အပိုင်း (၁၇)
လူမိုက်လေးတစ်သိုက်
လီရှောက်သည် သူမ၏နာကျည်းမှုကို
သည်းခံလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ပုံအနေအထားပြန်ဖြစ်သွားလေသည်။
သူမသည် ထောင့်တွင်ရှိနေသည့် ရှန်ယွဲ့ကို မကြည့်မိအောင် အကောင်းဆုံးကြိုးစားလိုက်ပြီး
ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်လေသည်။
မနက်ခင်းသည် မြန်မြန်ဆန်ဆန်
ကုန်ဆုံးသွား၏။ သင်္ချာချိန်တွင် ဆူဆူညံညံဖြစ်သွားပြီး အခိုက်အတန့်တွင်
ရှန်ယွဲ့ကို မည်သူမှ ရန်မစရဲတော့ချေ။ ထို့ကြောင့် သူမသည် စာချိန်သင်နှစ်ချိန်ကို
အေးအေးလူလူ အိပ်ခဲ့ရလေသည်။
နေ့လည်စာစားချိန် ကျောင်းဆင်းသောအခါ
ကျောင်းသားများသည် ကျောင်းမုန့်ဆိုင်သို့ မြန်မြန်သွားကြရာ တစ်ယောက်ပြီး
တစ်ယောက်ထွက်သွားတော့သည်။ ရှန်ယွဲ့သည်လည်း သူမ၏အိတ်ကို ထုတ်လိုက်ပြီး
ရှန်ချန်နှင့် စားဖို့ ပြင်လိုက်လေသည်။ မနက်က သူတို့ လမ်းခွဲခဲ့ချိန်က ရှန်ချန်သည်
နောက်ဆိုလျှင် သူမနှင့်အတူ နေ့လည်စာစားမည်ဟု သေသေချာချာ ပြောခဲ့သည်ကို
သတိရနေသေးသည်။
ငါလေးရဲ့ဒီနုံအတဲ့မောင်လေးက
အေးတိအေးစက် ဂရုမစိုက်သလိုတဲ့ပုံဆိုပေမယ့် သူက တကယ်တော့အရမ်း အစွဲကြီးတာပဲ။
သို့သော် ချန်ရန်ရောက်လာမည့်အစား
မဖိတ်ခေါ်ထားသည့်ဧည့်အချို့ ရောက်လာလေသည်။
ဝုန်း။
စာသင်ခန်း၏ သစ်သားတံခါးသည်ကို
ကန်ကာဖွင့်လိုက်ပြီး လှလှပပဝတ်စားထားသည့် မိန်းခလေးအချို့သည် ခြေလှမ်းကျဲများဖြင့်
ဝင်လာလေသည်။ သူတို့သည် ဝင်လာသည်နှင့်တပြိုင်နက် အခန်းကို လှည့်ပတ် ကြည့်လိုက်ပြီး
သူတို့၏အကြည့်များသည် ရှန်ယွဲ့ဆီသို့ ချက်ချင်းရောက်သွားတော့သည်။
ခေါင်းဆောင်မိန်းခလေး၏နာမည်မှာ
ချန်းမင် ဖြစ်၏။ သူမသည် အင်မတန်လှပပြီး မောက်မာသည့်အကျင့်စရိုက် ရှိလေသည်။ သူမသည်
အတိတ်တုန်းက ရှန်ယွဲ့ကို သူ့အပေါင်းအပါများနှင့် မကြာခဏ အနိုင်ကျင့်တတ်လေသည်။
ချန်းမင်၏အကြည့်သည် ထောင့်တွင်
ကျောင်းလွယ်အိတ်ကို လွယ်ပြီး ထွက်သွားဖို့ရန် ပြင်နေသည့် ရှန်ယွဲ့ကို မလွှတ်တမ်း
ကြည့်နေ၏။ သူမသည် ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်လေသည်။
“ ရှန်ယွဲ့ အဲမှာရပ်စမ်း”
ချန်မင်းသည် ယွီဟောက်ကို ကြိုက်နေပြီး
တစ်ချိန်လုံး သူ့နောက်ကို လိုက်နေခဲ့သည်။ ဝမ်းနည်းစရာမှာ ယွီဟောက်သည် သူမကို
