အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
ဆွန်းလင်သည် စားပွဲကို
ဝုန်းခနဲရိုက်လိုက်ပြီး ရှန်ယွဲ့ကို လက်ညိုးထိုးကာ ဆဲဆိုတော့သည်။
“ နင်ကများ
ပါးစပ်လေးသုတ်ပြီး ထထွက်သွားချင်တာပေါ့လေ၊ အိပ်မက်မက်နေလိုက်၊ နင်က တုံးအပြီးအသုံးမကျဖြစ်နေပြီးသား၊
မိဘတွေရဲ့ အခက်အခဲကို ဘယ်လိုမျှကူပေးရမယ်ဆိုတာတောင် မသိဘဲနဲ့ အိမ်မှာ
အလကားစားသောက်နေတာ၊ သွား ၊ မြန်မြန်လုပ်၊ ကြမ်းတိုက် ပြီးရင် ပန်းကန်ဆေး၊
နောက်ဆိုရင် အိမ်အလုပ်တွေ မပြီးမချင်း ထမင်းပေးမစားဘူး”
မူလပိုင်ရှင်၏
ခန္ဓာကိုယ်သည် အိမ်တွင် အနိုင်ကျင့်ခ့ရပြီးဖြစ်လေသည်။ အိမ်အလုပ်အားလုံးကို
လုပ်ရသူမှာ သူမပင်ဖြစ်လေသည်။ သူမသည် အလွန်ပင်ပမ်းသောကြောင့် သာမန်လူများထက်
ပိုစားခဲ့လေသည်။ အလွန်အကျွံစားသောက်သည့်အတွက် သူမသည် အလွယ်တကူ ဝိတ်တက်လာသည်။ သူမ
ညပိုင်း အိမ်အလုပ်များပြီးသည့်အချိန်ဆိုလျှင် အလွန်နောက်ကျနေပြီးဖြစ်သည်။
သူမ၏အိမ်စာများကို အပြီးလုပ်ရန်အတွက် နောက်ကျတဲ့အထိ နေရသည်ဖြစ်ရာ အင်ဒိုခရိုင်း
မမျှတမှုကို ဖြစ်စေတော့သည်။ ရလာဒ်အနေဖြင့် သူမသည် ဝသည်ထက် ဝလာတော့သည်။
ယခုတော့ ဆွန်းလင်သည်
သူမ၏ မစားသောက်နိုင်ဖြစ်ရသည့်အကြောင်းကို အမှန်ပင်ခြိမ်းခြောက်နေတော့သည်။
ရှန်ယွဲ့သည်
အေးတိအေးစက် ပြန်ပြောလိုက်၏။
“ အိမ်အလုပ်တွေ
လုပ်ပြီးရင် သန်းခေါင်တောင်ရောက်နေပြီ၊ သမီးက အနားယူပြီး ကျောင်းမသွားရတော့ဘူးလား”
မြည်းတောင်မှ မြက်စား၊
ရေသောက်ပြီး အနားယူ အိပ်ရသေးတယ်လေ ဟုတ်တယ်မလား။
ရှန်ယွဲ့
အကြပ်ရိုက်နေသည်ကို မြင်လိုက်ရပြီး ရှန်ရှင်းသည် ပျော်လာတော့သည်။ သူမသည်
ရှန်ယွဲ့နှင့် အတန်းတူသော်လည်း ရှန်ယွဲ့သည် အညံ့ဆုံးအခန်းတွင်နေရကာ သူမသည်
အကောင်းဆုံးအခန်းတွင် နေရသည်။ ထို့ကြောင့် သူမ၏စကားလုံးများသည်
အထင်သေးမှုများနှင့် ပြည့်နေတော့သည်။
‘ ဟား ဟား နင်
ကျောင်းသွားတော့ကော ဘာအသုံးဝင်မှာလဲ၊ အချိန်တိုင်း ၅မှတ်၊ ၁၀မှတ်ပဲရတာ၊ ပြီးတော့
အမြဲတမ်း နောက်ဆုံးအဆင့်ချည်းပဲ၊ နင်က ကျောင်းသွားချင်တယ်လို့ ပြောလိုက်တာလား၊
နင်ဟာလေ တကယ်ပဲ ရယ်လိုက်ရတာဟာ”
“ရှင်းရှင်း
ကိုယ့်အမကို အဲလိုမပြောရဘူးလေ”
ရှန်အန်းသည်
သည်းမခံနိုင်တော့ဘဲ သူမကို ဝင်တားလိုက်လေသည်။
“ ရှန်အန်း ရှင်က ဒီမှာ
ဘာဟန်လုပ်နေတာလဲ၊ ဒီမိသားစုမှာ ရှင်စကားပြောဖို့ အခွင့်ရှိလို့လား”
ဆွန်းလင်သည်
ရှန်အန်းကို လက်ညိုးထိုးကာ ပြောထည့်လိုက်ပြီး ဆူဆဲပြန်တော့သည်။
“ ရှင် လတိုင်း ယွမ်
၅,၀၀၀ ပဲ ရှာတယ်၊ မိသားစု ငါးယောက်က ဘယ်လိုလုပ်ပြီး လုံလုံလောက်လောက်
စားနိုင်မှာလဲ၊ ကျွန်မရဲ့အတန်းဖော်ဟောင်းရဲ့ယောက်ျားဆိုရင်လေ ချမ်းသာပြီး အိမ်တွေ
ကားတွေတောင် ဝယ်ထားပြီးပြီ၊ ရှင်ပဲ မြင်းတစ်ကောင်လို အလုပ်လုပ်နေသေးတာ၊ ဟိုတုန်းက
ကျွန်မ တကယ်ပဲ မျက်စိကန်းခဲ့တာ၊ ရှင့်လို ဘာမှအသုံးမကျတဲ့သူကိုမှ လက်ထပ်ခဲ့ပြီး
ရှန်ယွဲ့လို ဝက်နဲ့တူတဲ့သမီးကို မွေးခဲ့မိတာ၊ ကျွန်မလေ တကယ်ကံဆိုးတာပဲရှင့်...”
