အပိုင်း (၇) နားလည်ရဲ့လား
ရှန်ချန်သည် သင်္ချာပုစ္ဆာတစ်ပုဒ်နှင့်
အခက်တွေ့နေ၏။ သူသည် သူ့ခေါင်းကို ကုတ်ရင်း အဖြေများကို ကြိုးစားထုတ်နေသော်လည်း
သည်မေးခွန်းကို မဖြေရှင်းနိုင်ခဲ့ချေ။ သူသည်အနည်းငယ် စိတ်ရှုပ်နေတော့သည်။
သည်အချိန်တွင် သူသည် စာလုပ်ခြင်းကို အာရုံမစိုက်နိုင်တော့ရာ ရှန်ယွဲ့
အနားကပ်လာသည်နှင့်ချက်ချင်း သတိထားမိသွားတော့သည်။
ရှန်ချန်သည် တံခါးကို
နံရံလိုမှီနေသည့် ရှန်ယွဲ့ကို လှည့်ကာ တစ်ချက်ကြည့်လိုက်လေသည်။ သူသည် အနည်းငယ်
မျက်မှောင်ကျုံ့လိုက်ကာ ပြောလိုက်၏။
“ ဘာကိစ္စရှိလို့လဲ”
ရှန်ယွဲ့သည်
အင်မတန်အားကောင်းသည့် ဝီရိယတစ်ခုရှိလေသည်။ သူမသည် စိတ်ရှုပ်မှုများကို
တန်းဖယ်ရှားလိုက်ပြီး ရှန်ချန်စကားကို လိုက်နင်းကာ တန်းမေးလိုက်လေသည်။
“ ငါ ဝင်လာလို့ရလား”
ခဏတာတိတ်ဆိတ်သွားပြီးနောက်
ရှန်ချန်သည် အင်တင်တင်ဖြင့်
“ရပါတယ်”
သို့နှင့် ရှန်ယွဲ့သည်
ရှန်ချန်၏အခန်းထဲသို့ သဘာဝကျကျ အေးဆေးကာ ဝင်လာလိုက်သည်။ အခန်းကို
ပတ်ကြည့်လိုက်ပြီး ရှန်ချန်၏အခန်းသည် စာအုပ်များနှင့်ပြည့်နေသည်ကို သိသွားတော့သည်။
စာအုပ်များကလွဲလျှင် ပျော်စရာအရာများနှင့် ပက်သတ်တာများ တစ်ခုမှမရှိချေ။
အလွန်ရိုးရှင်းလေသည်။
သူမသည် ရှန်ချန်ရှေ့က
မေးခွန်းစာရွက်ကို ကြည့်လိုက်၏။ ရှန်ယွဲ့သည် တစ်ခါ နှစ်ခါလောက်ကြည့်လိုက်ပြီး
မေးလိုက်လေသည်။
“ စာလုပ်နေတာလား”
ရှန်ချန်သည် သူ့နှုတ်ခမ်းများကို
သိသိသာသာ စေ့ထား၏။ သူသည် ပြန်မပြောလိုက်သော်လည်း တစ်ခုခုကို ရုတ်တရက်
သတိထားမိသွားသယောင်။ အံဆွဲကို ဖွင့်လိုက်ပြီး ချိုချဥ်တစ်လုံးကို ယူကာ
လှမ်းပေးလိုက်လေသည်။
“ နင် ဒီနေ့ညစာ
အများကြီးမစားခဲ့ရဘူးနော်၊ ချိုချဥ်စားလိုက် ၊ မဟုတ်ရင် မေ့လဲသွားလိမ့်မယ်”
ရှန်ယွဲ့သည်
သူမ၏မောင်လေးက သူမကိုမကြည့်ဘဲ အကောင်းဆုံးကြိုးစားကာ သူမဆီ
ချိုချဥ်လှမ်းပေးလိုက်ပုံကို မရယ်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။
ငါလေး အစားမစားလို့
သွေးတွင်းသကြားဓာတ်နည်းသွားမှာ သူက စိုးရိမ်နေတာတဲ့လား။
ရှန်ယွဲ့သည် မငြင်းဘဲ
ချိုချဥ်ကို ရက်ရက်ရောရော လက်ခံလိုက်၏။ သူမသည် ရှန်ချန်၏စကားထဲတွင် အကူအညီနှင့်
ကြင်နာမှုများကို ခံစားမိလေသည်။ ရှန်ချန်သည် ကြင်နာကာ ဖြောင့်မတ်သည့် သူတစ်ယောက်ဖြစ်ကြောင်း
သက်သေပြဖို့ လုံလောက်ပေသည်။ သည်လိုဆိုလျှင် သူမသည် သည်ကို့ယိုးကားယားမောင်လေးကို