ဘယ်တော့မှ နှုတ်မဆက်ရာ သူမကို အလွန်ဒေါပွစေတော့သည်။ ဘယ်သူ့ကိုမှ
မျက်လုံးထဲမထည့်သည့် ချန်းမင်သည် သူမ၏ဒေါသကို ဝက်မဆီ ပုံချရန် ဆုံးဖြတ်လိုက်လေသည်။
ဒီလောက်ဆင်းရဲပြီးရုပ်ဆိုးတဲ့ ဝက်မက
သူ့လိုပဲ ဘာလို့ ယောက်ျားတစ်ယောက်ထဲကို လာကြိုက်နေရတာလဲ။ အရမ်းရွံစရာကောင်းတာပဲ။
ဝက်မရှန်ယွဲ့သည် သည်မနက်ခင်းတွင်
ယွီဟောက်၏သူငယ်ချင်းကို ရိုက်ရုံသာမက ယွီဟောက်ကိုလည်း လူရှေ့တွင်
လှောင်ပြောင်ခဲ့သည်ဟု ကြားလိုက်ရသောအခါ သူမ၏ဒေါသများသည့် ပေါက်ကွဲတော့မတတ်ပင်။
အတင့်ရဲလိုက်တဲ့ခွေးမရှန်ယွဲ့
ယွီဟောက်ကို ဒီလို ဆက်ဆံရဲတယ်ဟုတ်လား။
ထို့ကြောင့် ကျောင်းဆင်းချိန်၌ သူမသည်
နောက်လိုက်တစ်ဖွဲ့လုံးကို ခေါ်လာပြီး ရှန်ယွဲ့၏လမ်းကို ပိတ်ထားလိုက်သည်။
ဒီတစ်ခါတော့ ရှန်ယွဲ့ကို
ပညာပေးရလိမ့်မယ်။ ဒီဝက်မကို ပညာပြရမယ်။
ချန်းမင်၏ပုံစံက အခန်းထဲရှိ
ကျန်နေသည့်ကျောင်းသူများကို ကြောက်လန့်သွားစေလေသည်။ သူတို့သည် ပြဿနာ
မဖြစ်ချင်ကြချေ။ အခန်းထဲကလူများသည် မြန်မြန်ထွက်သွားပြီး ရှန်ယွဲ့နှင့်
ချန်းမင်ကို ထားခဲ့လိုက်ကြသည်။
ရှန်ယွဲ့သည် မျက်မှောင်ကျုံ့လိုက်၏။
ကြက်ကလေးတစ်ကောင်လို အော်သံက ငါ့ရှေ့က
ဒီကောင်မလေးဆီက လာတာလား။
ချန်းမင်၏ပုံစံကို သေသေချာချာ
အကဲခတ်လိုက်ပြီးနောက် ရှန်ယွဲ့၏အကြည့်သည် အေးစက်သွားတော့သည်။
ဒီချန်းမင်က ငါသိတဲ့ထဲကတစ်ယောက်ပဲ။
ပိုင်ရှင်ရဲ့ နောက်ဆုံးမှတ်ဉာဏ်ထဲမှာ သူ့ကို ရေထဲတွန်းချပြီး သူမရဲ့ပင်မစိတ်ဝိဉာဥ်ကို
လွင့်သွားအောင်လုပ်ခဲ့တာ ချန်းမင်မလား။
“ နင်က ကိုယ့်ဟာကိုတော့ သတိရှိသားပဲ၊
ငါတောင် နင့်ဆီလာမရှာရသေးဘူး၊ နင်က ငါ့ဆီ ရောက်လာပြီ”
ရှန်ယွဲ့၏နှုတ်ခမ်းသည် ကွေးတက်သွားပြီး
သူမ၏မျက်လုံးများသည် အန္တရာယ်ရိပ် သန်းသွားလေသည်။
ဒီကောင်မလေးတွေက
ငါ့ရှေ့ပေါ်လာရဲတယ်ဆိုတော့ ငါလေးကလည်း မူလပိုင်ရှင်အတွက်
လက်စားချေပေးရတော့မှာပေါ့။
“ ခွေးမ ယွီဟောက်ကို မြူဆွယ်ဖို့ဆို
တကယ်ပဲ ကောက်ကျစ်တာပဲ၊ ညီအမတို့ သူ့ကို ရိုက်ကြ”
ချန်းမင်သည် ရှန်ယွဲ့ကို
ထိုသို့မြင်လိုက်ရချိန်၌ ပို၍ပင် ရွံရှာသွားပြီး အန်ချင်သွားလေသည်။ သူမသည်
လက်ယမ်းပြလိုက်ပြီး နောက်က သူမ၏လက်ပါးစေများကို ရှန်ယွဲ့အား ရိုက်နက်ရန်
ညွှန်ကြားလိုက်လေသည်။
ချန်းမင်နောက်လိုက်လာကြသည့်
လက်ပါးစေများအားလုံးသည် ရန်ဖြစ်နေကျ လမ်းသရဲမလေးများ ဖြစ်ကြ၏။ သူသည် ချန်းမင်နောက်