ရှန်အန်းသည်
ရိုးသားသူတစ်ယောက်ဖြစ်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကို ကောင်းကောင်း
ဆက်ဆံလေ့ရှိလေသည်။ သို့သော် သူသည် သူ့မိန်းမကို အလွန်ကြောက်လေသည်။ ဆွန်းလင်သူ့ကို
ဆူဆဲနေသလောက် သူသည် ပြန်မပြောရဲချေ။ သူ့ခေါင်းကို သာငုံ့ထားပြီး နဖူးပေါ်က ချွေးကို
သုတ်လိုက်လေသည်။
ဆွန်းလင်သည် သူတို့ကို
ဆူဆဲနေတုန်းပင်။ သူမသည် ရှန်အန်းနှင့် ရှန်ယွဲ့ကို ကြည့်ကာ ပြောလိုက်၏.
“ ငါ့သဘောကတော့ နင်
ကျောင်းမှာတစ်လလောက်တက်လည်း ဘာရလာဒ်ကောင်းမှ ရမှာမဟုတ်ဘူး၊ နင်လည်း ကျောင်းနားပြီး
အလုပ်လုပ်တာကောင်းမယ်၊ မိသားစုရဲ့ ဝင်ငွေကို ကူရှာပြီး အလုပ်လုပ်ဖို့
အချိန်ရတာပေါ့၊ ရှန်ယွဲ့ ခဏနေ နင့် အတန်းပိုင်ဆရာမကို ဖုန်းခေါ်ပြီး နောက်ရက်
ကျောင်းမတက်တော့မယ့်အကြောင်း ပြောပြလိုက်၊ ငါလည်း နောက်အပတ်ကျရင် ကျောင်းသွားပြီး
နင့်ကျောင်းလခတွေကို သွားယူလိုက်မယ်”
ဆွန်းလင်သည်
တကယ်လုပ်ဖို့ ပြင်နေသည်ကို မြင်လိုက်ပြီးနောက် ရှန်ယွဲ့ကလွဲလျှင် ကျန်သုံးယောက်၏
အမူအရာများမှာ ပြောင်းသွားတော့သည်။
ရှန်အန်းသည်
သူမည်မျှအသုံးမကျသည်ဖြစ်စေ မိန်းခလေးတစ်ယောက်သည် ကျောင်းတက်ကာ ပညာသင်ရမည်ကိုတော့
သူနားလည်လေသည်။ သူမအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့က မဖြစ်နိုင်ပေ။ သူသည်
ချက်ချင်း ငြင်းပယ်လိုက်၏။
“ မရဘူး၊ ယွဲ့ယွဲ့က
အထက်တန်းတတိယနှစ် အရေးအကြီးဆုံးအတန်းရောက်နေပြီ၊ သူ ကျောင်းမသွားလို့ ဘယ်ဖြစ်မလဲ၊
မိသားစုမှာ ငွေမရှိတာဟုတ်တယ်၊ ဒါပေမယ့် ယွဲ့ယွဲ့ကို အလုပ်ထွက်လုပ် ခိုင်းရလောက်တဲ့
အထိတော့ မဟုတ်သေးပါဘူး....”