ဝန်လေးလေးနှင့် အသိအမှတ်ပြရလိမ့်မည်။
ချိုချဥ်အခွံကို
ခွာလိုက်ပြီးနောက် ရှန်ယွဲ့သည် ချိုချဥ်ကို ပါးစပ်ထဲ ထည့်လိုက်၏။ သူမ၏ခေါင်းကို
ငုံံ့ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ ဒီမေးခွန်းက
အကန့်သတ်နဲ့လာတဲ့ မေးခွန်းပဲ၊ ဘယ်လိုရှင်းရမလဲမသိဘူးလို့တော့ မပြောနဲ့နော်”
ဒါကို ဘယ်လိုဖြေရမလဲ
မသိဘူးလို့တော့ မပြောနဲ့နော်တဲ့။
စကားလုံးများသည်
အသေးအဖွဲတစ်ခုနှင့် အံ့ဩသွားခြင်းမှာ ထွက်လာခြင်းပင်။
အဆင့်ဘိတ်ချေးတွင်
အမြဲရောက်နေသည့် တစ်စုံတစ်ယောက်၏ လှောင်ပြောင်ခြင်းခံလိုက်ရပြီးနောက်
သိုသိုသိပ်သိပ်နေတတ်သည့် ရှန်ချန်ပင် သူ့လက်ထဲက ဘောပင်ထိပ်ကို မနေနိုင်ဘဲ
ဖျစ်ညစ်လိုက်တော့သည်။ သူသည် မပျော်နိုင်ဖြစ်ကာ ပြောလိုက်၏။
“ ဒါတွေအားလုံးက
ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် နောက်မေးခွန်းတွေလေ၊ နင် ဒါတွေကိုနားလည်မှာ မဟုတ်ပါဘူး”
သူ မပြောခဲ့လိုက်သည်က
ရှန်ယွဲ့သည် အမှန်ရွေးရသည့်မေးခွန်းများကိုပင် မှန်အောင်မဖြေနိုင်လျှင် သူမသည်
ဒီမေးခွန်းများကို မဖြေနိုင်သည့်သူ့အား မလှောင်ပြောင်သင့် ဟူ၍။
သို့သော်ငြား ဒါသည်
အင်မတန်ထက်မြက်လှသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အဖို့ အလွန်အခြေခံကျသည့်
မေးခွန်းတစ်ခု ဖြစ်သည်ကတော့ အမှန်ပင်။
ရှန်ချန်၏လက်ထဲက
ဘောပင်ကို လှမ်းဆွဲလိုက်ပြီး ရှန်ယွဲ့သည် အကြမ်းစာအုပ်ပေါ်တွင် တန်းရေးချ လိုက်လေသည်။
သူမသည် စာရေးနေရင်း ပြောလိုက်၏။
“ ဒါက တကယ်တော့ အရမ်းလွယ်တယ်၊ ဒီမှာကြည့်၊ နင်
ဒီမြှောက်ဖော်ကိန်းကို အရင်ထုတ်လိုက်ဖို့ပဲ လိုတာ ၊ ပြီးရင်....”
ရှန်ယွဲ့သည်
အကြမ်းစာရွက်၏ စာမျက်နှာတစ်ခုလုံးကို မြန်မြန် ပြည့်သွားအောင်ရေးလိုက်ပြီး
တစ်ခုခုကို တတွတ်တွတ်ရွတ်လိုက်လေသည်။ ရှန်ချန်သည် မင်သက်သွားတော့သည်။
နောက်ဆုံးတွင်
ရှန်ယွဲ့သည် ခဏရပ်လိုက်ပြီးနောက် အဖြေကို ချရေးလိုက်တော့သည်။ တစ်ချိန်ထဲတွင်
သူမသည် ရှန်ယွဲ့ဘက်သို့ လှည့်ပြောလိုက်၏။
“ နောက်ဆုံးအဖြေက
၁ထက်ကြီးပြီး ၉ထက်ငယ်တဲ့ မသိကိန်းတစ်ခုပဲ ၊ နားလည်လား”
စာရွက်ပေါ်က
စာလုံးများနှင့် ဖော်မြူလာကို ကြည့်လိုက်ပြီးနောက် အဆင့်၁ကျောင်းသားတစ်ယောက် အမြဲဖြစ်ခဲ့သည့် ရှန်ချန်သည် ပထမဆုံးအနေဖြင့်
လုံးဝအင်အားမဲ့သွားသလို ခံစားလိုက်ရတော့သည်။ သူသည် ရှန်ယွဲ့
အခုလေးတင်ရှင်းပြသွားသည့် အဆင့်များကို
