန်သည် မနေနိုင်တော့ဘဲ
မေးလိုက်၏။
“ အမ နင်လေ
မေးခွန်းတစ်ခုလေးကိုတောင် ဖြေပုံဖြေနည်း မသိခဲ့တာမလား၊ ငါကြားတာတော့ နင်က အဖြေလွှာ
အလွတ်ကို အပ်ရင်အပ် မဟုတ်ရင် တစ်လုံး နှစ်လုံးပဲ ရေးတာတဲ့”
ရှန်ယွဲ့သည်
သူမ၏မျက်ခုံးများကို ပင့်ထားလိုက်၏။ သူမသည် မူလပိုင်ရှင်၏ ပညာရေးအကြောင်းကို
သေချာမသိချေေ။ သို့သော် သူမသည် ကိုယ်တိုင် စာမေးပွဲဖြေရမည်ဆိုလျှင်လည်း
အဖြေလွှာအလွတ်သာ အပ်ချင်အပ်ပေလိမ့်မည်။
ငါက နင့်ကို
မူလတန်းမေးခွန်း ဖြေခိုင်းရင် နင် သေသေချာချာဖြေမှာလား”
ရှန်ချန်သည်
နားလည်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး ထပ်မေးပြန်သည်။
“ ဒါဆို သူတို့တွေက
နင့်ကို IQနိမ့်လို့ စာမေးပွဲမှာ အမှတ်နည်းနည်းလေးပဲရတာလို့
ပြောကြတုန်းက ဘာလို့ ပြန်မချေပတာလဲ”
“ ငါက ဘာလို့
ကိုယ့်ဟာကို ပြန်ချေပရမှာလဲ၊ ငါ့အလုပ်ကို လုပ်နေသ၍ အဆင်ပြေတယ်လေ”
ရှန်ယွဲ့သည်
အထင်သေးစွာ ပြောလိုက်လေသည်။
သူမ၏ ကိစ္စများကို
ဖြေရှင်းပုံမှာ အမြဲလိုလို ကိုယ့်အတွက်သာ ဦးစားပေးခဲ့သည်။ သူမသည် တခြားလူများက
သူမအပေါ် အတွေးအမြင်ကို ဂရုမစိုက်ချေ။ သူမသည် နောက်ဆုံးရလာဒ်နောက်သာ လိုက်ခဲ့သည်။
မစ်ရှင်ကို အောင်အောင်မြင်မြင်လုပ်နိုင်မလား။ သို့မဟုတ် ဆုငွေကို အပြည့်ရပါ့မလား
စသည့်ကိစ္စများကိုသာ အာရုံစိုက်လေသည်။
ဒါသည်
အလွန်အားကောင်းသည့် ယုံကြည်ချက်သဘောထားပင်။
“ အင်း ဟုတ်တယ်”
ရှန်ချန်သည်
ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ခဏကြာသည်အထိ သူသည် ရှန်ယွဲ့ကို လေးစားအားကျစိတ်ဖြင့်
ကြည့်နေလေသည်။
သူ့အမသည် ရုပ်ဆိုးကာ
ကြောင်တောင်တောင်ပြုမူတတ်သော်လည်း အမှန်တွင်တော့ သူမသည် စွမ်းအားကြီးသည့်
စိတ်နှလုံးနှင့် ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ တစ်စုံတစ်ယောက်သည်
စာအုပ်တစ်အုပ်အား သူ့အဖုံးကိုကြည့်ကာ ဆုံးဖြတ်လို့မရနိုင်ချေ။
သူသာဆိုလျှင်
ဤမျှလောက် တောင့်ခံနိုင်မည်မဟုတ်ပေ။ လူအများ၏ သီးခြားဆက်ဆံခံရခြင်းနှင့်
ပြစ်တင်ရှုံ့ချခြင်းတို့ကြောင့် သူသည် ကိုယ့်ဟာကို အရှုံးပေးလိမ့်မည်ပင်။
သည်အကြောင်းကို
စဥ်းစားမိလိုက်ပြီးနောက် ရှန်ချန်သည် မနေနိုင်တော့ဘဲ သူ၏မသန်စွမ်းတော့သည့်
ညာဘက်ခြေထောက်ကို ကြည့်လိုက်မိတော့သည်။ သူ့အကြည့်များသည် တဖြည်းဖြည်း
နက်မှောင်လာလေသည်။
“ ဒါဆို...
နောက်ကျရင်ကော ဘာမှမသိသလို ဟန်ဆောင်နေအုံးမှာလား”
သည်နေ့တွင် သူမ၏အမေ
ဆွန်းလင်က သူမ၏အဆင့်ကြောင့် သူမကို ကျောင်းသွားရန်
တားမြစ်လုနီးနီးဖြစ်နေသည်ကိုတော့ သိထားရပေမည်။
သူမ အမြဲတမ်း အထင်အမြင်သေးခဲ့သည့်
ထိုဆန်ကုန်မြေလေးသမီးသည် သင်္ချာဘာသာတွင် ကျွမ်းကျင်သည့်
အလွန်ဉာဏ်ရည်မြင့်သည့်ပါရမီရှင်တစ်ယောက်မှ ဆွန်းလင်သာ သိခဲ့လျှင် သူမသည်
အပျော်လွန်သွားပေလိမ့်မည်။
ရှန်ယွဲ့သည်
ခေါင်းခါပြလိုက်ပြီး တွေဝေမှုမရှိဘဲ ငြင်းဆိုလိုက်လေသည်။
“ ဘယ်နေတော့ပါ့မလဲ၊
ငါ့မှ ဒီအင်အားတွေရှိနေမှတော့ ငါ ဟန်မဆောင်ချင်တော့အချိန်ကျရင် ဒါကို
ချပြလိုက်ရုံပဲလေ”
ထို့အပြင် သူမ၏အမေ၊
ညီမနှင့် ကျောင်းက ကျောင်းသားတစ်စုတို့သည် သူမကိုယ်သူမ အရူးတစ်ယောက်လို
လုပ်နေသည်ကို ကြည့်ရှုရန် စောင့်စားနေကြပေလိမ့်မည်။
🍀
No comments:
Post a Comment