ရှန်အန်းသည် ပြောပါများလေလေ
အပြစ်ရှိသလိုခံစားလာရလေလေ ဖြစ်နေလေသည်။ အမှန်တွင် သူတို့လင်မယား၏ဝင်ငွေသည်
မစို့မပို့သာဖြစ်ပြီး အလုပ်ကြမ်းလုပ်ရင်းဖြင့်သာ ငွေရှာနိုင်လေသည်။ ထို့အပြင်
သူတို့သည် အရေးကြီးသည့် အထက်ကျောင်းသားအရွယ် ခလေးသုံးယောက်ကို ထောက်ပံ့ပေးရသေးသည်။
ဖိအားမှာ အမှန်ပင် ကြီးမားလေသည်။ သူသည် ပြောရေးဆိုခွင့်ရှိဖို့နေနေသာသာ
တစ်လစာအတွက် လုံလုံလောက်လောက်မရှာနိုင်ပေ။
“ ကျွန်မမှာနေ့တိုင်း
မနက်အစောကြီးထပြီး ညနောက်ကျတဲ့အထိအလုပ်လုပ်ရတာ၊သူ့ကျောင်းလခအတွက်
အလုပ်တွေအရမ်းကြိုးစားပေမယ့် သူကတော့ ၅မှတ်ပဲရတယ်တဲ့၊ အရမ်းရှက်ဖို့ကောင်းတာပဲ၊
သူ့လို ဝက်အုံးနှောက်နဲ့သူက စာသင်နေတာ ငွေအလကားကုန်တာပဲ၊ ရှန်အန်း ရှင်
ပါးစပ်ပိတ်ထား၊ သား ၊ ရှင်းရှင်း သားတို့နှစ်ယောက်လုံးက လိမ္မာတဲ့ခလေးတွေပဲ၊
နင်တို့အဖေက သဘောမတူဘူးဆိုတော့ နင်တို့လဲ တစ်ခုခုလောက် ပြောကြပါအုံး”
ဆွန်းလင်သည်
ထိုသို့ပြောလိုက်ရင်း ရှန်ချန်နှင့် ရှန်ရှင်းကို ကြည့်ကာ
ရှန်ယွဲ့ကျောင်းထွက်မည့်ကိစ္စကို သဘောတူကြဖို့ မျှော်လင့်နေလေသည်။
ဆွန်းလင်သည်
မည်မျှဒေါသထွက်ကာ ဝေဖန်ပြောဆိုနေသည်ဖြစ်စေ ရှန်ယွဲ့မှာ ဘာမှမထူးခြားပေ။ သူမသည်
အားနည်းသည့်ပိုင်ရှင်မဟုတ်သလို ဆွန်းလင်ကိုလည်း အမေလို့ သဘောမထားပေ။
ငယ်စဥ်ကတည်းက လူသ-တ်ဖို့လေ့ကျင့်လာခဲ့ပြီး
အခြေအနေမျိုးစုံကို တွေ့ကြုံခဲ့ဖူးသည့် ထိပ်တန်း လုပ်ကြံရေးသမားတစ်ယောက်အနေဖြင့်
သူမသည် သည်ကိစ္စသေးသေးလေးများကို လုံးဝဂရုမစိုက်ပေ။ သူမကို
စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လာလျှင် ချက်ချင်းသ-တ်ပစ်လိုက်ရုံသာ။
ငါသေချာပေါက်
ကျောင်းဆက်တက်မှဖြစ်မယ်။ လက်ရှိအနေအထားနဲ့ဆိုရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက
အရေးအကြီးဆုံးကိစ္စပဲ။ ဘွဲ့လေးတစ်ခုတောင်မရှိထားရင် အထက်တန်းစားအဆင့်ကို တက်ရမယ့်
လှေကားကို ဆုံးရှုံးလိုက်တာနဲ့ အတူတူပဲ။ ဆွန်းလင်က ကျောင်းတက်ဖို့
မထောက်ပံ့ဘူးဆိုရင်တောင် ကျောင်းလခကို ကိုယ့်ဟာကို ရှာနိုင်တာပဲမလား။
သို့နှင့် ရှန်ယွဲ့သည်
စကားတစ်လုံးမှ မပြောဘဲ ပြန်ထိုင်ချလိုက်ပြီး သူမ၏လက်ချောင်းများကို တို့ထိနေရင်း
ဆွန်းလင် စကားပြောပြီးသွားသည်အထိ စောင့်နေလိုက်သည်။
ရှန်ရှင်းသည်
သူမ၏မျက်လုံးများကို ပင့်လိုက်ပြီး မလိုတမာစိတ်ဖြင့် ပြောလိုက်လေသည်။
“ ဟုတ်ပါတယ်၊ အမ ပျော်ဖို့ကတော့ အရေးအကြီးဆုံးပါ၊ အမက စာသင်ရတာ မကြိုက်ဘူးဆိုမှတော့ သူလုပ်ချင်တဲ့ဟာ တစ်ခုခု ပေးလုပ်လိုက်ပါလား၊ အဖေနဲ့ အမေတို့ရဲ့ ဝန်ထုပ်ကိုလည်း ကူထမ်းပေးလို့ရတာပေါ့၊ သမီးကတော့ ဒါက တော်တော်ကောင်းတယ်ထင်တာပဲ”
No comments:
Post a Comment