နားလည်နိုင်လေသည်။ သို့သော် သူတို့ကိုအတူတူ ပေါင်းထည့်လိုက်သောအခါ သူသည်
ကောင်းကင်ဘုံအဆင့်စာအုပ်တစ်အုပ်ကို နားထောင်နေရသလို ခံစားနေရတော့သည်။
ထို့အပြင် ဒီမေးခွန်းသည်
စူပါပါရမီရှင်များနှင့် ပါရမီရှင်များကို ခွဲခြားရာတွင် အထူးတလည် သုံးလေ့ရှိသည့်
အင်မတန် ခက်ခဲသည့် မေးခွန်းတစ်ခုဖြစ်သည်။
ဒါတောင် ရှန်ယွဲ့က
အဖြေချရေးဖို့ ၅မိနစ်ပဲ အချိန်ယူခဲ့ရတယ်တဲ့လား။
မဖြစ်နိုင်ဘူး။ ဒါ
မဖြစ်နိုင်ဘူး။
ရှန်ချန်သည် အမှတ်တမဲ့
ခေါင်းခါလိုက်ပြီး ငေးကြောင်ကြောင်ဖြင့် ပြောလိုက်လေသည်။
“ နင် ငါ့ကို
အဖြေလိမ်ပြောနေတာပဲ ဖြစ်ရမယ်”
“ ငါ ပေါက်ကရတွေ
ပြောနေတာမဟုတ်ဘူး၊ အဖြေကို လှန်ကြည့်လိုက်လေ၊ နင် သိလာလိမ့်မယ်”
ရှန်ယွဲ့သည်
တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။
သို့သော် ရှန်ချန်သည်
အရင်က ထုတ်ထားသည့်မေးခွန်းကို ရှာကာ အဖြေတိုက်ဖို့ ထုတ်လိုက်သည်တွင်
သူ့မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ အဖြေသည် တစ်ထက်ကြီးပြီး ကိုးထက်ငယ်သည့်
မသိကိန်းတစ်ခု ဖြစ်နေတော့သည်။ ရှန်ယွဲ့သည် အဖြေမှန်ကို အမှန်ပင် ရှာခဲ့ခြင်းပင်။
ထို့အပြင် ရှန်ယွဲ့၏
အဖြေထုတ်ပုံအဆင့်ဆင့်မှာ ရည်ညွန်းစာအုပ်ထဲကအဖြေထက် ပိုအသေးစိတ်ကျသေးသည်။ သူမသည်
အချက်များအားလုံးကို ချရေးထားရုံမက တစ်ချို့ပစ်ချက်များကိုပါ ထည့်ထားသေးသည်။ ဒါသည်
သည်အတိုင်း ပြီးပြည့်စုံသည့် အဖြေတစ်ခုပင်။
“ ဘယ်-ဘယ်လို
လုပ်လိုက်တာလဲ”
ရှန်ချန်းသည်
အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားတော့သည်။ အခိုက်တန့်အထိ
သူသည် ရှန်ယွဲ့က ကောလိပ်ဝင်ခွင့်စာမေးပွဲမေးခွန်းကို ဖြေခဲ့သည်ဟု
လက်မခံနိုင်ခဲ့ချေ။
သူ့စိတ်ထဲတွင်
ယခုသူတွေ့ကြုံလိုက်ရသည်က တစ်စုံတစ်ယောက်က ပုရွတ်ဆိတ်များသည် အဏုမြူဗုံးတစ်လုံးကို
တီထွင်ခဲ့သည့်ဟု သူ့အားလာပြောနေသလို ကြောက်စရာကောင်းလွန်းလှပေသည်။
“ ဟင်း....”
ရှန်ယွဲ့သည် ရှန်ချန်
ဘာမှမကြားလိုက်သည့်အဖြစ်ကို သိသွားတော့သည်။ သူမသည် သက်ပြင်းချလိုက်ပြီး
အကြမ်းစာရွက် နောက်တစ်ရွက်ကို ယူလိုက်၏။ သူမသည် စကားပြောနှုန်းကို
နှေးထားလိုက်ပြီး ရှန်ချန်ကို အသေးစိတ်ထပ်ရှင်းပြလိုက်တော့သည်။
“ ဒီတစ်ခါတော့ နင် ငါရှင်းပြတာ
နားလည်ပြီမလား”
ရှန်ယွဲ့သည်
မိနစ်နှစ်ဆယ်ကြာပြီးနောက် မေးလိုက်လေတော့သည်။
🍀
No comments:
Post a Comment