လိုက်လေ့ရှိပြီး ရာဇဝတ်မှုအားလုံးကို ကျူးလွန်ကြလေသည်။ မည်သည့်အမှုတွင်မဆို
သူတို့သည် ဖြစ်သမျှအတွက် တာဝန်ယူစရာမလိုခဲ့ချေ။ နောက်ဆုံး ချန်းမင်၏အဖေသည် မြို့၏
အရေးပါသော ကောင်စီဝင်တစ်ယောက် ဖြစ်သည်။ သူသည် အနာဂတ်တွင် မြို့တော်ဝန် ဖြစ်လာပေလိမ့်မည်။
လမ်းသရဲမလေးများသည် သူတို့အစောကတည်းက
ပြင်ဆင်လာခဲ့သည့် ဘေ့စ်ဘောရိုက်တံကို ထုတ်လိုက်ပြီး ရှန်ယွဲ့ဆီသို့ အရှိန်ဖြင့်
ပြေးဝင်သွားကြ၏။ ပုံမှန်အတိုင်းဆိုလျှင် ရှန်ယွဲ့သည် သူမ၏ခေါင်းကို လက်ဖြင့်
ချက်ချင်းကာလိုက်ပြီး ထောင့်တွင် ပုန်းကာ ငိုပေလိမ့်မည်။
သို့သော် ရှန်ယွဲ့၏အမူအရာသည်
တည်ငြိမ်နေရာ အံ့ဩသွားကြလေသည်။ သူတို့သည် သူမ၏ရှေ့သို့ ရောက်သွားချိန်၌
ရှန်ယွဲ့သည် သူမ၏ခြေထောက်ကို ရုတ်တရက် မြောက်လိုက်ကာ တစ်ယောက်ပြီး တစ်ယောက်
ကန်ကျောက်လိုက်တော့သည်။
ရှန်ယွဲ့၏ခြေထောက်သည် အဆီများနှင့်
ပြည့်ဖြိုးနေ၏။ ကန်ချက်သည် ပေါင်တစ်ထောင်လောက် လေးသည်ဟု ထင်ရလေသည်။
ရှေ့ကလူဆိုးမလေးများသည် နောက်ပြန်လဲကျကုန်ပြီး နောက်တွင်ရပ်နေသည့်
လူဆိုးမလေးများကို သွားတိုက်မိကုန်တော့သည်။ နောက်ဆုံးတွင် သူတို့အားလုံးသည်
စာပွဲဘေးတွင် အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြလေသည်။
သို့သော် မပြီးသေးချေ။ ရှန်ယွဲ့သည်
သူမနောက်က ချန်းမင်ကို ပစ်မှတ်ထားလိုက်လေသည်။ သူမ၏အားကို စုစည်းလိုက်ပြီး
ခန္ဓာကိုယ်ကို ဘေးစောင်းကာ သူမ၏ပခုံးကို အားထည့်လိုက်ပြီး ချန်းမင် ပစ်ဆောင့် လိုက်လေသည်။
“ သူ့ကိုသ-တ်__”
ချန်းမင်သည် အံကြိတ်ကာ
အော်ဟစ်လို့မပြီးခင်မှာပင် ရှန်ယွဲ့က သူမကို ရုတ်တရက် ဝင်ဆောင့်လိုက်တော့သည်။
သူမသည် ရပ်သာကြည့်နေနိုင်ပြီး ဧရာမအားကြီးတစ်ခုကို ခံစားလိုက်ရကာ
နာကျင်သွားတော့သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့
ရုတ်တရက်လဲကျသွားပြီး ရှန်ယွဲ့က သူမကိုပေါ်သို့ မြန်မြန် တက်ခွလိုက်တော့သည်။
“အားးး”
ချန်းမင်သည် သူမ၏ရှေ့တွင်
အသားများပြည့်ဖြိုးနေသည့် ရှန်ယွဲ့၏မျက်နှာကြီးကို မြင်လိုက်ရလေသည်။
သူမ၏မျက်လုံးမျာသည် ကြောက်မက်ဖွယ် ဝင်းဝင်းတောက်နေလေသည်။ ချန်းမင်သည်
ချက်ချင်းဆိုသလို သေမတတ်ကြောက်လန့်သွားပြီး လည်ချောင်းကွဲအောင် အော်မိမတတ် ဖြစ်သွားလေတော့သည်။
…
🍀
No comments:
Post a Comment